Pages

Monday, February 17, 2014

အသက် ၆ဝ အရွယ်တွင် ဖြစ်သည့် အမျိုး အစား (၂) ဆီးချို ရောဂါ လူလတ် ပိုင်းတွင် တွေ့ရှိလာ

Photo: အသက် ၆ဝ အရွယ်တွင် ဖြစ်သည့် အမျိုး အစား (၂) ဆီးချို ရောဂါ လူလတ် ပိုင်းတွင် တွေ့ရှိလာ

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

အသက် ၆ဝ အရွယ်တွင် ဖြစ်တတ်သည့် အမျိုးအ စား(၂) ဆီးချို ရောဂါကို လူလတ်ပိုင်း အသက် ၃ဝ အရွယ် တွင်ပင် တွေ့ရှိလာ ရကြောင်း ဆီးချို ရောဂါ တိုက်ဖျက်ရေး(ဗဟို)မှ သိရသည်။ စိတ်ဖိစီး မှုများခြင်း၊ စိုးရိမ်သော ကများခြင်းနှင့် ရုတ်တရက် ကြုံတွေ့ရသည့် ဝမ်းနည်း ကြောက်မက် ဖွယ်ရာ ကိစ္စများ ကြောင့် ဆီးချို ရောဂါ ဖြစ်လာ နိုင်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အ သင်းမှ ဒေါက်တာ မီမီကိုက ပြောကြားခဲ့ သည်။ ''ဆီးချို ရောဂါက များသော အားဖြင့် အစားအသောက် မဆင် ခြင်တာ၊ မျိုးရိုး လိုက်တာ တွေကြောင့် ဖြစ်တတ်ပေမဲ့ ရုန်းကန် လုပ်ရှားရတဲ့ လူတွေ အတွက် စိတ်ဖိစီးမှု တွေကလဲ ဆီးချို ရောဂါ ဖြစ်စေ နိုင်တယ်''ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။ စိတ်ဖိစီး မှုများခြင်း၊ အိပ်မ ပျော်ခြင်း၊ ချစ်ခင် ရင်းးနှီးသူ တစ်ဦးဦးနှင့် သေကွဲ သို့မဟုတ် ရှင်ကွဲ ခွဲခွာ ရခြင်းနှင့် တန်ဖိုးထားရ သည့် အရာများ ပျက်စီး ဆုံးရှုံးခြင်း စသော ဆုံးရှုံး မှုများ ကြုံကြိုက် ချိန်တွင် ယခင်က ဆီးချိုရောဂါ မရှိခဲ့ဖူး သော်လည်း ရုတ်တရက် ဆီးချိုရောဂါ ရနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

စိတ်ဖိစီး မှုနှင့် ဆီးချို ရောဂါ ဆက်စပ်ပုံကို ဆေးရုံ တက်ရသည့် လူနာများ၊ ခွဲစိတ်ခန်း ဝင်ရမည့် လူနာ များတွင် အများဆုံး တွေ့ရ တတ်သည်။ ထိုသူ များသည် ယခင်က ဆီးချိုရောဂါ မရှိခဲ့ဘူး သော်လည်း ရုတ်တရက် ရင်ဆိုင်ရ သည့် စိုးရိမ်စရာ အဖြစ်အ ပျက်ကြောင့် ဆီးချို တက်လာခြင်း ဖြစ်သည့် အတွက် ဆီးချိုရောဂါ မဖြစ်စေရန် အစားအ စာကို သာမကဘဲ စိတ်ဖိစီးမှု ကင်းဝေးအောင် နေထိုင်သင့်ကာ တစ်နေ့ တာတွင် လမ်းလျှောက်ခြင်း ကဲ့သို့ ကိုယ်ခန္ဓာ လှုပ်ရှားမှုများ ပြုလုပ်ပေး သင့်ကြောင်း ဆီးချိုရောဂါ တိုက်ဖျက်ရေး စီမံချက် ဆရာဝန် တစ်ဦးက ပြောကြား ခဲ့သည်။ ၂ဝ၁၃ ခုနှစ် တွက်ချက်မှု များအရ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဆီးချို ရောဂါ ဖြစ်ပွားမှုနှုန်း ၄ဝ ရာခိုင်နှုန်း ကျော် ရှိကြောင်း ဆီးချို ရောဂါ တိုက်ဖျက်ရေး (ဗဟို)မှ သိရသည်။

