Pages

Friday, February 8, 2013

ရေး-ဘုရားသုံးဆူ ကားလမ်းတွင် ဂိတ်ကြေးအလွန်များနေ

ရေး-ဘုရားသုံးဆူ ကားလမ်းတွင် ဂိတ်ကြေးအလွန်များ

သောကြာနေ့၊ ဖေဖေါ်ဝါရီလ 08 ရက် 2013 ခုနှစ်	 

မွန်ပြည်နယ်၊ ရေးမြို့မှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နုယ်ခွဲ ဘုရားသုံးဆူမြို့ အထိ မော်တော်ကားလမ်း တလျှောက်တွင် ဂိတ်ကြေးများပြားစွာ ပေးဆောင်နေကြရသည်ဟု ယင်းလမ်းတွင် ပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။

ရေး- ဘုရားသုံးဆူ မော်တော်ကားလမ်းကြောင်းရှိ မရမ်းချောင်းဂိတ်၌် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် ၁၀၂၂ ဂိတ်မှူးစောအယ်ထူးဆိုသူက ကားသမားများအား ရှင်းလင်းပြောပြချက်အရ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် ဂိတ်ဖွင့်ခွင့်ရရှိထားသည့်အတွက် ဖြတ်သန်းသွား လာနေကြသောခရီးသည်များထံမှ တစ်ဦးလျှင်၂၀ဝ၀ ကျပ်နှုန်းကောက်ခံလျှက် ရှိသည်။

ရေး-ဘုရားသုံးဆူ ကားသမားတစ်ဦးက “ဒီလိုမျိုးဂိတ်ကြေးတွေ နေရာတိုင်းပေးနေရတော့ ကျနော်တို့လို ကားသမားတွေအဖို့ တွက်ချေမကိုက်တော့ပါဘူး၊ တကယ်လို့ လမ်းမှာ ကားတခုခုချို့ယွင်းသွားရင်တော့ အိပ်စိုက်ပဲ” ဟု ပြောသည်။

ထို့အပြင် ဘုရားသုံးဆူမြို့ ဝင်ထွက်ဂိတ် အစိုးရဌာန၏ အဖွဲ့ပေါင်းစုံဖြစ်ကြသော ထွေအုပ်ရုံး၊ သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေအဖွဲ့ (လဝက)၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)၊ ရဲအထူးသတင်းတပ်ဖွဲ့(SB)၊ မီးသတ်၊ ရဲဌာန တို့၏ အဖွဲ့စုံဂိတ်သစ်တစ်ခု ယခုသီတင်းပတ်အတွင်း ဖွင့်လှစ်ခဲ့ရာ မြို့အထွက်ကားတစ်စီးလျှင် ထိုင်းဘတ်ငွေ ၃၀ဝ ကောက်ခံလျှက်ရှိပြီး ဘုရားသုံးဆူမြို့အဝင် ခရီးသည်တစ်ဉီ်းလျှင် ဘတ် ၅၀ နှုန်းပေးဆောင်နေရကြောင်း ဘုရားသုံးဆူ နယ်စပ်ကားသမားများက ပြောသည်။

အလားတူ နယ်စပ်နှင့်ပြည်တွင်း သွားရောက်ကြသည့် ခရီးသည်တစ်ဦးလျှင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဂိတ်အတွက် ၂၀ဝ၀ ကျပ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဂိတ်အတွက် ၂၀ဝ၀ ကျပ်၊ မွန်ပြည်သစ်ပါတီ (NMSP) အတွက် ၁၀ဝ၀ ကျပ် အသီးသီး ပေးဆောင်နေရ ကြောင်း ကားသမားများထံမှ သိရသည်။

ရေးမြို့အဝင်အထွက် အစိုးရဌာနပေါင်းစုံရှိသော တံတားဖြူဂိတ်တွင်လည်း ခရီးသည်တစ်ဦးလျှင် ဖြတ်သန်းခ ၁၀ဝ၀ ကျပ်နှုန်း ကောက်ခံနေသည်ဟု မြို့ခံများမှ သိရသည်။

ဘုရားသုံးဆူနယ်စပ်မှ ရေးမြို့နယ်သို့ လက်ရှိတွင် ဂိတ်ကြေးအားလုံးအပါအဝင် ခရီးသည်တစ်ဦးလျှင် မော်တော်ကားခ ထိုင်းဘတ် ၈၀ဝ သို့မဟုတ် မြန်မာငွေအားဖြင့် ငွေကျပ်နှစ်သောင်းကျော် ပေးဆောင်ရ သည်ဟု ခရီးသည်များထံမှသိရသည်။

ယင်းဘုရားသုံးဆူ – ရေး ကားလမ်းကြောင်းသည် မွန်ပြည်သစ်ပါတီ၏ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး တောင်ညိုတန်း၏ အမြင့်ပေတစ်ထောင်ကျော် အထက်တွင် မြေသားလမ်းကြမ်း မော်တော်ကားလမ်း ဖြစ်သည့်အတွက် လေးဘီးယက်ယာဉ်ငယ်(4-WD) များဖြင့်သာ သွားလာနိုင်သည်။

၎င်းအပြင် KNU ထိန်းချုပ်နယ်မြေတွင် ဘုရားသုံးဆူ-အနန်းကွင်း-သံဖြူဇရပ်လမ်း၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လမ်းကြောင်းများတွင်လည်း မော်တော်ကား-ဆိုင်ကယ်များဖြင့် ခရီးသွားလာ လျှက်ရှိကြ သည်။

ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူမြို့နှင့် ကုန်သွယ်ရာ လမ်းကြောင်းပေါ်တွင် လမ်းအခြေအနေအရ ပွင့်လင်းရာသီ၌သာ ကုန်သွယ်နိုင်ပြီ်း ဒေသန္တရ အခြေအနေအရ လိုင်စင်မဲ့(လေးဘီးယက်) ယာဉ်ငယ်များ ဖြစ်သာ သွားလာခဲ့ကြ၍ ယခုအခါ ရေး၊ မုဒုံ၊ သံဖြူဇရပ်၊ လမိုင်းမြို့နယ်များမှ စုစုပေါင်းယာဉ် (၁၅၀)စီးခန့် ပြေးဆွဲလျှက် ရှိကြသည်။

ဘုရားသုံးဆူနယ်စပ်တွင် အစိုးရစစ်တပ်အပါအဝင် ရဲ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့များအပြင် အပစ်ရပ်အဖွဲ့ဝင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ၊ KNU, DKBA တပ်ဖွဲ့တို့၏ ဂိတ်စခန်းများအသီးသီး ရှိနေကြသည်။


ရေး-ဘုရားသုံးဆူ ကားတစ်စီးပေါ်မှခရီးသည်များ(BNA)


Credit to : လွတ်လပ်သော မွန်သတင်းအေဂျင်စီ
https://www.facebook.com/excellencemedia

အေးချမ်းမွန်
ရေး-ဘုရားသုံးဆူ ကားတစ်စီးပေါ်မှခရီးသည်များ(BNA)
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 08 ရက် 2013 ခုနှစ်

မွန်ပြည်နယ်၊ ရေးမြို့မှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နုယ်ခွဲ ဘုရားသုံးဆူမြို့ အထိ မော်တော်ကားလမ်း တလျှောက်တွင် ဂိတ်ကြေးများပြားစွာ ပေးဆောင်နေကြရသည်ဟု ယင်းလမ်းတွင် ပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။ ရေး- ဘုရားသုံးဆူ မော်တော်ကားလမ်းကြောင်းရှိ မရမ်းချောင်းဂိတ်၌် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် ၁၀၂၂ ဂိတ်မှူးစောအယ်ထူးဆိုသူက ကားသမားများအား ရှင်းလင်းပြောပြချက်အရ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် ဂိတ်ဖွင့်ခွင့်ရရှိထားသည့်အတွက် ဖြတ်သန်းသွား လာနေကြသောခရီးသည်များထံမှ တစ်ဦးလျှင်၂၀ဝ၀ ကျပ်နှုန်းကောက်ခံလျှက် ရှိသည်။

ရေး-ဘုရားသုံးဆူ ကားသမားတစ်ဦးက “ဒီလိုမျိုးဂိတ်ကြေးတွေ နေရာတိုင်းပေးနေရတော့ ကျနော်တို့လို ကားသမားတွေအဖို့ တွက်ချေမကိုက်တော့ပါဘူး၊ တကယ်လို့ လမ်းမှာ ကားတခုခုချို့ယွင်းသွားရင်တော့ အိပ်စိုက်ပဲ” ဟု ပြောသည်။

