Pages

Saturday, February 9, 2013

ပဲခူးတွင် ရေလွှဲတူးမြောင်းဖောက်လုပ်ရာမှ ဗုံးသီးဟောင်းများတွေ့

နေပြည်တော်၊ ဖေဖော်ဝါရီ ၉ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ နှစ်ဆောင်ပြိုင်ကျေးရွာတွင် ဖေဖော်ဝါရီ၇ရက်က ကားလမ်းအားဖြတ်၍ ရေလွှဲတူးမြောင်းဖောက်လုပ်ရန် ဆည်မြောင်းဦးစီးဌာန၀န်ထမ်းများမှ
ဘက်ဟိုးယာဉ်ဖြင့် မြေတူးဖော်စဉ် ၆၀ မမ ဗုံးသီးဟောင်း(၃)လုံးတွေ့ရကြောင်းသိရသည်။ ကျွန်းကုန်းရဲစခန်း တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ ထိပ်ဖူးလုံးပတ်(၆)လက်မခွဲ၊ ကိုယ်ထည်လုံးပတ် (၁၀)လက်မခန့်၊ အရှည်(၁၁)လက်မခန့်ရှိ သံချေးတက်နေသော ငှက်ပျောဖူးပုံသဏ္ဍာန် ဗုံးသီးဟောင်း (၃)လုံးအား တွေ့ရှိသိမ်းဆည်းခဲ့ပြီး စစ်လက်နက်ပစ္စည်းတပ်သို့ အပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရဲဇာနည်မှသိရသည်။
ရဲဇာနည်
 

0 comments:

Post a Comment