Pages

Monday, February 17, 2014

မန်စီးတီး ကြွေးဆပ်ခွင့် ရနိုင်သည့် FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်စာရင်း ထွက်ပေါ်လာ

Photo: မန်စီးတီး ကြွေးဆပ်ခွင့် ရနိုင်သည့် FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်စာရင်း ထွက်ပေါ်လာ

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

FAဖလား ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်များ ထွက်ပေါ်လာသည့်နောက် မန်ချက်စတာ စီးတီး အနေဖြင့် ယမန်နှစ် ဗိုလ်လုပွဲ အတွက် ကြွေးဆပ်ရန် အခွင့်အရေး ရလာပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် FAဖလား ဗိုလ်လုပွဲတွင် ဝီဂန်အသင်းက မန်စီးတီးကို (၁-၀)ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ယခုနှစ် ကွာတားဖိုင်နယ်တွင် ထိုနှစ်သင်း ပြန်ဆုံကြပြီ ဖြစ်သည်။ ချယ်လ်ဆီးကို (၂-၀)ဖြင့် အနိုင်ရပြီး နောက်တစ်ဆင့် တက်လာသော မန်စီးတီးသည် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ်မှ တန်းဆင်း ခဲ့ရသည့် လက်ရှိ FAဖလား ချန်ပီယံ ဝီဂန်ကို အိမ်ကွင်း အစ်တီဟတ်တွင် လက်ခံ ရင်ဆိုင်သွားမည် ဖြစ်သည်။ ဝီဂန်က ပဉ္စမအဆင့်တွင် ကားဒစ်ဖ်စီးတီးကို အနိုင်ရ ဖြတ်ကျော်လာခြင်း ဖြစ်သည်။

အာဆင်နယ် အသင်းက လီဗာပူးလ်ကို (၂-၁)ဖြင့် အနိုင်ရလိုက်သည့်အတွက် FAဖလား ကွာတားဖိုင်နယ်တွင် မာဆေးဆိုက်ဒါဘီပွဲစဉ် လက်တွေ့ဖြစ်မြောက်မည့် အခြေအနေ လွဲချော်သွားသည်။ လီဗာပူးလ်အနေဖြင့် ပဉ္စမအဆင့်တွင် အရေးနိမ့် ထွက်ခွာသွားရသည့်အတွက် အဲဗာတန်နှင့် တွေ့ဆုံခွင့် မရတော့ဘဲ အာဆင်နယ်ကသာ အမ်းမရိတ်စ်တွင် အဲဗာတန်ကို ဧည့်ခံမည် ဖြစ်သည်။ အခြားပွဲစဉ်များတွင် ဘရိုက်တန်နှင့် ဟူးလ်စီးတီးတို့အနက် အနိုင်ရလာသော အသင်းက ဆန်းဒါးလန်းကို အိမ်ကွင်းတွင် လက်ခံကစားခွင့် ရမည်ဟု ဆိုသည်။ ရှက်ဖီးလ်ယူနိုက်တက်မှာမူ ရှက်ဖီးလ်ဝက်နက်စ်ဒေးနှင့် ချာလ်တန်တို့အနက်မှ တစ်သင်းသင်းကို အိမ်ကွင်းတွင် လက်ခံကစားသွားရမည်ဖြစ်ကြောင်း သိရှိရသည်။

Soccer Myanmar 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
FAဖလား ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်များ ထွက်ပေါ်လာသည့်နောက် မန်ချက်စတာ စီးတီး အနေဖြင့် ယမန်နှစ် ဗိုလ်လုပွဲ အတွက် ကြွေးဆပ်ရန် အခွင့်အရေး ရလာပြီ ဖြစ်သည်။ပြီးခဲ့သည့်နှစ် FAဖလား ဗိုလ်လုပွဲတွင် ဝီဂန်အသင်းက မန်စီးတီးကို (၁-၀)ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ယခုနှစ် ကွာတားဖိုင်နယ်တွင် ထိုနှစ်သင်း ပြန်ဆုံကြပြီ ဖြစ်သည်။ ချယ်လ်ဆီးကို (၂-၀)ဖြင့် အနိုင်ရပြီး နောက်တစ်ဆင့် တက်လာသော မန်စီးတီးသည် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ်မှ တန်းဆင်း ခဲ့ရသည့် လက်ရှိ FAဖလား ချန်ပီယံ ဝီဂန်ကို အိမ်ကွင်း အစ်တီဟတ်တွင် လက်ခံ ရင်ဆိုင်သွားမည် ဖြစ်သည်။ ဝီဂန်က ပဉ္စမအဆင့်တွင် ကားဒစ်ဖ်စီးတီးကို အနိုင်ရ ဖြတ်ကျော်လာခြင်း ဖြစ်သည်။

အာဆင်နယ် အသင်းက လီဗာပူးလ်ကို (၂-၁)ဖြင့် အနိုင်ရလိုက်သည့်အတွက် FAဖလား ကွာတားဖိုင်နယ်တွင် မာဆေးဆိုက်ဒါဘီပွဲစဉ် လက်တွေ့ဖြစ်မြောက်မည့် အခြေအနေ လွဲချော်သွားသည်။ 

လီဗာပူးလ်အနေဖြင့် ပဉ္စမအဆင့်တွင် အရေးနိမ့် ထွက်ခွာသွားရသည့်အတွက် အဲဗာတန်နှင့် တွေ့ဆုံခွင့် မရတော့ဘဲ အာဆင်နယ်ကသာ အမ်းမရိတ်စ်တွင် အဲဗာတန်ကို ဧည့်ခံမည် ဖြစ်သည်။ အခြားပွဲစဉ်များတွင် ဘရိုက်တန်နှင့် ဟူးလ်စီးတီးတို့အနက် အနိုင်ရလာသော အသင်းက ဆန်းဒါးလန်းကို အိမ်ကွင်းတွင် လက်ခံကစားခွင့် ရမည်ဟု ဆိုသည်။ 

ရှက်ဖီးလ်ယူနိုက်တက်မှာမူ ရှက်ဖီးလ်ဝက်နက်စ်ဒေးနှင့် ချာလ်တန်တို့အနက်မှ တစ်သင်းသင်းကို အိမ်ကွင်းတွင် လက်ခံကစားသွားရမည်ဖြစ်ကြောင်း သိရှိရသည်။

Soccer Myanmar  ,
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment