Pages

Friday, February 8, 2013

မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်း
ဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရပါသည်။ငွေစက္ကူအတုလဲလှယ်ပေးသည့်သူအား
ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့ ည၉နာရီခွဲ အချိန်ခန့် အမှတ်(၉)ရဲစခန်းမှ နယ်ထိန်းအရာရှိနဲ့အဖွဲ့ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန် ရပ်
ကွက်အတွင်း ငွေစက္ကူ ၅၀၀၀ တန်၊ ၁၀၀၀ တန်များအား စည်သူဆိုသူမှ ငွေစက္ကူအတု ကျပ်တစ်သိန်းခွဲလျင်
 ငွေစက္ကူအစစ် ကျပ်တစ်သိန်းဖြင့် လဲလှယ်ပေးနေကြောင်း သတင်းရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၆ရက်နေ့ နေ့လယ် ၁၂နာရီ ၁၀မိနစ်အချိန် ဒုရဲအုပ်မျိုးမင်းကြူနှင့်အဖွဲ့မှ သက်သေများနှင့်
အတူ အသွင်ယူကာ ငွေစက္ကူလဲလှယ်ပေးသည့် စည်သူ(ခ)စည်သူမြင့်အား မြို့တော်ဥယျာဉ်ရှေ့တွင် ချိန်း
ဆိုဆက်သွယ်ခဲ့ကြောင်း သိရသည်။

စည်သူ(ခ)စည်သူမြင့်ပါ နှစ်ဦးသည် 125 ကန်ဘိုဆိုင်ကယ်ဖြင့် ရောက်ရှိလာသဖြင့် စစ်မေးရာမှ စည်သူ(ခ)
စည် သူမြင့် ၂၇နှစ် လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ၅၀၀၀တန်
တစ်ရွက် ၁၀၀၀တန် (၁၂၆) ရွက်တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ပြစ်မှုပုဒ်မ ၄၈၉ (ခ)အရ အမှတ်(၉)ရဲစခန်း
မှ (ပ)၈၄ /၂၀၁၃ဖြင့် အမှုဖွင့်အရေးယူခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ ငွေစက္ကူအတုများနှင့် ပတ်သက်ပြီး စည်သူ(ခ)စည်သူမြင့်မှ ငွေစက္ကူအတုများကို ချမ်းအေးသာဇံမြို့
နယ်တွင် နေထိုင်သည့် မသဇင်၏ ဆက်သွယ်ပေးမှုဖြင့် အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သ ရေ အနောက်ရပ်ကွက်၊ ၂၅လမ်းနှင့် ၂၆လမ်း၊၈၃လမ်းနှင့် ၈၄လမ်းကြား၊ သရဖီလမ်းသွယ်၊ အိမ်အမှတ်(၅၇/၃) တွင် နေထိုင်သည့် သက်တင်ထံမှ ရယူ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

သက်တင်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ သက်တင်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ညီမဖြစ်သူ မလွင်
ဇာခိုင်အား တွေ့ရှိရသဖြင့် မလွင်ဇာခိုင်၏ ဘီရိုအတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ၁၀၀၀တန်အသေး ၁၉၃ရွက်အား သိမ်းဆည်းရမိခဲ့သဖြင့် သက်တင်နှင့် မလွင်ဇာခိုင်တို့အား အမှတ် (၅)ရဲစခန်းမှ (ပ)၇၃/၂၀၁၃
၊ပြစ်မှုပုဒ်မ ၄၈၉-(ခ)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

weeklyeleven

0 comments:

Post a Comment