Pages

Saturday, December 29, 2012

"ယခုနှစ် အကယ်ဒမီ ဗန်းကိုင်များကို မန္တလေး ပြေလည်ဖိနပ်တိုက်မှ ဖိနပ်စီစဉ်ပေးမည်"

ဒီနှစ် ၂ဝ၁၁ခုနှစ် အကယ်ဒမီ ပေးပွဲမှာတော့ ဗန်းကိုင် လှပျိုဖြူလေး များနဲ့ အစီအစဉ် တင်ဆက်သူ တို့အတွက် ဖိနပ်စီစဉ်ပေးသူကတော့ "ပြေလည်" မန္တလေး ဖိနပ်တိုက် ကပဲဖြစ်ပါတယ်။ စပွန်ဆာ ပေးဖြစ်ပုံနဲ့ ပတ်သက်ပြီး ဒေါ်စန်းစန်းဝင်း က... "ဒီနှစ်အကယ်ဒမီပေးပွဲမှာ ဗန်းကိုင်နဲ့ အစီအစဉ် တင်ဆက်သူတွေ အတွက် ဖိနပ်ကို တာဝန်ယူ ပေးထားတာပါ။ ဒီဖိနပ် လုပ်ငန်း လုပ်လာတာ ၂၈နှစ်ရှိပြီ။ ခုလိုမျိုး နိုင်ငံ တော်က ကျင်းပတဲ့ ပွဲမှာအများက လာရောက်ပြီး ဖောင်တင်တဲ့ အခါမှာ အန်တီစန်းတို့ "ပြေလည်" ဖိနပ်ကရ သွားတော့ တအားဂုဏ်ယူပြီး ဝမ်း သာပါတယ်။ မန္တလေးမှာ စက်ရုံရှိ တယ်။ 
ဒီဗန်းကိုင်နဲ့ အစီအစဉ်တင် ဆက်သူတွေ စီးတဲ့ ဖိနပ်က အန်တီစန်း ကိုယ်တိုင် ကျောက်တွေလိုက်ပြီးစီ ကပ်တာပါ။ အန်တီစမ်း လက်နဲ့ စိတ်တိုင်းကျ သေသေချာချာကို လုပ်ပေး ထားတယ်။ 
အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ တစ်ထောင့်တစ်နေရာက နေ ပါဝင် ခွင့်ရတာကိုပဲ ဂုဏ်ယူလှပါပြီ" ဟု ပြောပြခဲ့ပါတယ်။
 Popular Myanmar News: 

0 comments:

Post a Comment