Pages

Monday, February 17, 2014

" ဘီလူးဇာတ်ကားကို ရုပ်ရှင်မရိုက်ခင်ကတည်းက ဇာတ်လမ်းတွဲရိုက်ကူးဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အကြည်တော်ပြော "

Photo: " ဘီလူးဇာတ်ကားကို ရုပ်ရှင်မရိုက်ခင်ကတည်းက ဇာတ်လမ်းတွဲရိုက်ကူးဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အကြည်တော်ပြော "

ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၁၄

ဝတ္ထုအဖြစ်လည်း အောင်မြင်သလို ရုပ်ရှင်အဖြစ်ရိုက်ကူး ရာမှာလည်း ပရိသတ် တစ်ခဲ နက်လက်ခံအားပေးမှုရရှိခဲ့ သည့် "ဘီလူး" ကို ဇာတ်လမ်းတွဲ အဖြစ် ပုံဖော်ရိုက်ကူးမည့် အကြောင်း ဇာတ်လမ်း၊ ဇာတ်ညွှန်း အကြည်တော်က ပြောသည်။ ဘီလူး ကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရိုက်ကူးဖြစ်ရသည့်အကြောင်းနှင့်ပတ်သက် ပြီး

ဇာတ်လမ်း၊ ဇာတ်ညွှန်းဖန် တီးရှင်အကြည်တော်က " ဒီဘီလူးကို ရုပ်ရှင်မရိုက်ခင်ကတည်းက ဇာတ်လမ်းတွဲရိုက်ကူးဖို့ စီစဉ်ထားရှိခဲ့တာ။
အကြောင်းကြောင်းကြောင့်ပေါ့။ အဲဒီခေတ်က ဇာတ်လမ်းတွဲ ထုတ်လွှင့်ဖို့ မြန်မာ့အသံနဲ့ မြဝတီရုပ်သံပဲရှိတာကိုး။ အဲဒီ တော့ အဲဒီမှာလည်း အဆင်မပြေဘူး။

လွတ်လွတ်လပ်လပ် မဖြစ်တဲ့အခါကျတော့ ရုပ်ရှင် ဖြစ်သွားခဲ့တာ။ ဒီဟာကို ဇာတ် လမ်းတွဲအနေနဲ့ ပြန်ရိုက်ကူးဖို့ စဉ်းစားကြတဲ့ အခါ ကျန်တဲ့ ဇာတ်လမ်းတွဲ တွေကိုလည်း ကြည့်နေရတာ ပေါ့နော်။ မြန်မာပြည် က ဇာတ်လမ်းတွဲတွေ။ သိရတာက ပရိသတ်စိတ်ဝင်စားမှု အားနည်း နေတယ်။ ဇာတ်လမ်းတွဲတွေကို သိပ်မကြည့်ကြဘူး။ မကြည့်ကြ တဲ့အကြောင်း ပြောလို့ရှိရင် အကြောင်း အချက်တွေတော့ အများကြီးပေါ့။ ဇာတ်လမ်းတွဲ တွေကို လူစိတ်ဝင်စားအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်က အရေးကြီးတယ်။

လူ စိတ် ဝင်စားမှုရဖို့ပဲ။ စဉ်းစားလိုက်တော့ ဘီလူးက ရုပ်ရှင်တစ်ဖြစ်လဲ အောင်မြင်ပြီးသားလေ။ ဒီ ဟာကို ရိုက်လိုက်လို့ရှိရင် အဆင်ပြေနိုင်တယ်။ နောက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရ မယ်ထင်ပြီးတော့ ဇာတ်လမ်းတွဲ ရိုက်ဖို့ ဖြစ်လာခဲ့တာ" ဟု ပြောသည်။

