Pages

Friday, February 8, 2013

ဧရာဝတီတိုင်း၏ ပထမဦးဆုံး လက်ခစား အပ်ကုန်စနစ်ဖြင့် အထည်ချုပ်စက်ရုံ ပုသိမ်မြို့နယ်အတွင်း ဖွင့်လှစ်မည်

Friday, 08 February 2013 13:18
ဧရာဝတီတိုင်း ဒေသကြီး၏ ပထမဦးဆုံး လက်ခစား အပ်ကုန်စနစ် (CMP) ဖြင့် ချုပ်လုပ်မည့် အထည်ချုပ်စက်ရုံအား လာမည့်မေလအတွင်း ပုသိမ်မြို့နယ်အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ အဆိုပါ အထည်ချုပ်စက်ရုံ DIG ကုမ္ပဏီလီမိတက်မှ ဖွင့်လှစ်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းသား လုပ်ငန်းရှင်များ စုပေါင်းတည်ထောင်ထားခြင်း ဖြစ်သည်။ ''ဧရာဝတီတိုင်းမှာ ဒီလို CMP စနစ်နဲ့ ချုပ်တဲ့ စက်ရုံမျိုး တစ်ခုမှ မရှိသေးဘူး။ အဓိကက ဧရာဝတီတိုင်း ဒေသကြီးကလူတွေ အလုပ်အကိုင်ရဖို့ အတွက်ရယ်၊ CMP လုပ်ငန်းတွေ ပိုတိုးတက် စေချင်တာရယ်ကြောင ဖွင့်ဖြစ်တာပါ။ ဒီစက်ရုံကို ဧရာဝတီတိုင်း ဒေသကြီးမှာ ဖွင့်ဖြစ်တာက ရန်ကုန်မှာ စက်မှုဇုန်မြေဈေးတွေက အဆမတန် ဖြစ်နေတာရယ်၊ အဲဒီဒေသက နယ်ခံတွေ ရန်ကုန်ကို လာစရာမလိုဘဲ အိုးမကွာ အိမ်မကွာ အလုပ်လုပ်နိုင်အောင် ရည်ရွယ်ပြီး ဖွင့်ခဲ့တာပါ'' ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။

၎င်းစက်ရုံအတွက် ဒေသခံအလုပ်သမား နှစ်ထောင်ကျော် အလုပ်အကိုင် အခွင့်အလမ်း ရရှိမည်ဖြစ်ပြီး လက်ရှိတွင် လာရောက်လျှောက်ထားသူ ဦးရေ ငါးထောင်ခန့် ရှိကြောင်း သိရသည်။

ထိုသို့ ပြည်တွင်း၌ လက်ခစား အပ်ကုန်စနစ် (CMP) ဖြင့် ချုပ်လုပ်သည့် ပုဂ္ဂလိက စက်ရုံများအနက် ဧရာဝတီတိုင်း၌ မကြာမီဖွင့်လှစ်မည့် DIG စက်ရုံမှာ ရန်ကုန်နှင့် ပဲခူးမြို့ပြီးက တတိယမြောက် စက်ရုံဖြစ်သည်။


 Eleven Media Group

0 comments:

Post a Comment