Pages
Friday, February 8, 2013
သန်လျင်မြို.နယ် NLD ပါတီရုံးအတွင်း သတင်းပေးတစ်ဦးအား ဖေါ်ထုတ်ရရှိ
သန်လျင်မြို.နယ် NLD ပါတီရုံးအတွင်း သတင်းပေးတစ်ဦးအား ဖေါ်ထုတ်ရရှိ။
အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်၏ ပါတီတွင်း ညီလာခံများကို အောက်ခြေရပ်ကွက်အဆင့်မှ စတင်ပြိး ကျင်းပပြုလုပ်လျှက်ရှိရာ များမကြာမှီ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာညီလာခံပင် ပေါ်ပေါက်လာတော.မည်ဖြစ်သည်။
ထိုသို့  ညီလာခံအဆင့်ဆင့်မှ ရွေးချယ်လိုက်သော အလုပ်အမှုဆောင်များ၊ တိုင်းခရိုင်ညီလာခံကိုယ်စာလှယ်များတွင် ပြည်ခိုင်ဖြိုး အမာခံများ ရဲ၊ SB၊ စယဖ စသည့် အာဏာပိုင်အဖွဲ့ အစည်းများ၏ သတင်းပေးများလည်း ရည်ရွယ်ချက်ရှိရှိနှင့် ထိုးဖေါက်ပါဝင်လျှက်ရှိနေပေသည်။
NLD ပါတီအောက်ခြေမှ စတင်ဝင်ရောက် နေရာယူထားသော ပြည်ခိုင်ဖြိုး အမာခံများ၊ သတင်းပေးများသည် NLD ပါတီအောက်ခြေမှ စတင်ပြီး ညီညွတ်ရေး ပြိုကွဲအောင် ဆောင်ရွက်ခြင်း၊ သွေးခွဲသက်လျှိုခြင်း၊ ပါတီတွင်း သတင်းအချက်လက်များကို အာဏာပိုင်အဖွဲ့ အစည်းအဆင့်ဆင့်သို့ ပေးပို.ခြင်းများကို အပြိုင်အဆိုင်ပြုလုပ်လျက် ရှိသည်။
၅.၂.၂၀၁၃ ရက်နေ့  ညနေ သုံးနာရီကျော်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို.နယ် NLD ရုံးခန်းဘီရိုအတွင်းရှိ မြို.နယ်အလုပ်အမှုဆောင်များ၊ ခရိုင်ညီလာခံကိုယ်စားလှယ်များ၊ ဗဟိုညီလာခံကိုယ်စားလှယ်များ၏ ကိုယ်ရေးရာဇဝင်မှတ်တမ်းများကို သန်လျင်မြို.၊ မြို.သစ်ရပ်ကွက်နေ မရီရီမြင့်ဆိုသူ သတင်းပေးတစ်ဥိးမှ ခိုးယူမှုတစ်ရပ်ဖြစ် ပွားခဲ့သည်။ မရီရီမြင့်ဆိုသူ သတင်းပေး၏ စာရွက်စာတမ်းခိုးယူမှုကို ဦးဝင်းကိုကိုဝင်းဆိုသူ မြို.နယ်အလုပ်အမှုဆောင်မှ တွေ.မြင်ခဲ.ပြီး မြို.နယ်နှင့်တိုင်းညီလာခံကျင်းပရေးကော်မရှင်များမှ တာဝန်ရှိသူများကို သွားရောက်တိုင်ကြားခဲ့သည်။
မြို.နယ်နှင့်တိုင်းညီလာခံကျင်းပရေးကော်မရှင်များနှင့် မြို.နယ်အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးစိုးဟန်တို.မှ ရုံးတွင်းရှိ ဘီရိုကို စစ်ဆေးရာ ကိုယ်ရေးရာဇဝင်မှတ်တန်းများ ပျောက်ဆုံးနေကြောင်း တွေ.ရှိမှတ်တမ်းတင်ခဲ့ကြသည်။
၆.၂.၂၀၁၃ ရက်နေ့ မနက် ကိုးနာရီအချိန်တွင် တိုင်ကြားချက်အရ မရီရီမြင်ဆိုသူ သတင်းပေးအား ညီလာခံကျင်းပရေးကော်မရှင်များ၊ အလုပ်အမှုဆောင်များမှ ခေါ်ယူမေးမြန်ရာ မရီရီမြင့်မှ ယူဆောင်မိခဲ.ကြောင်း ဝန်ခံခဲ.ပြီး ကိုယ်ရေးရာဇဝင်များအား ပြန်လည်ပေးအပ်ခဲ.သည်။ မရီရီမြင့်ဆိုသူ သတင်းပေးမှ ပြောကြားရာတွင် ”ကျွန်မ ဒီစာရွက်တွေက အရေးကြီးတာ သိပါတယ်၊ ရုံးမှာ ပျောက်သွားမှာစိုးလို အိမ်ကိုယူသွားမိတာပါ” ဟု ပြောကြားခဲ့သည်။
(သတင်း/ဓါတ်ပုံ - နိုင်နိုင်)။
(သတင်း/ဓါတ်ပုံ - နိုင်နိုင်)။
အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်၏ ပါတီတွင်း ညီလာခံများကို အောက်ခြေရပ်ကွက်အဆင့်မှ စတင်ပြိး ကျင်းပပြုလုပ်လျှက်ရှိရာများမကြာမှီ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာညီလာခံပင် ပေါ်ပေါက်
လာတော.မည်ဖြစ်သည်။ထိုသို့  ညီလာခံအဆင့်ဆင့်မှ ရွေးချယ်လိုက်သော အလုပ်အမှုဆောင်များ၊ တိုင်းခရိုင်ညီလာခံကိုယ်စာလှယ်များတွင် ပြည်ခိုင်ဖြိုး အမာခံများ ရဲ၊ SB၊ စယဖ စသည့် အာဏာပိုင်အဖွဲ့ အစည်းများ၏ သတင်းပေးများလည်း ရည်ရွယ်ချက်ရှိရှိနှင့် ထိုးဖေါက်ပါဝင်လျှက်ရှိနေပေသည်။ NLD ပါတီအောက်ခြေမှ စတင်ဝင်ရောက် နေရာယူထားသော ပြည်ခိုင်ဖြိုး အမာခံများ၊ သတင်းပေးများသည် NLD ပါတီအောက်ခြေမှ စတင်ပြီး ညီညွတ်ရေး ပြိုကွဲအောင် ဆောင်ရွက်ခြင်း၊ သွေးခွဲသက်လျှိုခြင်း၊ ပါတီတွင်း သတင်းအချက်လက်များကို အာဏာပိုင်အဖွဲ့ အစည်းအဆင့်ဆင့်သို့ ပေးပို.ခြင်းများကို အပြိုင်အဆိုင်ပြုလုပ်လျက် ရှိသည်။
၅.၂.၂၀၁၃ ရက်နေ့  ညနေ သုံးနာရီကျော်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို.နယ် NLD ရုံးခန်းဘီရိုအတွင်းရှိ မြို.နယ်အလုပ်အမှုဆောင်များ၊ ခရိုင်ညီလာခံကိုယ်စားလှယ်များ၊ ဗဟိုညီလာခံကိုယ်စားလှယ်များ၏ ကိုယ်ရေးရာဇဝင်မှတ်တမ်းများကို သန်လျင်မြို.၊ မြို.သစ်ရပ်ကွက်နေ မရီရီမြင့်ဆိုသူ သတင်းပေးတစ်ဥိးမှ ခိုးယူမှုတစ်ရပ်ဖြစ် ပွားခဲ့သည်။ မရီရီမြင့်ဆိုသူ သတင်းပေး၏ စာရွက်စာတမ်းခိုးယူမှုကို ဦးဝင်းကိုကိုဝင်းဆိုသူ မြို.နယ်အလုပ်အမှုဆောင်မှ တွေ.မြင်ခဲ.ပြီး မြို.နယ်နှင့်တိုင်းညီလာခံကျင်းပရေးကော်မရှင်များမှ တာဝန်ရှိသူများကို သွားရောက်တိုင်ကြားခဲ့သည်။
မြို.နယ်နှင့်တိုင်းညီလာခံကျင်းပရေးကော်မရှင်များနှင့် မြို.နယ်အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးစိုးဟန်တို.မှ ရုံးတွင်းရှိ ဘီရိုကို စစ်ဆေးရာ ကိုယ်ရေးရာဇဝင်မှတ်တန်းများ ပျောက်ဆုံးနေကြောင်း တွေ.ရှိမှတ်တမ်းတင်ခဲ့ကြသည်။
၆.၂.၂၀၁၃ ရက်နေ့ မနက် ကိုးနာရီအချိန်တွင် တိုင်ကြားချက်အရ မရီရီမြင်ဆိုသူ သတင်းပေးအား ညီလာခံကျင်းပရေးကော်မရှင်များ၊ အလုပ်အမှုဆောင်များမှ ခေါ်ယူမေးမြန်ရာ မရီရီမြင့်မှ ယူဆောင်မိခဲ.ကြောင်း ဝန်ခံခဲ.ပြီး ကိုယ်ရေးရာဇဝင်များအား ပြန်လည်ပေးအပ်ခဲ.သည်။ မရီရီမြင့်ဆိုသူ သတင်းပေးမှ ပြောကြားရာတွင် ”ကျွန်မ ဒီစာရွက်တွေက အရေးကြီးတာ သိပါတယ်၊ ရုံးမှာ ပျောက်သွားမှာစိုးလို အိမ်ကိုယူသွားမိတာပါ” ဟု ပြောကြားခဲ့သည်။
NLD ပါတီအောက်ခြေတွင် ပြည်ခိုင်ဖြိုးများ၊ သတင်းပေးများ ဝင်ရောက်နေရာယူလျက်ရှိပြီး ပါတီဖြိုခွဲရေးများ ဆောင်ရွက်ခြင်း၊ ပါတီတွင်း သတင်းအချက်လက်များကို အာဏာပိုင်အဖွဲ့ အစည်းအသီသီးသို့  ပေးပို့ ခြင်းများ ဆောင်ရွက်နေကြောင်း တွေ့ ရှိရသဖြင့် လွန်စွာမှ စီစစ်သတိထားကြရန် လိုအပ်ပါသည်။
Nick Nay Man
0 comments:
Post a Comment