Pages

Saturday, December 29, 2012

အိန္ဒိယနိုင်ငံ ပန်ဂျပ်ရှိ ပါတီလာလာ ဒေသတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် နောက်ထပ် မိန်းကလေးတစ်ဥိး သေကြောင်းကြံစည်သွား


အိန္ဒိယနိုင်ငံတွင် လူစုလူဝေးဖြင့် မုဒိမ်းပြုကျင့်မှု တစ်ခုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ပြင်းထန်နေချိန်တွင် အလားတူ ဖြစ်ရပ်ကြောင့် ကြေကွဲစရာ ကိစ္စတစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ မောင်းနှင်နေသော ဘတ်စ်
ကား တစ်စင်းပေါ်တွင်အရက်မူးနေသူ(၆)ဦးကဝိုင်းဝန်းမုဒိမ်းကျင့်ပြီး ရိုက်နှက် နှိပ်စက်သည့်အတွက် အသက်
(၂၃)နှစ်အရွယ် ဆေးကျောင်းသူ တစ်ဦး စင်္ကာပူထိ သွားရောက်၍ ဆေးဝါး ကုသမှု ခံယူခဲ့ရပြီး ယင်းအတွက် နယူးဒေလီ မြို့တော်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ မုဒိမ်းမှု တိုက်ဖျက်ရေး ဆန္ဒပြမှုများ ဖြစ်ပေါ်
နေချိန်တွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ဗုဒ္ဓဟူးနေ့က မိမိကိုယ်ကိုယ် သေကြောင်းကြံသွား
ခဲ့သည်။
အဆိပ်သောက်ကာ သတ်သေသွားသောမိန်းကလေးသည်ပန်ဂျပ်ရှိပါတီလာလာ ဒေသတွင် နိုဝင်ဘာ (၁၃)
ရက်နေ့က ဒေပါဝလီ ပွဲတော်၌ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတာဖြစ်ပါတယ်။

သူမသည် ယင်းအမှုကို ရဲများထံ တိုင်ကြားခဲ့သော်လည်းမည်သည့်ဖမ်းဆီး စစ်ဆေးမှုမျှမရှိခဲ့ချေ။သူမကိုယ်
ကိုယ် သေကြောင်းကြံစည်သွားပြီးမှ ရဲများက ကြာသပတေးနေ့တွင်လူ(၃)ဦးကိုဖမ်းဆီးခဲ့သည်။ထိုကိစ္စသည်
မုဒိမ်းမှု ဆန့်ကျင်ရေးကို အပြင်းအထန် တောင်းဆိုနေသည့်အိန္ဒိယ ပြည်သူများအတွက်ရဲတပ်ဖွဲ့အပေါ် ပိုမို
ဒေါသအမျက် ထွက်လောက်စရာ ဖြစ်လာခဲ့သည်။

စုံထောက်အရာရှိ ပါရာမတ်ဂ်ျဆင်းဂီးက "တော်တော်ဆိုးတဲ့ ဖြစ်ရပ်ပဲ။ မိန်းကလေးက အမှုလာတိုင်တော့ ရဲ
တစ်ယောက်က အမှုမဖွင့်ဖို့တောင် ပြောခဲ့သေးတယ်တဲ့"ဟု သတင်းထောက်များအား ပြောဆိုသွားသည်။

သေကြောင်းကြံသွားသည့် မိန်းကလေး၏ အစ်မက ရဲများသည် မိမိ၏ ညီမကို ဖိအားပေးခဲ့ကြောင်းလည်း ဆိုသည်။ "ရဲတွေက အမှုမဖွင့်ဖို့ ပြောတယ်။ ပြီးတော့ ညီမလေးကို ပြုကျင့်တဲ့သူတွေ ပေးတဲ့ နစ်နာကြေးကို လက်ခံချင် လက်ခံ၊ ဒါမှမဟုတ် သူတို့ထဲက တစ်ယောက်ယောက်နဲ့ ယူလိုက်လို့ ပြောနေကြတာပါ"ဟု မိန်းကလေး၏ အစ်မက ဖွင့်ဟခဲ့သည်။

အိန္ဒိယ ရဲတပ်ဖွဲ့သည် ဒီဇင်ဘာ (၁၆)ရက်နေ့က ပေါ်ပေါက်ခဲ့သည့်ကမ္ဘာသိအုပ်စုဖွဲ့မုဒိမ်းကျင့်မှု ဖြစ်စဉ်တွင်
လည်း ကိုင်တွယ်ပုံ အားနည်းမှုများကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

Source: RT

0 comments:

Post a Comment