Pages

Friday, February 8, 2013

လေဖြတ်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာ သည် သွေးမလှူသည့်လူထက် သွေးလှူဒါန်းသည့် လူများတွင်နည်းပါးနိုင်

လေဖြတ်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာသည် သွေးမလှူသည့်လူထက် သွေးလှူဒါန်းသည့် လူများတွင်နည်းပါးနိုင်ကြောင်း
Friday, February 08, 2013 

လေဖြတ်ခြင်းနှင့်နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာသည်သွေးလှူဒါန်း
သည့်လူများတွင်နည်းပါးနိုင်ကြောင်း ကျန်းမာရေးအတိုင်ပင်ခံ ဦးစိုးထွဋ်က
 ပြောသည်။

”သွေးလှူရှင်တွေအနေနဲ့ သွေးလိုနေတဲ့ လူနာအတွက် သွေးလှူလိုက်ရလို့
 ကျေနပ်ပီတိတွေ ခံစားရတာအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေလည်း ရရှိစေပါတယ်။”ဟု အထက်ပါပုဂ္ဂိုလ်က
 ပြောသည်။

လူ၏ခန္ဓာ ကိုယ်မှ ထုတ်လုပ်ပေးနေသည့်သွေးကို ပုံမှန်လှူဒါန်းပေးခြင်း
သည် သွေးထဲမှ ကိုလက်စထရောပမာဏကို ထိန်း ထားနိုင်စေပြီး၊ အထူးသဖြင့် အမျိုးသားများ သည် ပုံမှန်သွေးလှူဒါန်းခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူး များစေနိုင်ကြောင်း သိရသည်။

”အမျိုးသမီးတွေအနေနဲ့ ရာသီဓမ္မတာကြောင့် လစဉ်ခန္ဓာကိုယ်ထဲ
ကနေ သွေးတွေဆုံးရှုံးထွက်ရှိလို့ သံဓာတ် ပမာဏ   လျော့နည်းကြပေမယ့်၊ အမျိုးသားများအနေ နဲ့ သွေးလှူဒါန်းမှုကနေပဲ ကိုယ်တွင်းက သံဓာတ်ပမာဏ ကို လျော့ နည်းစေတာပါ။ ထုတ်လှူလိုက်တဲ့ သွေးနဲ့အတူ ပါသွားတဲ့သံဓာတ်တွေကြောင့် သွေးလှူရှင်ရဲ့ ခန္ဓာကိုယ်ထဲက သံဓာတ်တွေလျော့စေတယ်။ သံဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ များလွန်းနေရင် မကောင်းပါဘူး။ သံဓာတ်တွေက ကိုလက်စထရော
 ဖြစ်စေတဲ့အရာမှာ တစ်ခုအပါ အဝင်ပေါ့။ ကိုလက်စထရော များရင် နှလုံး ရောဂါနဲ့ လေဖြတ်တာ ကို ဖြစ်စေတယ်။”ဟု ၄င်းမှ ဆိုသည်။

ယင်းကြောင့်ပုံမှန်သွေးလှူဒါန်းသည့် သွေးလှူရှင်များသည် သွေးလှူခြင်းဖြင့် မလိုလားအပ်သည့် သံဓာတ်ပမာဏ ကို လျှော့ချနိုင်ပြီး ကိုလက်စထရော
ကိုလည်း လျော့ နည်းစေကြောင်း သိရသည်။

”နောက် အယူအဆအမှားတွေလည်း ရှိတယ်၊ တချို့က ထင်ကြတယ်။
 သွေးလှူပြီးတဲ့နောက်ပိုင်း ကိုယ်အလေးချိန် တိုးပြီးဝလာမယ်၊ သွေးလှူ လိုက်လို့ အားနည်းမယ်ဆို တာတွေပဲ၊ တကယ်တမ်းကတော့ ထုတ်ယူ
လိုက်တဲ့ သွေးတစ် အိတ်ကြောင့် သွေးလှူရှင်မှာ ကယ်လိုရီ ၆၅ဝ စာ
 လျော့ကျစေတာတော့ မှန်တယ်။ ထုတ်လှူလိုက် တဲ့ သွေးတွေကို အစားထိုးပေးဖို့အတွက် ခန္ဓာကိုယ်က သွေးအသစ်တွေကို အချိန်ပိုင်း
အတွင်း ပြန်လည် ထုတ်လုပ်ပေးပါတယ်။ ဒီတော့  သွေးဆဲလ်အသစ်တွေကို ရရှိစေပါတယ်။ ဒါကြောင့် သွေးလှူဒါန်းတာဟာ လတ်ဆတ်တဲ့သွေး
အသစ်တွေ ရရှိစေပြီး ကျန်း မာလန်းဆန်း စေပါတယ်”ဟု ကျန်းမာရေး
အတိုင်ပင်ခံ ဒေါက်တာ ဦးစိုးထွဋ်က ပြောသည်။

Health Articles

Friday, February 08, 2013

လေဖြတ်ခြင်းနှင့်နှလုံးရောဂါဖြစ်နိုင်ခြေအလားအလာသည်သွေးလှူဒါန်း သည့်လူများတွင်နည်းပါးနိုင်ကြောင်း ကျန်းမာရေးအတိုင်ပင်ခံ ဦးစိုးထွဋ်က ပြောသည်။ ”သွေးလှူရှင်တွေအနေနဲ့ သွေးလိုနေတဲ့ လူနာအတွက် သွေးလှူလိုက်ရလို့ ကျေနပ်ပီတိတွေ ခံစားရတာအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေလည်း ရရှိစေပါတယ်။”ဟု အထက်ပါပုဂ္ဂိုလ်က
ပြောသည်။

လူ၏ခန္ဓာ ကိုယ်မှ ထုတ်လုပ်ပေးနေသည့်သွေးကို ပုံမှန်လှူဒါန်းပေးခြင်း သည် သွေးထဲမှ ကိုလက်စထရောပမာဏကို ထိန်း ထားနိုင်စေပြီး၊ အထူးသဖြင့် အမျိုးသားများ သည် ပုံမှန်သွေးလှူဒါန်းခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူး များစေနိုင်ကြောင်း သိရသည်။

”အမျိုးသမီးတွေအနေနဲ့ရာသီဓမ္မတာကြောင့်လစဉ်ခန္ဓာကိုယ်ထဲကနေ သွေးတွေဆုံးရှုံးထွက်ရှိလို့ သံဓာတ်
ပမာဏလျော့နည်းကြပေမယ့်၊ အမျိုးသားများအနေ နဲ့ သွေးလှူဒါန်းမှုကနေပဲ ကိုယ်တွင်းက သံဓာတ်ပမာဏ ကို လျော့ နည်းစေတာပါ။ ထုတ်လှူလိုက်တဲ့ သွေးနဲ့အတူ ပါသွားတဲ့သံဓာတ်တွေကြောင့် သွေးလှူရှင်ရဲ့ ခန္ဓာကိုယ်ထဲက သံဓာတ်တွေလျော့စေတယ်။ သံဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ များလွန်းနေရင် မကောင်းပါဘူး။ သံဓာတ်တွေက ကိုလက်စထရော ဖြစ်စေတဲ့အရာမှာ တစ်ခုအပါ အဝင်ပေါ့။ ကိုလက်စထရော များရင် နှလုံး ရောဂါနဲ့ လေဖြတ်တာ ကို ဖြစ်စေတယ်။”ဟု ၄င်းမှ ဆိုသည်။

ယင်းကြောင့်ပုံမှန်သွေးလှူဒါန်းသည့် သွေးလှူရှင်များသည် သွေးလှူခြင်းဖြင့် မလိုလားအပ်သည့် သံဓာတ်ပမာဏ ကို လျှော့ချနိုင်ပြီး ကိုလက်စထရော ကိုလည်း လျော့ နည်းစေကြောင်း သိရသည်။

”နောက် အယူအဆအမှားတွေလည်း ရှိတယ်၊တချို့ကထင်ကြတယ်။ သွေးလှူပြီးတဲ့နောက်ပိုင်းကိုယ်အလေး
ချိန် တိုးပြီးဝလာမယ်၊ သွေးလှူ လိုက်လို့ အားနည်းမယ်ဆို တာတွေပဲ၊ တကယ်တမ်းကတော့ ထုတ်ယူ လိုက်
တဲ့ သွေးတစ် အိတ်ကြောင့် သွေးလှူရှင်မှာ ကယ်လိုရီ ၆၅ဝ စာ လျော့ကျစေတာတော့ မှန်တယ်။ ထုတ်လှူ
လိုက် တဲ့ သွေးတွေကို အစားထိုးပေးဖို့အတွက် ခန္ဓာကိုယ်က သွေးအသစ်တွေကို အချိန်ပိုင်း အတွင်း ပြန်
လည် ထုတ်လုပ်ပေးပါတယ်။ 
 
ဒီတော့ သွေးဆဲလ်အသစ်တွေကိုရရှိစေပါတယ်။ဒါကြောင့် သွေးလှူဒါန်းတာဟာ လတ်ဆတ်တဲ့သွေး အသစ်
တွ ရရှိစေပြီး ကျန်း မာလန်းဆန်း စေပါတယ်”ဟု ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာ ဦးစိုးထွဋ်က ပြော
သည်။

Health Articles

0 comments:

Post a Comment