ဘီလူးကို ဇာတ်လမ်တွဲ အဖြစ် ပုံဖော်ရိုက်ကူးသည့်အခါ ဝတ္ထုအဖြစ်သော်လည်းကောင်း၊ ရုပ်ရှင်အဖြစ်သော်လည်းကောင်း နှစ်ဖက်စလုံး၌ အောင်မြင်မှုရ ရှိထားသော
ဇာတ်လမ်းရုပ်ရှင်ကားဖြစ်သောကြောင့် အောင်မြင်မှုအရှိန် မှေးမှိန်လျော့ကျမသွား အောင်ပြင်ဆင်ထားရှိပုံကိုလည်း" ကျွန်တော်က ဝတ္ထုနဲ့ ဇာတ်ညွှန်းကိုပဲအဓိကပြင်ဆင် ထားတာပေါ့နော်။ ရုပ်ရှင်ကြည့် တဲ့အချိန် ပရိသတ်ကြိုက်အောင် ဖန်တီးထားသလိုမျိုး ဇာတ်လမ်းတွဲကိုလည်း အပိုင်းတိုင်း၊ အပိုင်းတိုင်းကို ပရိသတ်စိတ်ဝင်စားအောင် လုပ်ထားတယ်။ ဝတ္ထုထဲမှာမပါတဲ့ တချို့အပိုင်းတွေကို ဇာတ်လမ်းတွဲမှာ ထည့်ထားတယ်။ ရုပ်ရှင်မှာမပါခဲ့တဲ့ အရာတွေများတယ်။ နှစ်နာရီစာပဲဆိုတော့ ဝတ္ထုထဲက အနည်း အကျဉ်းကိုပဲ ရုပ်ရှင်ရိုက်လိုက် တာကိုး။ ကျန်တဲ့အပိုင်းတွေ အများကြီးကျန်သေးတယ်။ အဲဒီ အပိုင်းတွေကို အဓိက ဦးစားပေးပြီးတော့ ပြန်ထည့်ထားတာပေါ့နော်။ ဒါကို
မတ်လလောက် ထုတ်လွှင့်နိုင် ဖို့ မျှော်လင့်ရတာပဲ" ဟု အကြည်တော်က ပြောသည်။

ယခုဆိုလျှင် ဇာတ်လမ်းတွဲများ ကို ယခင်ကထက် ပရိသတ် စိတ်ဝင်စားမှု ပိုလာသော ကြောင့် ရုပ်သံများကလည်း အဆက်မပြတ် ရိုက်ကူးထုတ်လွှင့်လာခဲ့သည်။

ရုပ်သံဇာတ်လမ်းတွဲများစွာထဲက တစ်မူထူးခြားအောင် "ဘီလူး" ကို တင်ဆက်မည့်ပုံစံနှင့်ပတ်သက်ပြီးလည်း" ဒီဇာတ်လမ်းတွဲမှာ ရုပ်ရှင်ကားတုန်းကလိုမျိုး အဓိက ဟာသကို ဦးစားပေးထားတယ်။ ဒီအတွက်ပရိသတ်အနေနဲ့ ကြည့်ရင် ဘာဖြစ်မယ်၊ ညာဖြစ် မယ်ဆိုပြီး မပြောချင်ဘူး။ စိတ်ရွှင်ရမယ်၊ ရယ်ရမယ်။ အဓိက ဆွဲဆောင်မှုကတော့
ဟာသပဲဖြစ်လိမ့်မယ်။ အခု ဇာတ်လမ်းတွဲတွေ ရိုက်ကူးမှု ပိုရှိလာတယ်လို့ ပြောရမှာပေါ့ နော်။ ဒါက ကောင်းပါတယ်။ ရုပ်ရှင်ဆိုရင် ပိုက်ဆံပေးပြီး ရုပ်ရှင်ရုံမှာ သွားကြည့်ရမယ်။ ဇာတ်လမ်းတွဲကျတော့ တီဗီပေါ် မှာ၊ ကိုယ့်အိမ်မှာ တီဗီရှိရုံနဲ့ လွယ်လင့်တကူကြည့်လို့ရတာ ပေါ့နော်။ အင်တာတိန်းမန့်က လည်း ခေတ်ပြောင်းလာပြီ အရင်လိုမဟုတ်တော့ဘူး။ ရုပ်ရှင်ကို တကူးတက သွား ကြည့်တဲ့ သူကနည်းတယ်။ ဒီအတွက် ဒီတီဗီမှာ Free ပြတဲ့ ဟာကိုပဲ ကြည့်ကြတဲ့ သဘော ဖြစ်လာတယ်။

ဘာပဲပြောပြော ခေတ်ရေစီးကြောင်း အရတော့ ဒါကို လုပ်သင့်တယ်လို့ ထင်တာပဲ" ဟု အကြည်တော်က ပြောသည်။ ရုပ်သံဇာတ်လမ်း တွဲအနေဖြင့် မြန်မာ့ရုပ်ရှင်အနုပညာရေစီးကြောင်းထဲ တွင် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်အထောက်အကူ ပြုကြောင်းလည်း
ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီးလည်း " မြန်မာပြည်မှာက ဇာတ် လမ်းတွဲရိုက်ကြသလို အောင် မြင်လို့ရှိရင် တစ်ကားတည်း လည်း ရိုက်ကြတာပေါ့နော်။ အခုလို အောင်မြင်ပြီးသား
ဘီလူးကို ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးတယ်ဆိုတော့ တစ်ဖက် နဲ့တစ်ဖက်တော့ အထောက် အကူဖြစ်နေမှာပဲ။ နောက်ပြီး တော့ ဇာတ်လမ်းထဲမှာ ထူး ချွန်တဲ့သူပေါ်ထွက်လာ လို့ရှိရင် လည်း ရုပ်ရှင်ဘက်ကို ကူး ပြောင်းနိုင်တာပဲလေ။

နောက် တစ်ခါ အခမဲ့ပြသတဲ့အရာဖြစ် တဲ့အတွက် နိုင်ငံခြားသားတွေ ကလည်း ဘာသာစကား နား မလည်ခဲ့ရင်တောင် လာလည် လို့ အိပ်ခန်းထဲမှာ တီဗီကြည့်ရင် ဒါလေးကို စိတ်ဝင်တစားနဲ့ ခဏလေးဖြစ်ဖြစ် ကြည့်ခဲ့ရင် ကျွန်တော်တို့အတွက် အများ ကြီး အကျိုးရှိနိုင်တယ်။ ဒီဟာ လေးကိုကြည့်ပြီး ရုပ်ရှင်ဆိုတာ ဘာလဲဆိုတာမျိုး စိတ်ဝင်တစား စုံစမ်းမေးမြန်းလာခဲ့ရင် ပို ကောင်းတာပေါ့နော်။ ကျွန်တော် မြင်တာက ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်က တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အကျိုးပြုနေကြ မှာပဲ" ဟုလည်း အကြည်တော် က ပြောသည်။

ဆက်လက်ပြီး အကြည်တော်က ရုပ်ရှင်ဇာတ်ကားနှင့် ဇာတ်လမ်းတွဲက ကြီးကြီးမားမားကွာခြားချက်များစွာ ရှိကြောင်းလည်း" ရုပ်ရှင်၊ ဗီဒီယိုဆိုတာက တစ်ကားစာပဲရေးရ တယ်။ ဇာတ်လမ်းတွဲမှာ အပိုင်း ၄ဝ ဆိုရင်ရုပ်ရှင် ကား ၂ဝ စာ ရှိနေပြီလေ။ အဲဒီ ၂ဝ စာကို ဇာတ်လမ်းတစ်ပုဒ်တည်းရေးရ တာ။ အခက်အခဲအများကြီးရှိ တယ်။

မယဉ်ပါးသေးဘူး။ ဒီဟာကို ဘယ်လိုဖြတ်တောက်ရ မလဲ၊ ဘယ်ဟာကို ဘယ်လိုချုံ့ ရမလဲဆိုတာတွေက အကြီးမား ဆုံး ကွာဟချက်ပဲ။ ရုပ်ရှင်မှာကျ
တော့ဇာတ်လေးတစ်ခုကိုတည် ပြီး အကောင်းဆုံးပြင်ဆင် လိုက်ရင် ၂ နာရီစာတော့ ဘယ် သူမဆို ဖြစ်နိုင်တယ်။ ဒီလို ဇာတ်ကား ၂ဝ စာကျတော့ အင်မတန်မှ ခက်တယ်လေ။ အဲဒီ ကား ၂ဝ စာကို ထိထိမိမိလုပ် ဖို့ဆိုတာ တော်တော် လေးကို ကြိုးစားရမယ့်အပိုင်းပါ" ဟု ပြောပြခဲ့သည်။

M ဘွယ်
Popular Journal 

https://www.facebook.com/kokomyanmarpyitharlay

RangonNewsDaily: February . 17 .2014
ဝတ္ထုအဖြစ်လည်း အောင်မြင်သလို ရုပ်ရှင်အဖြစ်ရိုက်ကူး ရာမှာလည်း ပရိသတ် တစ်ခဲ နက်လက်ခံအားပေးမှုရရှိခဲ့ သည့် "ဘီလူး" ကို ဇာတ်လမ်းတွဲ အဖြစ် ပုံဖော်ရိုက်ကူးမည့် အကြောင်း ဇာတ်လမ်း၊ ဇာတ်ညွှန်း အကြည်တော်က ပြောသည်။ ဘီလူး ကို ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရိုက်ကူးဖြစ်ရသည့်အကြောင်းနှင့်ပတ်သက် ပြီးဇာတ်လမ်း၊ ဇာတ်ညွှန်းဖန် တီးရှင်အကြည်တော်က " ဒီဘီလူးကို ရုပ်ရှင်မရိုက်ခင်ကတည်းက ဇာတ်လမ်းတွဲရိုက်ကူးဖို့ စီစဉ်ထားရှိခဲ့တာ။

အကြောင်းကြောင်းကြောင့်ပေါ့။ အဲဒီခေတ်က ဇာတ်လမ်းတွဲ ထုတ်လွှင့်ဖို့ မြန်မာ့အသံနဲ့ မြဝတီရုပ်သံပဲရှိတာကိုး။ အဲဒီ တော့ အဲဒီမှာလည်း အဆင်မပြေဘူး။

လွတ်လွတ်လပ်လပ် မဖြစ်တဲ့အခါကျတော့ ရုပ်ရှင် ဖြစ်သွားခဲ့တာ။ ဒီဟာကို ဇာတ် လမ်းတွဲအနေနဲ့ ပြန်ရိုက်ကူးဖို့ စဉ်းစားကြတဲ့ အခါ ကျန်တဲ့ ဇာတ်လမ်းတွဲ တွေကိုလည်း ကြည့်နေရတာ ပေါ့နော်။ မြန်မာပြည် က ဇာတ်လမ်းတွဲတွေ။ သိရတာက ပရိသတ်စိတ်ဝင်စားမှု အားနည်း နေတယ်။ 

ဇာတ်လမ်းတွဲတွေကို သိပ်မကြည့်ကြဘူး။ မကြည့်ကြ တဲ့အကြောင်း ပြောလို့ရှိရင် အကြောင်း အချက်တွေတော့ အများကြီးပေါ့။ ဇာတ်လမ်းတွဲ တွေကို လူစိတ်ဝင်စားအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်က အရေးကြီးတယ်။

လူ စိတ် ဝင်စားမှုရဖို့ပဲ။ စဉ်းစားလိုက်တော့ ဘီလူးက ရုပ်ရှင်တစ်ဖြစ်လဲ အောင်မြင်ပြီးသားလေ။ ဒီ ဟာကို ရိုက်လိုက်လို့ရှိရင် အဆင်ပြေနိုင်တယ်။ နောက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရ မယ်ထင်ပြီးတော့ ဇာတ်လမ်းတွဲ ရိုက်ဖို့ ဖြစ်လာခဲ့တာ" ဟု ပြောသည်။

ဘီလူးကို ဇာတ်လမ်တွဲ အဖြစ် ပုံဖော်ရိုက်ကူးသည့်အခါ ဝတ္ထုအဖြစ်သော်လည်းကောင်း၊ ရုပ်ရှင်အဖြစ်သော်လည်းကောင်း နှစ်ဖက်စလုံး၌ အောင်မြင်မှုရ ရှိထားသော
ဇာတ်လမ်းရုပ်ရှင်ကားဖြစ်သောကြောင့် အောင်မြင်မှုအရှိန် မှေးမှိန်လျော့ကျမသွား အောင်ပြင်ဆင်ထားရှိပုံကိုလည်း" ကျွန်တော်က ဝတ္ထုနဲ့ ဇာတ်ညွှန်းကိုပဲအဓိကပြင်ဆင် ထားတာပေါ့နော်။ 

