Pages

Monday, February 17, 2014

တာဝေးပစ်ဒုံးကျည်များ အီရန်စမ်းသပ်ပစ်ခတ်

RangonNewsDaily: February . 17 .2014
အီရန်ကာကွယ်ရေးဝန်ကြီးဌာန သည် တနင်္လာနေ့တွင် အီရန်တပ်မ တော်အနေဖြင့် ပြည်တွင်းဖြစ်တာဝေး ပစ်ဒုံးကျည်နှစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့သည်ဟု ကြေညာ ခဲ့သည်။အဆိုပါဒုံးကျည်နှစ်စင်းမှာ တာဝေးမြေပြင်ပစ်နှင့် ရေဒါစနစ်ပါ လေဆာဝေဟင်ပစ်ဒုံးကျည်တို့ဖြစ် သည်ဟု သိရသည်။ Bina အမည်ပေး ထားသော ¤င်းတာဝေးပစ်ဒုံးကျည်များ မှာ တံတားများ၊ တင့်ကားများနှင့် ရန် သူ၏ဌာနချုပ်စခန်းများကို အဝေးက ပစ်ခွင်းနိုင်မည်ဟုသိရသည်။
အီရန် နိုင်ငံသည် Shahab အမည်ရှိတာဝေး ပစ်ဒုံးကျည်များကိုအောင်မြင်စွာစမ်း သပ်ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ကာ Shahab ဒုံးကျည်များသည် ကီလိုမီတာ ၂ဝဝဝအကွာအဝေးအထိ ပစ်ခတ်နိုင် ပြီး အစ္စရေးနှင့် အရှေ့အလယ်ပိုင်းမှ အမေရိကန်အခြေစိုက်စစ်စခန်းများ သို့ ပစ်ခတ်နိုင်လေသည်။

အီရန်သမ္မတဟက်ဆန်ရိုဟာနီ သည် အဆိုပါဒုံးကျည်များစမ်းသပ်ပစ် ခတ်မှုကို ဂုဏ်ပြုစကားဆိုခဲ့ပြီး အီရန် ကလေးငယ်များက မျိုးဆက်သစ်ဒုံး ကျည်များကို အောင်မြင်စွာစမ်းသပ် နိုင်ခဲ့သည်ဟုပြောကြားခဲ့ကြောင်း အီ ရန်နိုင်ငံပိုင်ရုပ်သံလိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။

သမ္မတရိုဟာနီသည် တနင်္ဂနွေနေ့တွင် ဒုံးစစ်ဆင်ရေးလေ့ ကျင့်ခန်းအစီအစဉ်ကို တားမြစ်ခဲ့မှု ကြောင့် သဘောထားတင်းမာသော ဥပဒေပြုအမတ်များ၏ ဝေဖန်မှုကိုခံ ခဲ့ရကာ တနင်္လာနေ့ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုသည် ဒုံးစစ်ဆေးရေးလေ့ ကျင့်ခန်းအစီအစဉ်နှင့် တစ်ခုတည်း ဖြစ်သည် ဟုတ်မဟုတ်ကို ရှင်းရှင်း လင်းလင်းမသိရသေးကြောင်း သိရ သည်။

Ref: Reuters , Yangon Media  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment