Pages

Saturday, December 29, 2012

လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်မှုများ ပြုလုပ်


လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်မှုများ ပြုလုပ် 
 
SATURDAY, 29 DECEMBER 2012

KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်းကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာပါက ရှောင်တိမ်းနိုင်ရန် ဗုံးခိုကျင်းများ တူးခြင်း၊ လိုင်ဇာချောင်းနံဘေး ရေထွက်ပေါက်များအတွင် ၀င်ရောက်ခိုလှုံခြင်း အစရှိသည်တို့ကို လိုင်ဇာမြို့တွင်းနေ ပြည်သူများမှ ကြိုတင်ပြင်ဆင်မှုများကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပိုမို ပြုလုပ်လျက်ရှိနေပါသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်သို့ အစိုးရ၏ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ ပျံသန်းခဲ့ပြီးနောက် လိုက်ဇာမြို့နေ ပြည်သူများ ထိတ်လန့်မှုဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ ရှိလာပါက အန္တရာယ်ကင်းစေရန် ယခုကဲ့သို့ ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အစိုးရ၏ တိုက်လေယာဉ်တစ်စင်း လိုင်ဇာမြို့ အနီး ပျံသန်းသွားခဲ့ပါသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့၌ လိုင်ဇာဌာနချုပ်နှင့် ၈ မိုင်ခန့်အကွာတွင် ရှိသော လဂျားယန်တွင် အစိုးရတပ်များနှင့် KIA တပ်များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများကို လိုင်ဇာမြို့ပေါ်မှ မကြာခဏ ကြားနေရပါသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

KIO/KIA ဗဟိုဌာနချုပ်ရှိရာလိုင်ဇာမြို့တွင်းကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာပါက ရှောင်တိမ်းနိုင်
ရန် ဗုံးခိုကျင်းများ တူးခြင်း၊ လိုင်ဇာချောင်းနံဘေး ရေထွက်ပေါက်များအတွင် ၀င်ရောက်ခိုလှုံခြင်း အစရှိသည်
တို့ကို လိုင်ဇာမြို့တွင်းနေ ပြည်သူများမှ ကြိုတင်ပြင်ဆင်မှုများကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပိုမို ပြုလုပ်
လျက်ရှိနေပါသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်သို့ အစိုးရ၏ တိုက်လေ
ယာဉ်နှင့် ရဟတ်ယာဉ်များပျံသန်းခဲ့ပြီးနောက်လိုက်ဇာမြို့နေ ပြည်သူများ ထိတ်လန့်မှုဖြစ်ခဲ့ပြီး လေကြောင်း
တိုက်ခိုက်မှုများ ရှိလာပါက အန္တရာယ်ကင်းစေရန် ယခုကဲ့သို့ ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ ဒီဇင်
ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အစိုးရ၏ တိုက်လေယာဉ်တစ်စင်း လိုင်ဇာမြို့ အနီး ပျံသန်းသွားခဲ့
ပါသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့၌ လိုင်ဇာဌာနချုပ်နှင့် ၈ မိုင်ခန့်အကွာတွင် ရှိသော လဂျားယန်တွင် အစိုးရတပ်များ
နှင့် KIA တပ်များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများကို လိုင်
ဇာမြို့ပေါ်မှ မကြာခဏ ကြားနေရပါသည်။

 
Eleven Media Group


0 comments:

Post a Comment

 
world time