Pages

Thursday, May 14, 2015

အစည်းအဝေးမှာ အိပ်ငိုက်တဲ့ မြောက် ကာကွယ်ရေးဦးစီးချုပ်ကို ကွပ်မျက်လိုက်ပြီလို့ဆို


RangonNewsDaily:: May . 14 .2015
အစည်းအဝေးမှာ အိပ်ငိုက်ပြီး သူ့ကို ခွန်းတုံ့ပြန်ခဲ့တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ် ဟွန်ယောင်ချို ကို မြောက်ခေါင်းဆောင်ကင်ဂျုံအန်း က ကွပ်မျက်လိုက်ပြီလို့ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ (NIS)က ယုံကြည်ရတဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ပြည်သူ့တပ်မတော် ၀န်ကြီး ကို ဧပြီလက ပြုံယမ်းမြို့ ကောင်ကွန်စစ်သင်တန်းကျောင်းမှာ ပရိသတ်ရာပေါင်းများစွာရဲ့ ရှေ့မှောက်မှာ လေယာဉ်ပစ်သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ NIS အရာရှိတွေက တံခါးပိတ်အစည်းအဝေးတစ်ခုမှာ ပြောကြောင်း အဆိုပါအစည်းအဝေး ကိုတက်ရောက်လာတ့ အမတ် ရှင်းကျောင်မင်း ကဆိုပါတယ်။
NIS က ဒီသတင်းကို ဘယ်လိုသိခဲ့ရတယ်ဆိုတာမပြောဘဲ သူ့တို့ဆီမှာ လမ်းကြောင်းများစွာ ရှိပြီး သတင်းမှန်လို့ ယုံကြည်ရတယ်လို့သာ ပြောခဲ့ပါတယ်။
::
၂၀၁၁ နှောင်းပိုင်းမှာ အာဏာရှင်ဖခင်ဆီက အာဏာကိုလွှဲပြောင်းယူပြီးနောက်ပိုင်း ကင်ဂျုံအန်း ဟာ အာဏာတည်မြဲဖို့အတွက် ဖြုတ်ထုတ်သတ် ဖယ်ရှားမှုတော်တော်များများ ကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အထင်ရှားဆုံး သုတ်သင်မှုကတော့ ကင်က သူ့ ဦးလေးတော်စပ်သူ နိုင်ငံ့ဒုတိယအကြီးအကဲ ဂျန်ဆောင်သက် ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။


Ref: AP ,Kumudra , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment