Pages

Friday, February 8, 2013

နိုင်ငံပေါင်း ၂၂ နိုင်ငံ ဆိုက်ရောက်ဗီဇာ ထပ်တိုးခွင့်ပြု

နိုင်ငံပေါင်း ၂၂ နိုင်ငံ ဆိုက်ရောက်ဗီဇာ ထပ်တိုးခွင့်ပြု
------------------------------------------------------
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ယခုလ ၁ ရက်နေ့မှစပြီး အီးယူနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးနေပြီလို့ သိရှိရသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံပေါင်း ၂၆ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ရာကနေ ယခုလ ၁ ရက်နေ့ကစပြီး နောက်ထပ် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ထပ်မံခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ “နိုင်ငံပေါင်း ၂၂ နိုင်ငံ ဆိုက်ရောက်ဗီဇာကို မန္တလေးလေဆိပ်ရော၊ ရန်ကုန်လေဆိပ်ရော အတူတူ တစ်ပြိုင်နက် ခွင့်ပြုလိုက်တာ၊ နိုင်ငံတွေ ထပ်တိုးခွင့်ပြုလိုက်တာက စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာလို့ ပိုပြီး လာဖို့အတွက်ကို သူတို့နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ခွင့်ပြုလိုက်တာ” လို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောပါတယ်။

ခွင့်ပြုပေးတဲ့ ဗီဇာအမျိုးအစားတွေက လုပ်ငန်းဗီဇာ၊ ပြည်ဝင်ခွင့်ဗီဇာ (အစည်းအဝေး၊ အလုပ်ရုံ ဆွေးနွေးပွဲ၊ တွေ့ဆုံမှု)၊ ဖြတ်သန်းဗီဇာ တို့ဖြစ်ပါတယ်။ လုပ်ငန်းဗီဇာအတွက်က အမေရိကန်ဒေါ်လာ ၅၀ ကျသင့်မှာဖြစ်ပြီး ခွင့်ပြုကာလက ရက်ပေါင်း ၇၀ ဖြစ်ပါတယ်။ ပြည်ဝင်ခွင့်ဗီဇာအတွက်က အမေရိကန်ဒေါ်လာ ၄၀ ကျသင့်မှာဖြစ်ပြီး ခွင့်ပြုကာလ ရက်ပေါင်း ၂၈ ရက်၊ ဖြတ်သန်းဗီဇာအတွက်က အမေရိကန်ဒေါ်လာ ၂၀ ကျသင့်မှာဖြစ်ပြီး ခွင့်ပြုကာလက ၂၄ နာရီ ဖြစ်ပါတယ်။ ယခုလ ၁ ရက်နေ့ကစပြိး ဆိုက်ရောက်ဗီဇာ ခွင့်ပြုတဲ့နိုင်ငံ ၂၂ နိုင်ငံမှာ- သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ကနေဒါ၊ ဆိုက်ပရက်စ်၊ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ဂရိစ်၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အစ္စရေး၊ လက်ဗီးယား၊ လစ်သူရေးနီးယား၊ လူဇင်ဘတ်၊ မော်လ်တာ၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စလိုဗက်ကီးယားနှင့် စလိုဗေးနီးယားတို့ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မော်ဒန် သတင်း ဂျာနယ်တွင် ဖော်ပြထားပါသည်။
(http://www.khitlunge.net.mm/news/news_detail.aspx?info_id=28857)


အေးချမ်းမွန်မှ Myanmar1 တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ယခုလ ၁ ရက်နေ့မှစပြီး အီးယူနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးနေပြီလို့ သိရှိရသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံပေါင်း ၂၆ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ရာကနေ ယခုလ ၁ ရက်နေ့ကစပြီး နောက်ထပ် နိုင်ငံပေါင်း ၂၂ နိုင်ငံကို ထပ်မံခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ “နိုင်ငံပေါင်း ၂၂ နိုင်ငံ ဆိုက်ရောက်ဗီဇာကို မန္တလေးလေဆိပ်ရော၊ ရန်ကုန်လေဆိပ်ရော အတူတူ တစ်ပြိုင်နက် ခွင့်ပြုလိုက်တာ၊ နိုင်ငံတွေ ထပ်တိုးခွင့်ပြုလိုက်တာက စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာလို့ ပိုပြီး လာဖို့အတွက်ကို သူတို့နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ခွင့်ပြုလိုက်တာ” လို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောပါတယ်။

ခွင့်ပြုပေးတဲ့ ဗီဇာအမျိုးအစားတွေက လုပ်ငန်းဗီဇာ၊ ပြည်ဝင်ခွင့်ဗီဇာ (အစည်းအဝေး၊ အလုပ်ရုံ ဆွေးနွေးပွဲ၊ တွေ့ဆုံမှု)၊ ဖြတ်သန်းဗီဇာ တို့ဖြစ်ပါတယ်။ 
 
လုပ်ငန်းဗီဇာအတွက်က အမေရိကန်ဒေါ်လာ ၅၀ ကျသင့်မှာဖြစ်ပြီး ခွင့်ပြုကာလက ရက်ပေါင်း ၇၀ ဖြစ်ပါတယ်။
 
ပည်ဝင်ခွင့်ဗီဇာအတွက်က အမေရိကန်ဒေါ်လာ ၄၀ ကျသင့်မှာဖြစ်ပြီး ခွင့်ပြုကာလ ရက်ပေါင်း ၂၈ ရက်၊ ဖြတ်သန်းဗီဇာအတွက်က အမေရိကန်ဒေါ်လာ ၂၀ ကျသင့်မှာဖြစ်ပြီး ခွင့်ပြုကာလက ၂၄ နာရီ ဖြစ်ပါတယ်။ 
 
ယခုလ ၁ ရက်နေ့ကပြိး ဆိုက်ရောက်ဗီဇာ ခွင့်ပြုတဲ့နိုင်ငံ ၂၂ နိုင်ငံမှာ- သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ကနေဒါ၊ ဆိုက်ပရက်စ်၊ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ဂရိစ်၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အစ္စရေး၊ လက်ဗီးယား၊ လစ်သူရေးနီးယား၊ လူဇင်ဘတ်၊ မော်လ်တာ၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စလိုဗက်ကီးယားနှင့် စလိုဗေးနီးယားတို့ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မော်ဒန် သတင်း ဂျာနယ်တွင် ဖော်ပြထားပါသည်။

 
Myanmar1

0 comments:

Post a Comment