ထို့အပြင် ဘုရားသုံးဆူမြို့ ဝင်ထွက်ဂိတ် အစိုးရဌာန၏ အဖွဲ့ပေါင်းစုံဖြစ်ကြသော ထွေအုပ်ရုံး၊ သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေအဖွဲ့ (လဝက)၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)၊ ရဲအထူးသတင်းတပ်ဖွဲ့(SB)၊ မီးသတ်၊ ရဲဌာန တို့၏ အဖွဲ့စုံဂိတ်သစ်တစ်ခု ယခုသီတင်းပတ်အတွင်း ဖွင့်လှစ်ခဲ့ရာ မြို့အထွက်ကားတစ်စီးလျှင် ထိုင်းဘတ်ငွေ ၃၀ဝ ကောက်ခံလျှက်ရှိပြီး ဘုရားသုံးဆူမြို့အဝင် ခရီးသည်တစ်ဉီ်းလျှင် ဘတ် ၅၀ နှုန်းပေးဆောင်နေရကြောင်း ဘုရားသုံးဆူ နယ်စပ်ကားသမားများက ပြောသည်။

အလားတူ နယ်စပ်နှင့်ပြည်တွင်း သွားရောက်ကြသည့် ခရီးသည်တစ်ဦးလျှင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဂိတ်အတွက် ၂၀ဝ၀ ကျပ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဂိတ်အတွက် ၂၀ဝ၀ ကျပ်၊ မွန်ပြည်သစ်ပါတီ (NMSP) အတွက် ၁၀ဝ၀ ကျပ် အသီးသီး ပေးဆောင်နေရ ကြောင်း ကားသမားများထံမှ သိရသည်။

ရေးမြို့အဝင်အထွက် အစိုးရဌာနပေါင်းစုံရှိသော တံတားဖြူဂိတ်တွင်လည်း ခရီးသည်တစ်ဦးလျှင် ဖြတ်သန်းခ ၁၀ဝ၀ ကျပ်နှုန်း ကောက်ခံနေသည်ဟု မြို့ခံများမှ သိရသည်။

ဘုရားသုံးဆူနယ်စပ်မှ ရေးမြို့နယ်သို့ လက်ရှိတွင် ဂိတ်ကြေးအားလုံးအပါအဝင် ခရီးသည်တစ်ဦးလျှင် မော်တော်ကားခ ထိုင်းဘတ် ၈၀ဝ သို့မဟုတ် မြန်မာငွေအားဖြင့် ငွေကျပ်နှစ်သောင်းကျော် ပေးဆောင်ရ သည်ဟု ခရီးသည်များထံမှသိရသည်။

ယင်းဘုရားသုံးဆူ – ရေး ကားလမ်းကြောင်းသည် မွန်ပြည်သစ်ပါတီ၏ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး တောင်ညိုတန်း၏ အမြင့်ပေတစ်ထောင်ကျော် အထက်တွင် မြေသားလမ်းကြမ်း မော်တော်ကားလမ်း ဖြစ်သည့်အတွက် လေးဘီးယက်ယာဉ်ငယ်(4-WD) များဖြင့်သာ သွားလာနိုင်သည်။

၎င်းအပြင် KNU ထိန်းချုပ်နယ်မြေတွင် ဘုရားသုံးဆူ-အနန်းကွင်း-သံဖြူဇရပ်လမ်း၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လမ်းကြောင်းများတွင်လည်း မော်တော်ကား-ဆိုင်ကယ်များဖြင့် ခရီးသွားလာ လျှက်ရှိကြ သည်။

ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူမြို့နှင့် ကုန်သွယ်ရာ လမ်းကြောင်းပေါ်တွင် လမ်းအခြေအနေအရ ပွင့်လင်းရာသီ၌သာ ကုန်သွယ်နိုင်ပြီ်း ဒေသန္တရ အခြေအနေအရ လိုင်စင်မဲ့(လေးဘီးယက်) ယာဉ်ငယ်များ ဖြစ်သာ သွားလာခဲ့ကြ၍ ယခုအခါ ရေး၊ မုဒုံ၊ သံဖြူဇရပ်၊ လမိုင်းမြို့နယ်များမှ စုစုပေါင်းယာဉ် (၁၅၀)စီးခန့် ပြေးဆွဲလျှက် ရှိကြသည်။

ဘုရားသုံးဆူနယ်စပ်တွင် အစိုးရစစ်တပ်အပါအဝင် ရဲ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့များအပြင် အပစ်ရပ်အဖွဲ့ဝင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ၊ KNU, DKBA တပ်ဖွဲ့တို့၏ ဂိတ်စခန်းများအသီးသီး ရှိနေကြသည်။




လွတ်လပ်သော မွန်သတင်းအေဂျင်စီ

0 comments:

Post a Comment