Pages

Saturday, February 9, 2013

လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ဘဲ မီးခိုးဗုံးဟု ပြန်လည်ပြောကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညို ပြောကြား


လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမျှ မီးလောင်ဗုံးမဟုတ်ပဲ မီးခိုးဗုံးဟု ပြန်လည်ပြော

ကြားခဲ့ခြင်းမရှိကြောင်း ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောကြားခဲ့သည်။
ဓာတုဗေဒပညာရှင်ဒေါက်တာ ခင်မောင်ညိုက'' Myanmar Express က ဒေါက်တာခင်မောင်ညို ၀န်ခံပြီဆိုပြီး
 ပြောတားတယ်။ Myanmar Express က တာဝန်မယူတတ်တဲ့ ၀က်ဘ်ဆိုဒ်ပေါ့လေ။ဘာမှ တာဝန်မယူပဲနဲ
့ လုပ်ချင်ရာလုပ်၊ဖြစ်ချင်ရာဖြစ် ပြောတဲ့ဝက်ဘ်ဆိုဒ်ပေါ့။

နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ပြီး လုပ်သမျှ တာဝန်မယူနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပါ။ ကျွန်တော်
သိသလောက်တော့ Myanmar Express ကနေ ကျွန်တော်ဆီ ဆက်သွယ်မေးမြန်းတာ မရှိပါဘူး။အခြားနည်း
လမ်းနဲ့ ဆက်သွယ် လာတာမျိုးတွေရှိလည်း မီးခိုးဗုံးမဟုတ်ဘူး မီးလောင်ဗုံးပဲ။မီးလောင်ဗုံး မဟုတ်ဘူး မီးခိုး
ဗုံးပဲဆိုတာ တစ်ခါမှမပြောပါဘူး။ဖြစ်တဲ့ကိစ္စတွေကိုပဲ ကျွန်တော်ပြောပါတယ်။

ဘယ်သူကိုမဆို အမှန်အတိုင်း ဖြစ်နေပျက်နေတာတွေကိုပဲ ကျွန်တော်ပြော ပါတယ်။Chemistry Point of View ကနေ စဉ်းစားဆင်ခြင်နိုင်ဖို့ ပြောတာပါ။ဒေါ်စုတို့ အလုပ်လုပ်ရလွယ်အောင်လို့ ဘာတွေဖြစ်တယ်ဆို
တာ သူတို့စုံစမ်းသင့်တယ်ဆိုတဲ့ အကြောင်းပဲ ကျွန်တော်ပြောတာပါ'' ဟု ပြောကြားခဲ့သည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

“မီးလောင်ဗုံးဆိုတာက ဓာတ်ဆီ၊ ဘင်ဇင်းနဲ့ မီးခိုးလိုပြစ်ခဲစေတဲ့ ဓာတ်ငွေ့တွေ ပါတယ်။ ထိတဲ့နေရာမှာ ကပ်

သွားပြီး အပူချိန်မြင့်မားတဲ့ ကာလမှာ မီးလောင်လေ့ရှိပါတယ်။”

ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုနှင့် တွေ့ဆုံခြင်း
အမည် – ဒေါက်တာခင်မောင်ညို
ပညာအရည်အချင်း -B.Sc (Chem:) မန္တလေး၊ M.Sc (ရန်ကုန်)၊ Ph.D (Chem:) (ဆဲလ်ဖို့ဒ်တက္ကသိုလ်၊ မန်ချက်စတာ)
ရန်ကုန်တက္ကသိုလ်တွင် ဓာတုဗေဒ ကထိကအဖြစ် ၂၆ နှစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အငြိမ်းစားယူ။

သပိတ်စခန်းများအား နှိမ်နင်းခဲ့ခြင်းကြောင့် သပိတ်စခန်းများရှိ သံဃာတော်များနှင့် ဒေသခံများ ဒဏ်ရာပြင်း

ထန်စွာရရှိမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ အသုံးပြုခဲ့သည့်ဗုံးများမှာ မျက်ရည်ယိုဗုံးနှင့် မီးခိုးဗုံးမဖြစ် နိုင်ဟု အငြင်းပွားနေမှုများအပေါ် ဓာတုဗေဒဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရရှိထား ဒေါက်တာခင်မောင်ညိုနှင့် တွေ့
ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး ။ အခုဖြစ်စဉ်မှာ ဒဏ်ရာရတဲ့သူတွေက အရေပြား အချပ်လိုက်ကွာကျပြီး၊ အသားတွေ ချိုင့်ဝင်သွားတယ်လို့ သိရပါတယ်။ နိုင်ငံတကာမှာ လက်ရှိသုံးနေတဲ့ မီးလောင်ဗုံး၊ မျက်ရည်ယိုဗုံးတွေမှာရော အခုနှိမ်နင်းမှုမှာ ဒဏ်ရာရသလိုမျိုး ရှိခဲ့ဘူးပါသလား။


မေး ။ နိုင်ငံတကာမှာတော့ အခုလို နှိမ်နင်းလို့ ဒီလိုဆိုးဆိုးရွားရွား ဒဏ်ရာရတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အခု သုံးစွဲခဲ့တဲ့ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးလို့ ဆိုပေမဲ့ အများစုက မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးလို့ မယူဆကြဘူး။ မျက်ရည် ယိုဗုံး၊ မီးခိုးဗုံးဆိုလည်း အင်မတန်ပြင်းတဲ့ ဗုံးအမျိုးအစား ဖြစ်ရမယ် ကြောက်ဖို့လည်း ကောင်းတယ်။ လူသေစေနိုင်တဲ့အထိလည်း ပြင်းထန်တာ တွေ့ရတယ်။ ဗီယက်နမ်၊ အမေရိကန်စစ်ဖြစ်တော့ အမေရိကန်လေတပ်က ဟိုချီမင်းမြို့တော်နားက ထရန်ဘန်းရွာပေါ်မှာ မီးလောင်ဗုံးတွေ ကြဲချခဲ့တယ်။


ဒီလိုဗုံးကြဲတော့ မီးလောင်ဒဏ်ရာနဲ့ အ၀တ်ဗလာပြေးလာတဲ့ ကလေးဓာတ်ပုံဟာ သမိုင်းဝင်ဓာတ်ပုံ ဖြစ်လာပါတယ်။ ပထမကမ္ဘာစစ်မှာကတည်းက သုံးလာခဲ့တဲ့ မီးလောင်ဗုံး၊ မျက်ရည်ယိုဗုံးထိလို့ ဆိုးရွားတဲ့ ထိခိုက်မှုဖြစ်တာ ဒါပထမဆုံးလို့တောင် ပြောလို့ရနိုင်တယ်။
မေး ။ အကြမ်းဖက်မှုတွေကို နှိမ်နင်းတဲ့အခါမှာ ဘယ်လိုမျိုးဗုံးတွေကို သုံးလေ့ရှိပါသလဲ။
ဖြေ ။ အကြမ်းဖက်မှုတွေကို နှိမ်နင်းတဲ့အခါမှာ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေကို သုံးလေ့ရှိပါတယ်။ မျက်ရည်ယိုဗုံးမှာက စီအန်နဲ့စီအက်စ်ဆိုပြီး ၂ မျိုးရှိပါတယ်။ 


မျက်ရည်ယိုတဲ့ဗုံးတွေကို အများအားဖြင့် ဆန္ဒပြမှု၊ ပြန်ပေးလို အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့အခါမှာ သုံးလေ့ရှိပြီး၊ လက်ရှိအသုံးပြုတဲ့ မျက်ရည်ယိုဗုံး ၂ မျိုးမှာတော့ အဆိပ်ဖြစ်မှုနည်းပြီး လူထိခိုက်ရင် ဆေးထုတ်လို့ရတဲ့ စီအန်ကို နိုင်ငံတကာမှာ ပိုသုံးလေ့ရှိပါတယ်။ မီးလောင်ဗုံးဆိုတာက ဓာတ်ဆီ၊ ဘင်ဇင်းနဲ့ မီးခိုးလို ပြစ်ခဲစေတဲ့ ဓာတ်ငွေ့တွေပါတယ်။ ထိတဲ့နေရာမှာ ကပ်သွားပြီး အပူချိန်မြင့်မားတဲ့ ကာလမှာ မီးလောင်လေ့ရှိပါတယ်။

မေး ။ နိုင်ငံတကာကလည်း သပိတ်စခန်းမှာရှိနေတဲ့ ဆန္ဒပြသူတွေကို စောင့်ကြည့်နေချိန်မှာ ဆိုးရွားတဲ့ နှိမ်နင်းမှုလုပ်လိုက်တာ လက်ရှိပြောင်းလဲမှုတွေကို ဘယ်လိုဖြစ်လာစေနိုင်ပါသလဲ။
ဖြေ ။ အစိုးရအနေနဲ့ သူသုံးတဲ့ ဗုံးအမျိုးအစားကို တရားဝင် ထုတ်ပြန်ပေးသင့်တဲ့အပြင် အပြည်ပြည်ဆိုင်ရာ စုံစမ်းရေးအဖွဲ့တွေ ၀င်ရောက်စစ်ဆေးခွင့် ပေးသင့်တယ်။


 နောက်ပြီး လက်ပံတောင်းတောင် ပြဿနာကိုလည်း နိုင်ငံတကာစံနှုန်းတွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေ စစ်တမ်းလုပ်ခဲ့တာမျိုးရှိလား ပြန်စစ်ဆေးသင့်တယ်။
မေး ။ ဓာတုဗေဒလက်နက်လို့ ယူဆရတဲ့ အရာတွေနဲ့ နှိမ်နင်းခဲ့တယ်။ ဒီအတွက် ဒဏ်ရာရတဲ့သူတွေမှာ ဘယ်လိုဆင့်ပွား ရောဂါမျိုးတွေ ဆက်ဖြစ်နိုင်ပါသလဲ။


မေး ။ အတိအကျလေ့လာထားမှုက နိုင်ငံတကာမှာတောင် မရှိသေးတဲ့အတွက် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ အခုလက်ရှိ ဒဏ်ရာရတဲ့သူတွေက အဆုတ်ထိခိုက်နိုင်သလို လူတွေမှာ ရောဂါပိုးမွှားမ၀င်နိုင်ဖို့ ကာကွယ်ပေးထားတဲ့ အရေပြား ပျက်စီးသွားတဲ့အတွက် ရောဂါအမျိုးမျိုး အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။


မေး ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါ။
ဖြေ ။ ဒီလိုမျိုး ပြသနာတွေက မြန်မာနိုင်ငံမှာ ထပ်ဖြစ်လာဦးမှာပါ။ ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူ့အကျိုးဆိုပြီး အရမ်းကာရော လျှောက်လုပ်နေရင် အကုန်လုံး ပျက်စီးကုန်မှာပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ မြေတွေ ရဲ့ ၅၄% က အဖိုးတန်သတ္ထု ထွက်နေတယ်လေ။ မဆင်မခြင်လျှောက်တူးရင် အကုန်လုံး အချိုင့်အပေါက်တွေဖြစ်ပြီး မြန်မာနိုင်ငံ ဒုက္ခရောက်သွားမှာပေါ့။ ဒီဖြစ်ရပ်ကို နမူနာယူပြီး နောက်လုပ်မဲ့ စီမံကိန်းတွေ မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူကိုချပြပြီး လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။

Credit: Hawdeka Bamarpyi

0 comments:

Post a Comment