ရုပ်ရှင်ကြည့် တဲ့အချိန် ပရိသတ်ကြိုက်အောင် ဖန်တီးထားသလိုမျိုး ဇာတ်လမ်းတွဲကိုလည်း အပိုင်းတိုင်း၊ အပိုင်းတိုင်းကို ပရိသတ်စိတ်ဝင်စားအောင် လုပ်ထားတယ်။ ဝတ္ထုထဲမှာမပါတဲ့ တချို့အပိုင်းတွေကို ဇာတ်လမ်းတွဲမှာ ထည့်ထားတယ်။ ရုပ်ရှင်မှာမပါခဲ့တဲ့ အရာတွေများတယ်။

 နှစ်နာရီစာပဲဆိုတော့ ဝတ္ထုထဲက အနည်း အကျဉ်းကိုပဲ ရုပ်ရှင်ရိုက်လိုက် တာကိုး။ ကျန်တဲ့အပိုင်းတွေ အများကြီးကျန်သေးတယ်။ အဲဒီ အပိုင်းတွေကို အဓိက ဦးစားပေးပြီးတော့ ပြန်ထည့်ထားတာပေါ့နော်။ ဒါကို
မတ်လလောက် ထုတ်လွှင့်နိုင် ဖို့ မျှော်လင့်ရတာပဲ" ဟု အကြည်တော်က ပြောသည်။

ယခုဆိုလျှင် ဇာတ်လမ်းတွဲများ ကို ယခင်ကထက် ပရိသတ် စိတ်ဝင်စားမှု ပိုလာသော ကြောင့် ရုပ်သံများကလည်း အဆက်မပြတ် ရိုက်ကူးထုတ်လွှင့်လာခဲ့သည်။

ရုပ်သံဇာတ်လမ်းတွဲများစွာထဲက တစ်မူထူးခြားအောင် "ဘီလူး" ကို တင်ဆက်မည့်ပုံစံနှင့်ပတ်သက်ပြီးလည်း" ဒီဇာတ်လမ်းတွဲမှာ ရုပ်ရှင်ကားတုန်းကလိုမျိုး အဓိက ဟာသကို ဦးစားပေးထားတယ်။ ဒီအတွက်ပရိသတ်အနေနဲ့ ကြည့်ရင် ဘာဖြစ်မယ်၊ ညာဖြစ် မယ်ဆိုပြီး မပြောချင်ဘူး။ စိတ်ရွှင်ရမယ်၊ ရယ်ရမယ်။ အဓိက ဆွဲဆောင်မှုကတော့
ဟာသပဲဖြစ်လိမ့်မယ်။ အခု ဇာတ်လမ်းတွဲတွေ ရိုက်ကူးမှု ပိုရှိလာတယ်လို့ ပြောရမှာပေါ့ နော်။ ဒါက ကောင်းပါတယ်။ ရုပ်ရှင်ဆိုရင် ပိုက်ဆံပေးပြီး ရုပ်ရှင်ရုံမှာ သွားကြည့်ရမယ်။ ဇာတ်လမ်းတွဲကျတော့ တီဗီပေါ် မှာ၊ ကိုယ့်အိမ်မှာ တီဗီရှိရုံနဲ့ လွယ်လင့်တကူကြည့်လို့ရတာ ပေါ့နော်။ အင်တာတိန်းမန့်က လည်း ခေတ်ပြောင်းလာပြီ အရင်လိုမဟုတ်တော့ဘူး။ ရုပ်ရှင်ကို တကူးတက သွား ကြည့်တဲ့ သူကနည်းတယ်။ ဒီအတွက် ဒီတီဗီမှာ Free ပြတဲ့ ဟာကိုပဲ ကြည့်ကြတဲ့ သဘော ဖြစ်လာတယ်။

ဘာပဲပြောပြော ခေတ်ရေစီးကြောင်း အရတော့ ဒါကို လုပ်သင့်တယ်လို့ ထင်တာပဲ" ဟု အကြည်တော်က ပြောသည်။ ရုပ်သံဇာတ်လမ်း တွဲအနေဖြင့် မြန်မာ့ရုပ်ရှင်အနုပညာရေစီးကြောင်းထဲ တွင် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်အထောက်အကူ ပြုကြောင်းလည်း
ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီးလည်း " မြန်မာပြည်မှာက ဇာတ် လမ်းတွဲရိုက်ကြသလို အောင် မြင်လို့ရှိရင် တစ်ကားတည်း လည်း ရိုက်ကြတာပေါ့နော်။ အခုလို အောင်မြင်ပြီးသား
ဘီလူးကို ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးတယ်ဆိုတော့ တစ်ဖက် နဲ့တစ်ဖက်တော့ အထောက် အကူဖြစ်နေမှာပဲ။ နောက်ပြီး တော့ ဇာတ်လမ်းထဲမှာ ထူး ချွန်တဲ့သူပေါ်ထွက်လာ လို့ရှိရင် လည်း ရုပ်ရှင်ဘက်ကို ကူး ပြောင်းနိုင်တာပဲလေ။

နောက် တစ်ခါ အခမဲ့ပြသတဲ့အရာဖြစ် တဲ့အတွက် နိုင်ငံခြားသားတွေ ကလည်း ဘာသာစကား နား မလည်ခဲ့ရင်တောင် လာလည် လို့ အိပ်ခန်းထဲမှာ တီဗီကြည့်ရင် ဒါလေးကို စိတ်ဝင်တစားနဲ့ ခဏလေးဖြစ်ဖြစ် ကြည့်ခဲ့ရင် ကျွန်တော်တို့အတွက် အများ ကြီး အကျိုးရှိနိုင်တယ်။ ဒီဟာ လေးကိုကြည့်ပြီး ရုပ်ရှင်ဆိုတာ ဘာလဲဆိုတာမျိုး စိတ်ဝင်တစား စုံစမ်းမေးမြန်းလာခဲ့ရင် ပို ကောင်းတာပေါ့နော်။ ကျွန်တော် မြင်တာက ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်က တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အကျိုးပြုနေကြ မှာပဲ" ဟုလည်း အကြည်တော် က ပြောသည်။

ဆက်လက်ပြီး အကြည်တော်က ရုပ်ရှင်ဇာတ်ကားနှင့် ဇာတ်လမ်းတွဲက ကြီးကြီးမားမားကွာခြားချက်များစွာ ရှိကြောင်းလည်း" ရုပ်ရှင်၊ ဗီဒီယိုဆိုတာက တစ်ကားစာပဲရေးရ တယ်။ ဇာတ်လမ်းတွဲမှာ အပိုင်း ၄ဝ ဆိုရင်ရုပ်ရှင် ကား ၂ဝ စာ ရှိနေပြီလေ။ အဲဒီ ၂ဝ စာကို ဇာတ်လမ်းတစ်ပုဒ်တည်းရေးရ တာ။ အခက်အခဲအများကြီးရှိ တယ်။

မယဉ်ပါးသေးဘူး။ ဒီဟာကို ဘယ်လိုဖြတ်တောက်ရ မလဲ၊ ဘယ်ဟာကို ဘယ်လိုချုံ့ ရမလဲဆိုတာတွေက အကြီးမား ဆုံး ကွာဟချက်ပဲ။ ရုပ်ရှင်မှာကျတော့ဇာတ်လေးတစ်ခုကိုတည် ပြီး အကောင်းဆုံးပြင်ဆင် လိုက်ရင် ၂ နာရီစာတော့ ဘယ် သူမဆို ဖြစ်နိုင်တယ်။ ဒီလို ဇာတ်ကား ၂ဝ စာကျတော့ အင်မတန်မှ ခက်တယ်လေ။ အဲဒီ ကား ၂ဝ စာကို ထိထိမိမိလုပ် ဖို့ဆိုတာ တော်တော် လေးကို ကြိုးစားရမယ့်အပိုင်းပါ" ဟု ပြောပြခဲ့သည်။

M ဘွယ်
Popular Journal  ,
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment