Pages

Saturday, December 29, 2012

အုပ်စုဖွဲမုဒိမ်းကျင့်ခံခဲ့ရသည့် အိန္ဒိယမိန်းကလေး ကွယ်လွန်သွားပြီ

(အုပ်စုဖွဲမုဒိမ်းကျင့်မှုဖြစ်ရပ်အား ဒေါသတကြီး ဆန္ဒပြနေသည့် အိန္ဒိယပြည်သူများ)
အမျိုးသား ၆ ဦး၏ အုပ်စုဖွဲ့ ရိုက်နှိက်ကာ မုဒိမ်းကျင့်ခံခဲ့ရပြီး စင်ကာပူနိုင်ငံ Mount Elizabeth တွင် ဆေးကုသ
မှုခံယူနေရသည့် အိန္ဒိယမိန်းကလေးမှာ ဒီဇင်ဘာ ၂၉ ရက် စင်ကာပူဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အဆိုပါဆေးရုံက သတင်းထုတ်ပြန်သည်။
အစောပိုင်းက အသက် ၂၃ နှစ်အရွယ် အိန္ဒိယမိန်းကလေး၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာပြီး သူမ၏ ကိုယ်တွင်းအင်္ဂါများ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ကြောင်းဆရာဝန်များကထုတ်ဖော်ပြောကြား
ခဲ့သည်။

ထို့အပြင် သူမသည် နှလုံးဖောက်ပြန်မှု၊ ဦးနှောက်ထိခိုက်မှုအပြင် အဆုတ်နှင့် ဝမ်းဗိုက်ပိုင်းတွင်လည်း ရောဂါ
ပိုးဝင်ရောက်မှုရှိကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါမိန်းကလေး အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရမှု ဖြစ်ရပ်
အပေါ် ပြည်သူများက ဒေါသတကြီး ဆန္ဒပြကြသည်။

အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးလည်း ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၆ ရက်) က မိမိကိုယ်ကိုယ် သေကြောင်းကြံသွားခဲ့သည်။


Planet Myanmar Network:



0 comments:

Post a Comment