Pages

Saturday, December 29, 2012

မြန်မာစစ်တပ်နှင့် တရုတ်စစ်တပ် ရွှေလီမြို့၌ဆွေးနွေး

မြန်မာစစ်တပ်နှင့် တရုတ်စစ်တပ် ရွှေလီမြို့၌ဆွေးနွေး

December 28, 2012 by Myitkyina blog news

မြန်မာ့တပ်မတော်နှင့် တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော် တို့သည် ဒီဇင်ဘာလ(၂၇)ရက်နေ့မှစတင် ကာ ရွှေလီမြို့တွင် နှစ်နိုင်ငံစစ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးနေကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးစတင်ရန် ယ-ရက် ကို ဒီဇင်ဘာလ(၂၈) သတ်မှတ်ခဲ့သည့်အတိုင်း မနက် (၆)နာရီမှစတင်ကာ ဒေါ့ဖုန်းယန်မှ လက်နက်ကြီးဖြင့် မိနစ်ခြား ပစ်ခတ်ခဲ့သည်။ ၉ နာရီအချိန်မှစတင်ကာ SOKO G-4 Super Galeb (၄)စီးကို (၂)စီးတွဲ၍ လဂျားယန်၊ Hpun Pyen Bum တို့ကို ၁၀ နာရီခွဲအထိ လာရောက်ပစ်ခတ်ခဲ့သည်။ ဂျက် G-4 Super Galeb နှင့် တိုက်ခိုက်ရာတွင် တရုတ်နိုင်ငံနယ်နိမိတ် ကျော်လွန် ပျံသန်းလှည့်ပတ်ခဲ့သည်။ G-4 Super Galeb နှင့်အတူ Mi-24 စစ်ရဟတ်ယာဉ်(၂)စီးလည်း ပါဝင်ကူညီ တိုက်ခိုက်ခဲ့သည်။

မြန်မာ့တပ်မတော်အရာရှိများသည် ရွှေလီဆွေးနွေးပွဲ၌ တင်ပြရာတွင် စစ်ဆင်ရေးကို ဒီ-၂၈ သတ်မှတ်ထား ကြောင်း၊ အိမ်နီးချင်းနိုင်ငံက အနည်းငယ် မျက်စိမှိတ်၊ နားပိတ်ထားစေလိုကြောင်း၊ နယ်စပ်ကျော်လွန် ၀င်ရောက်မှုရှိပါက နားလည်ခွင့်ပြုပေးစေလိုကြောင်း၊ ပစ်မှတ်မှားယွင်းကျရောက်ပါကလည်း အရပ်သားများ ထိခိုက်ပါက မိမိအစိုးရက စိတ်ကျေနပ်မှုအတိုင်းအတာအထိ တာဝန်ယူသွားမည်ဖြစ်ကြောင်း တောင်းဆိုခဲ့ ကြောင်း သိရှိရသည်။ တရုတ်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များမှာ လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ကြောင်း သိရှိရသည်။

( photo - Dep. Commander Soe Win's Visit to China )

မြန်မာ့တပ်မတော်နှင့်တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်တို့သည်ဒီဇင်ဘာလ(၂၇)ရက်နေ့မှစတင်
ကာ ရွှေလီမြို့တွင် နှစ်နိုင်ငံစစ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးနေကြောင်း သိရှိရသည်။ မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးစတင်ရန် ယ-ရက် ကို ဒီဇင်ဘာလ(၂၈)သတ်မှတ်ခဲ့သည့်အတိုင်းမနက် (၆)
နာရီမှစတင်ကာ ဒေါ့ဖုန်းယန်မှလက်နက်ကြီးဖြင့် မိနစ်ခြား ပစ်ခတ်ခဲ့သည်။၉ နာရီအချိန်မှစတင်ကာ SOKO
G-4 Super Galeb (၄)စီးကို (၂)စီးတွဲ၍ လဂျားယန်၊ Hpun Pyen Bum တို့ကို ၁၀ နာရီခွဲအထိ လာရောက်ပစ်
ခတ်ခဲ့သည်။ 
 
ဂျက် G-4 Super Galeb နှင့် တိုက်ခိုက်ရာတွင် တရုတ်နိုင်ငံနယ်နိမိတ် ကျော်လွန် ပျံသန်းလှည့်ပတ်ခဲ့သည်။ G-4 Super Galeb နှင့်အတူ Mi-24 စစ်ရဟတ်ယာဉ်(၂)စီးလည်း ပါဝင်ကူညီ တိုက်ခိုက်ခဲ့သည်။

မြန်မာ့တပ်မတော်အရာရှိများသည် ရွှေလီဆွေးနွေးပွဲ၌ တင်ပြရာတွင် စစ်ဆင်ရေးကို ဒီ-၂၈ သတ်မှတ်ထား
ကြာင်း၊ အိမ်နီးချင်းနိုင်ငံက အနည်းငယ် မျက်စိမှိတ်၊ နားပိတ်ထားစေလိုကြောင်း၊ နယ်စပ်ကျော်လွန် ၀င်
ရောက်မှုရှိပါက နားလည်ခွင့်ပြုပေးစေလိုကြောင်း၊ ပစ်မှတ်မှားယွင်းကျရောက်ပါကလည်း အရပ်သားများ ထိခိုက်ပါက မိမိအစိုးရက စိတ်ကျေနပ်မှုအတိုင်းအတာအထိ တာဝန်ယူသွားမည်ဖြစ်ကြောင်း တောင်းဆိုခဲ့
 ကြောင်း သိရှိရသည်။ တရုတ်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များမှာ လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ကြောင်း သိရှိရ
သည်။

 
Myitkyina blog news

0 comments:

Post a Comment