Today Myanmar 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
အသက် ၆ဝ အရွယ်တွင် ဖြစ်တတ်သည့် အမျိုးအ စား(၂) ဆီးချို ရောဂါကို လူလတ်ပိုင်း အသက် ၃ဝ အရွယ် တွင်ပင် တွေ့ရှိလာ ရကြောင်း ဆီးချို ရောဂါ တိုက်ဖျက်ရေး(ဗဟို)မှ သိရသည်။ စိတ်ဖိစီး မှုများခြင်း၊ စိုးရိမ်သော ကများခြင်းနှင့် ရုတ်တရက် ကြုံတွေ့ရသည့် ဝမ်းနည်း ကြောက်မက် ဖွယ်ရာ ကိစ္စများ ကြောင့် ဆီးချို ရောဂါ ဖြစ်လာ နိုင်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အ သင်းမှ ဒေါက်တာ မီမီကိုက ပြောကြားခဲ့ သည်။ ''ဆီးချို ရောဂါက များသော အားဖြင့် အစားအသောက် မဆင် ခြင်တာ၊ မျိုးရိုး လိုက်တာ တွေကြောင့် ဖြစ်တတ်ပေမဲ့ ရုန်းကန် လုပ်ရှားရတဲ့ လူတွေ အတွက် စိတ်ဖိစီးမှု တွေကလဲ ဆီးချို ရောဂါ ဖြစ်စေ နိုင်တယ်''ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။ 

စိတ်ဖိစီး မှုများခြင်း၊ အိပ်မ ပျော်ခြင်း၊ ချစ်ခင် ရင်းးနှီးသူ တစ်ဦးဦးနှင့် သေကွဲ သို့မဟုတ် ရှင်ကွဲ ခွဲခွာ ရခြင်းနှင့် တန်ဖိုးထားရ သည့် အရာများ ပျက်စီး ဆုံးရှုံးခြင်း စသော ဆုံးရှုံး မှုများ ကြုံကြိုက် ချိန်တွင် ယခင်က ဆီးချိုရောဂါ မရှိခဲ့ဖူး သော်လည်း ရုတ်တရက် ဆီးချိုရောဂါ ရနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

စိတ်ဖိစီး မှုနှင့် ဆီးချို ရောဂါ ဆက်စပ်ပုံကို ဆေးရုံ တက်ရသည့် လူနာများ၊ ခွဲစိတ်ခန်း ဝင်ရမည့် လူနာ များတွင် အများဆုံး တွေ့ရ တတ်သည်။ 

ထိုသူ များသည် ယခင်က ဆီးချိုရောဂါ မရှိခဲ့ဘူး သော်လည်း ရုတ်တရက် ရင်ဆိုင်ရ သည့် စိုးရိမ်စရာ အဖြစ်အ ပျက်ကြောင့် ဆီးချို တက်လာခြင်း ဖြစ်သည့် အတွက် ဆီးချိုရောဂါ မဖြစ်စေရန် အစားအ စာကို သာမကဘဲ စိတ်ဖိစီးမှု ကင်းဝေးအောင် နေထိုင်သင့်ကာ တစ်နေ့ တာတွင် လမ်းလျှောက်ခြင်း ကဲ့သို့ ကိုယ်ခန္ဓာ လှုပ်ရှားမှုများ ပြုလုပ်ပေး သင့်ကြောင်း ဆီးချိုရောဂါ တိုက်ဖျက်ရေး စီမံချက် ဆရာဝန် တစ်ဦးက ပြောကြား ခဲ့သည်။

၂ဝ၁၃ ခုနှစ် တွက်ချက်မှု များအရ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဆီးချို ရောဂါ ဖြစ်ပွားမှုနှုန်း ၄ဝ ရာခိုင်နှုန်း ကျော် ရှိကြောင်း ဆီးချို ရောဂါ တိုက်ဖျက်ရေး (ဗဟို)မှ သိရသည်။

Today Myanmar  ,
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment