Pages

Saturday, December 29, 2012

ရုရှားနိုင်ငံ ဗီနူကိုဗိုလေဆိပ်တွင် ခရီးသည်တင်လေယာဉ် ပျက်ကျ

ရုရှားနိုင်ငံ ဗီနူကိုဗိုလေဆိပ်တွင် ခရီးသည်တင်လေယာဉ် ပျက်ကျ

ရုရှားနိုင်ငံတွင် မော်စကိုမြို့တော်ရှိ ဗီနူကိုဗိုလေဆိပ် (Vnukovo Airport) သို့ ဆင်းသက်သည့် ခရီးသည်
တင်လေယာဉ်တစ်စင်း ယနေ့(ဒီဇင်ဘာ ၂၉ ရက်) ညနေပိုင်းက ပျက်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးကြောင်း RT News က ဖော်ပြသည်။
လူ ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော အခြား လူ ၃ ဦးကို ဆေးရုံသို့ တင်ပို့စဉ် တစ်ဦးမှာ လမ်းတွင် သေဆုံးသွားကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။




အဆိုပါလေယာဉ်သည် ချက်ရီပတ်ဘလစ်နိုင်ငံမှ ပျံသန်းလာခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသူ အနည်းဆုံး ၈ ဦးရှိကြောင်း (အချို့သတင်းများအရ ၁၂ ဦး) သိရှိရသည်။

လယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံးမှာ လေကြောင်းလိုင်းဝန်ထမ်းများဖြစ်ကြောင်း ဗီနူကိုဗိုလေဆိပ်
က ပြောကြားသည်။ လေယာဉ်ပျက်ကျမှုမှာ လေဆိပ်အနီးအဝေးပြေးလမ်းမပေါ်တွင်ရုရှားဒေသစံတော်ချိန်
 ညနေ ၄း၃၅ ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network:

0 comments:

Post a Comment