Pages

Thursday, May 14, 2015

နီပေါ ဒုတိယမြောက် ငလျင်ကြောင့် သေဆုံးသူ ၆၅ ဦးရှိ၊ ကယ်ဆယ်ရေးများ စတင်


RangonNewsDaily:: May . 14 .2015
ငလျင်ကြီး နှစ်ခု ရှေ့ဆင့်နောက်ဆင့် လှုပ်သွားခဲ့သည့် နီပေါတွင် ဒုက္ခသည်များနှင့် ရှင်ကျန်ရစ်နေသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေသည်။
အင်္ဂါနေ့က နောက်ဆုံးလှုပ်သည် ပြင်းအား ၇ ဒသမ ၄ ရှိ ငလျင်ကြောင့် သေဆုံးသူ ၆၅ ဦးရှိပြီး ဒဏ်ရာရသူ ၂၀၀၀ ဝန်းကျင်ရှိကာ သေဆုံးဦးရေလည်း ထပ်တိုးလာနိုင်သည်။ ယင်းငလျင်ကြောင့် အိန္ဒိယတွင် ၁၇ ဦးသေဆုံးသည်။လူရှစ်ဦးလိုက်ပါသည့် အမေရိကန် အကူအညီပေးရေး ရဟတ်ယဉ်တစ်စင်း ပျောက်ဆုံးလျက်ရှိရာ ရှာဖွေနေရသည်။
::
ဧပြီ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၈ ရှိ ငလျင်လှုပ်၍ ဘေးအန္တရာယ်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေရသည့် အချိန်အခါတွင် ထပ်မံ၍ ငလျင်ကြီး လှုပ်ပြန်သဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ပိုမိုလိုအပ်နေကြောင်း အကူအညီပေးရေး အေဂျင်စီများက မေတ္တာရပ်ခံလျက်ရှိနေသည်။
::
လူပေါင်း ၈၀၀၀ ကျော် သေဆုံးသည့် ပထမငလျင်ကြီး လှုပ်သွားပြီးနောက် ထောင်ပေါင်းများစွာသော နီပေါပြည်သူများက အိမ်သို့ မပြန်နိုင်ကြသေးဘဲ ခိုလှုံရာစခန်းများတွင် နေထိုင်နေရလျက်ရှိနေသည်။
ပုံစာ- မေ ၁၂ရက်က လှုပ်ခတ်ခဲ့သည့် ဒုတိယမြောက် ငလျင်အပြီး ထိခိုက်ဒဏ်ရာရသူများကို နီပေါလေဆိပ်တွင် တွေ့ရစဉ်။ 

(ဓာတ်ပုံ-အီးပီအေ)
BBC ::--
KOLATT(PBDN)

RangonNewsDaily





0 comments:

Post a Comment