Pages

Friday, February 8, 2013

၁၉နှစ်ကြာပိတ်ခဲ့သော စူဠာမဏိစေတီ၏ ပစ္စယာပေါ်မှ ပထမဆုံးအကြိမ် တက်ရောက်ကြည့်ရှုခွင့်ပြုခဲ့

Photo: ၁၉နှစ်ကြာပိတ်ခဲ့သော စူဠာမဏိစေတီ၏ ပစ္စယာပေါ်မှ ပထမဆုံးအကြိမ်
တက်ရောက်ကြည့်ရှုခွင့်ပြုခဲ့


နှစ်ပေါင်း (၁၉) နှစ်ခန့် ကြာပိတ်ထားသည့် စူဠာမဏိစေတီတော်၏ ပစ္စယာပေါ်မှ နေ၀င်ချိန်ဆည်းဆာအလှအား ပထမဦးဆုံး အကြိမ်အဖြစ်
ကြည့်ရှုခွင့်ကို ဖေဖော်ဝါရီလ (၇) ရက်နေ့က စတင်ခွင့်ပြု ပေးခဲ့ကြောင်းသိရှိ
ရသည်။

အဆိုပါဘုရားစေတီတော်အား ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဒေါ်ခင်စန္ဒာခင် လာရောက်ကြည့်ရှုသည့်အတွက် ဖွင့်လှစ်ပေး
ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးပြန်ပြီးနောက်ပိုင်းတွင် ပုံမှန်အတိုင်းဆက်လက်ပိတ်
ထားလိုက်ကြောင်းသိရှိရသည်။

“အခုလိုဝန်ကြီးလာကြည့်တာက ဘုရားတွေပျက်စီးတာတွေကိုလာကြည့်
တာပါ။ ဘုရားမှာက အုတ်တွေပျက်စီးနေတာ တွေ၊ ဘုရားပေါ်မှာကြံ့ခိုင်မှု
မရှိတာတွေကိုကြည့်တာပါ။ ဒီဘုရားကိုတော့ နေ၀င်ချိန်ကြည့်ဖို့အတွက်တော့
ဖွင့်ပေး မှာမဟုတ်ပါဘူး။” ဟု ရှေးဟောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

အဆိုပါစေတီတော်အား ဒေါ်ခင်စန္ဒာခင် နေဝင်ချိန်လာရောက်ကြည့်ရှုရန်အတွက် ဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟုဒေသခံများ ကပြောဆိုလျက်ရှိသည်။

“ဘုရားပေါ်မှာခုံတွေခင်းပြီး (၁၉) နှစ်လောက် ပိတ်ထားတဲ့ဘုရားပေါ်မှာ
ဒေါ်ခင်စန္ဒာခင်လာရောက်ကြည့်ဖို့ အတွက် စားသောက်ဖွယ်ရာတွေ၊ ခုံတွေခင်းပြီး ပြင်ဆင်ထားတယ်။ နေ၀င်ချိန်ကြည့်ဖို့အတွက်ပေါ့။ အခုနိုင်ငံ
ခြားသားတွေလာတဲ့ အချိန်မှာကြည့်ဖို့အတွက် ဘုရားနှစ်ဆူကိုဖွင့်ပေး
ထားတယ်။”ဟု ပုဂံ ညောင်ဦးဒေသခံတစ်ဦးဖြစ်သူ ကိုမင်းနိုင်အောင် က
ပြောသည်။

ထိုသို့ ဝန်ကြီးလာရောက်ရာ၌ စေတီပစ္စယာပ်ါတွင် အစားအသောက် များဖြင့်တည်ခင်း ဧည့်ခံရန်ပြင်ဆင်ထား သဖြင့် ဒေသခံများက
ဝေဖန်ပြောဆိုလျက်ရှိသည်။

အဆိုပါစေတီအား ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး ၂၀၀၀ပြည့်နှစ်ဝန်းကျင်က ပစ္စယံပေါ်မှယတြာခြေခြင်း၊ ဆုတောင်းခြင်းများပြုလုပ်ပါ က ဆုတောင်းပြည့်
သည် ဟုအရပ်စကား-ကောလဟာလများ ထွက်ပေါ်ခဲ့ကြောင်းသိရှိရသည်။

ရှေးဟောင်းဘုရားစေတီဖြစ်သောကြောင့် ထိန်းသိမ်းစောင့်ရှောက်လို
သည့်သဘောဖြင့် ပိတ်လိုက်ခြင်းဖြစ်သည်ဟုလည်း သတင်းများထွက်ပေါ်
ခဲ့သည်။

ယင်းဘုရား၏ထူးခြားချက်သည် ကျင်တွယ်ပုံကျောက်များဖြင့်ခိုင်မာအောင်
ပြုလုပ်ထားခြင်း၊ ချင်မိတ်တိုးတန်း၏ အောက်ခြေတွင် သဲကျောက်တုံးများ
ပတ်လည်ခံထားခြင်း၊ အင်္ဂတေပန်းများအကြားတွင်အ၀ါရောင်၊ အစိမ်းရောင် စဉ်ပန်းခက်များဖြင့် သပ္ပါယ်စွာတန်ဆာဆင်ထားသော ဘုရားတစ်ဆူ
ဖြစ်ကြောင်း သိရသည်။

