Pages

Friday, February 8, 2013

မြန်မာနိုင်ငံကို နှစ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့သမ္မတများ

Photo: မြန်မာနိုင်ငံ၏သမ္မတများ

စ၀်ရွှေသိုက် (4.1.1948 - 13.3.1952)

၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့မှ စတင်ပြီး စဝ်ရွှေသိုက်ကို ပြည်ထောင် စုမြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတအဖြစ် ရွေးကောက်တင်မြောက်လိုက်သည် ။ သမ္မတကြီး စ၀်ရွှေသိုက်သည် ၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ရက်နေ့မှ ၁၉၅၂-ခုနှစ် မတ်လ ၁၃-ရက် အထိ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။

ဒေါက်တာ ဦးဘဦး (13.3.1952 - 13.3.1957)

၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ယာယီသမ္မတ စပ်ရွှေသိုက် သက်တမ်း ကုန်ဆုံးသွားသော အခါ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ ဒေါက်တာ ဆာဘဦးအား လွတ်လပ်သော မြန်မာနိုင်ငံတော် သမ္မတကြီး အဖြစ် လွှတ်တော်နှစ်ရပ် ပေါင်းကာ တညီးတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။

မန်းဝင်းမောင် (13.3.1957 - 2.3.1962)

ဦးဝင်းမောင် (ခ) မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

ဦးနေ၀င်း (2-3-62 - 9.11.1981)

ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ တွင် တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီး ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့အထိ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) သည် သူ၏ဈာပနကို တပ်မတော်စစ်သချိုင်း (မင်္ဂလာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ အဆိုးဝါးဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။


ဦးစန်းယု (9.11.1981 - 25.7.1988)

ဦးစန်းယုသည် ဦးနေဝင်းမှ နိုင်ငံတော်သမ္မတ တာဝန်ကို လွှဲအပ်ပေးသဖြင့် ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့မှ ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးစိန်လွင် (25.7.1988 - 12.8.1988)

"ခွေးနှင့် ဓါတ်တိုင်သာ ကျန်ပါစေ"ဟူသော စကားနှင့်အတူ ရှစ်လေးလုံး လူထုအုံကြွမှုကို ရက်စက်စွာနှိမ်နှင်းစေခဲ့သူ

မြန်မာပြည်သမိုင်းတွင် ၁၈ ရက်သာတာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ်သည်၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်မှ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။

ဦးအေးကို(ယာယီ) (12.8.1988 - 19.8.1988)

၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်မှ သြဂုတ် ၁၉-ရက်ထိ တစ်ပတ်သာ
သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။


ဒေါက်တာမောင်မောင် (19.8.1988 - 18.9.1988)

၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။


ဗိုလ်ချုပ်မှူးကြီး စောမောင်

၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော
တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်မှ ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃-ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအရ ရုတ်တရက် အနားယူခဲ့သည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်မှူးကြီးစောမောင်ကျန်းမာရေးအရ ရုတ်တရက် အနားယူခဲ့ပြီးနောက် ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံ့အကြီးအကဲ တာဝန်ယူခဲ့သူ ဖြစ်သည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ စတင်ကာ စစ်ဘက်ရာထူးများ နိုင်ငံ့အကြီးအကဲတာဝန်များမှ အနားယူကာ သက်ဆိုင်ရာ နိုင်ငံတော်သမ္မတ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်တို့ ထံသို့ လွှဲပြောင်းပေးခဲ့ပြီး အနားယူခဲ့သည်။

ဦးသိန်းစိန် (4.2.2011 - လက်ရှိ)

၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဘူသီရိ မြို့ နယ်မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက်ပွဲတွင် အနိုင်ရရွေးချယ်ခံရပြီး ပထမအကြိမ်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ နိုင်ငံတော်သမ္မတအဖြစ်ရွေ့းချယ် တင်မြှောက်ခြင်းခံရသော ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံဖြိုးရေးပါတြီကီး၏ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ခေါင်းဆောင်တစ်ဦးဖြစ်သည်း။ဇနီးမှာ ဒေါ်ခင်ခင်ဝင်းဖြစ်သည်။ ရင်သွေး (၃) ဦး ထွန်းကားသည်။ နေပြည်တော် တွင် နေထိုင်သည်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ရက်နေ့ မှစတင်ကာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အကြီးအကဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဥက္ကဌ နိုင်ငံတော်သမ္မတကြီးအဖြစ် နေပြည်တော်တွင် ရုံးထိုင်ထမ်းဆောင်လျှက်ရှိပါသည်

Credit by : မုန်တိုင်းစုစည်းမှုများထဲမှ ရှာဖွေတင်ပြပါသည်။


အေးချမ်းမွန်မှ ထူးထူးဆန်းဆန်း တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

စ၀်ရွှေသိုက် (4.1.1948 - 13.3.1952)

၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့မှ စတင်ပြီး စဝ်ရွှေသိုက်ကို ပြည်ထောင် စုမြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတအဖြစ် ရွေးကောက်တင်မြောက်လိုက်သည် ။ သမ္မတကြီး စ၀်ရွှေသိုက်သည် ၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ရက်နေ့မှ ၁၉၅၂-ခုနှစ် မတ်လ ၁၃-ရက် အထိ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။ ဒေါက်တာ ဦးဘဦး (13.3.1952 - 13.3.1957)

၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ယာယီသမ္မတ စပ်ရွှေသိုက် သက်တမ်း ကုန်ဆုံးသွားသော အခါ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ ဒေါက်တာ ဆာဘဦးအား လွတ်လပ်သော မြန်မာနိုင်ငံတော် သမ္မတကြီး အဖြစ် လွှတ်တော်နှစ်ရပ် ပေါင်းကာ တညီးတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။

မန်းဝင်းမောင် (13.3.1957 - 2.3.1962)

ဦးဝင်းမောင် (ခ) မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

ဦးနေ၀င်း (2-3-62 - 9.11.1981)

ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ တွင် တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီး ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့အထိ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) သည် သူ၏ဈာပနကို တပ်မတော်စစ်သချိုင်း (မင်္ဂလာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ အဆိုးဝါးဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။


ဦးစန်းယု (9.11.1981 - 25.7.1988)

ဦးစန်းယုသည် ဦးနေဝင်းမှ နိုင်ငံတော်သမ္မတ တာဝန်ကို လွှဲအပ်ပေးသဖြင့် ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့မှ ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးစိန်လွင် (25.7.1988 - 12.8.1988)

"ခွေးနှင့် ဓါတ်တိုင်သာ ကျန်ပါစေ"ဟူသော စကားနှင့်အတူ ရှစ်လေးလုံး လူထုအုံကြွမှုကို ရက်စက်စွာနှိမ်နှင်းစေခဲ့သူ

မြန်မာပြည်သမိုင်းတွင် ၁၈ ရက်သာတာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ်သည်၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၅-ရက်မှ ၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။

ဦးအေးကို(ယာယီ) (12.8.1988 - 19.8.1988)

၁၉၈၈-ခုနှစ်၊သြဂုတ်၁၂-ရက်မှ သြဂုတ် ၁၉-ရက်ထိ တစ်ပတ်သာ သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်
သည်။


ဒေါက်တာမောင်မောင် (19.8.1988 - 18.9.1988)

၁၉၈၈-ခုနှစ်၊ သြဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာဝန်ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။


ဗိုလ်ချုပ်မှူးကြီး စောမောင်

၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။
၁၉၈၈-ခုနှစ်၊စက်တင်ဘာလ ၁၈-ရက်မှ ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃-ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအရ ရုတ်တရက် အနားယူခဲ့သည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဗိုလ်ချုပ်မှူးကြီးစောမောင်ကျန်းမာရေးအရ ရုတ်တရက် အနားယူခဲ့ပြီးနောက် ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် နိုင်ငံ့အကြီးအကဲ တာဝန်ယူခဲ့သူ ဖြစ်သည်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ စတင်ကာ စစ်ဘက်ရာထူးများ နိုင်ငံ့အကြီးအကဲတာဝန်များမှ အနားယူကာ သက်ဆိုင်ရာ နိုင်ငံတော်သမ္မတ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်တို့ ထံသို့ လွှဲပြောင်းပေးခဲ့ပြီး အနားယူခဲ့သည်။

ဦးသိန်းစိန် (4.2.2011 - လက်ရှိ)

၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဘူသီရိ မြို့ နယ်မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက်ပွဲတွင်အနိုင်ရရွေးချယ်ခံရပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ
နိုင်ငံတော်သမ္မတအဖြစ်ရွေ့းချယ်တင်မြှောက်ခြင်းခံရသောပည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံဖြိုးရေးပါတြီကီး၏ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ခေါင်းဆောင်တစ်ဦးဖြစ်သည်း။ဇနီးမှာ ဒေါ်ခင်ခင်ဝင်းဖြစ်သည်။ ရင်သွေး (၃) ဦး ထွန်းကားသည်။ နေပြည်တော် တွင် နေထိုင်သည်။

၂၀၁၁ခုနှစ်မတ်လ၃၀ရက်နေမှစတင်ကာပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အကြီးအကဲ
ပြည်ထောင်စုအစိုးရအဖွဲဥက္ကဌနိုင်ငံတော်သမ္မတကြီးအဖြစ်နေပြည်တော်တွင် ရုံးထိုင်ထမ်းဆောင်လျှက်ရှိပါ
သည်

 
မုန်တိုင်းစုစည်းမှုများ

0 comments:

Post a Comment