စူဠာမဏိဂူဘုရားသည် အေဒီ (၁၁) ရာစုခန့်က နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ် ထားခြင်းဖြစ်သည်ဟု သမိုင်းအထောက်အထားအရ သိရသည်။


အေးချမ်းမွန်မှ Myit Makha Mediagroup တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

နှစ်ပေါင်း (၁၉) နှစ်ခန့် ကြာပိတ်ထားသည့် စူဠာမဏိစေတီတော်၏ ပစ္စယာပေါ်မှ နေ၀င်ချိန်ဆည်းဆာအလှအား ပထမဦးဆုံး အကြိမ်အဖြစ် ကြည့်ရှုခွင့်ကို ဖေဖော်ဝါရီလ (၇) ရက်နေ့က စတင်ခွင့်ပြု ပေးခဲ့ကြောင်းသိရှိ ရသည်။ အဆိုပါဘုရားစေတီတော်အား ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဒေါ်ခင်စန္ဒာခင် လာရောက်ကြည့်ရှုသည့်အတွက် ဖွင့်လှစ်ပေး

ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးပြန်ပြီးနောက်ပိုင်းတွင် ပုံမှန်အတိုင်းဆက်လက်ပိတ် ထားလိုက်ကြောင်းသိရှိရသည်။

“အခုလိုဝန်ကြီးလာကြည့်တာက ဘုရားတွေပျက်စီးတာတွေကိုလာကြည့် တာပါ။ ဘုရားမှာက အုတ်တွေပျက်စီးနေတာ တွေ၊ ဘုရားပေါ်မှာကြံ့ခိုင်မှု မရှိတာတွေကိုကြည့်တာပါ။ ဒီဘုရားကိုတော့ နေ၀င်ချိန်ကြည့်ဖို့အတွက်တော့ ဖွင့်ပေး မှာမဟုတ်ပါဘူး။” ဟု ရှေးဟောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

အဆိုပါစေတီတော်အား ဒေါ်ခင်စန္ဒာခင် နေဝင်ချိန်လာရောက်ကြည့်ရှုရန်အတွက် ဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟုဒေသခံများ ကပြောဆိုလျက်ရှိသည်။

“ဘုရားပေါ်မှာခုံတွေခင်းပြီး (၁၉) နှစ်လောက် ပိတ်ထားတဲ့ဘုရားပေါ်မှာ ဒေါ်ခင်စန္ဒာခင်လာရောက်ကြည့်ဖို့ အတွက် စားသောက်ဖွယ်ရာတွေ၊ ခုံတွေခင်းပြီး ပြင်ဆင်ထားတယ်။ နေ၀င်ချိန်ကြည့်ဖို့အတွက်ပေါ့။ အခုနိုင်ငံ ခြားသားတွေလာတဲ့ အချိန်မှာကြည့်ဖို့အတွက် ဘုရားနှစ်ဆူကိုဖွင့်ပေး ထားတယ်။”ဟု ပုဂံ ညောင်ဦးဒေသခံတစ်ဦးဖြစ်သူ ကိုမင်းနိုင်အောင် က ပြောသည်။

ထိုသို့ ဝန်ကြီးလာရောက်ရာ၌ စေတီပစ္စယာပ်ါတွင် အစားအသောက် များဖြင့်တည်ခင်း ဧည့်ခံရန်ပြင်ဆင်ထား သဖြင့် ဒေသခံများက ဝေဖန်ပြောဆိုလျက်ရှိသည်။

အဆိုပါစေတီအား ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး ၂၀၀၀ပြည့်နှစ်ဝန်းကျင်က ပစ္စယံပေါ်မှယတြာခြေခြင်း၊ ဆုတောင်းခြင်းများပြုလုပ်ပါကဆုတောင်းပြည့်သည်ဟုအရပ်စကား-ကောလဟာလများ ထွက်ပေါ်ခဲ့ကြောင်းသိရှိရသည်။

ရှေးဟောင်းဘုရားစေတီဖြစ်သောကြောင့် ထိန်းသိမ်းစောင့်ရှောက်လို သည့်သဘောဖြင့် ပိတ်လိုက်ခြင်းဖြစ်
သည်ဟုလည်း သတင်းများထွက်ပေါ် ခဲ့သည်။

ယင်းဘုရား၏ထူးခြားချက်သည်ကျင်တွယ်ပုံကျောက်များဖြင့်ခိုင်မာအောင်ပြုလုပ်ထားခြင်း၊ ချင်မိတ်တိုးတန်း
၏ အောက်ခြေတွင် သဲကျောက်တုံးများ ပတ်လည်ခံထားခြင်း၊ အင်္ဂတေပန်းများအကြားတွင်အ၀ါရောင်၊ အစိမ်းရောင် စဉ်ပန်းခက်များဖြင့် သပ္ပါယ်စွာတန်ဆာဆင်ထားသော ဘုရားတစ်ဆူ ဖြစ်ကြောင်း သိရသည်။

စူဠာမဏိဂူဘုရားသည် အေဒီ (၁၁) ရာစုခန့်က နရပတိစည်သူမင်းကြီး တည်ထားကိုးကွယ် ထားခြင်းဖြစ်သည်ဟု သမိုင်းအထောက်အထားအရ သိရသည်။

Myit Makha Mediagroup
 

0 comments:

Post a Comment