Pages

Saturday, February 9, 2013

ဝန်ထမ်းကြို ဒိုင်နာယာဉ် တိမ်းမှောက် ယာဉ်မောင်း တိမ်းရှောင်

ဝန်ထမ်းကြို ဒိုင်နာယာဉ် တိမ်းမှောက် ယာဉ်မောင်း တိမ်းရှောင်

ရန်ကုန် ဖေဖော်ဝါရီ ၈

ရွှေပြည်သာ မြို့နယ် အမှတ်(၇) ရပ်ကွက် ဘုရင့်နောင် လမ်းနှင့် အဝေရာ လမ်းထောင့်တွင် ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်က ယာဉ်အမှတ် ၆က/.... ဒိုင်နာယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

၎င်းယာဉ်သည် ကမ္ဘာ (၁) အထည်ချုပ် စက်ရုံမှ ဝန်ထမ်းများအား ကြိုရန် အင်းစိန်မြို့နယ် ဒညင်းကုန်း ဘက်မှ ရွှေပြည်သာ မြို့နယ် အမှတ်(၉) ရပ်ကွက်သို့ အခြားယာဉ် တစ်စီးနှင့် အတူ ယှဉ်မောင်း လာစဉ် အမှတ်(၇) ရပ်ကွက် ဘုရင့်နောင် လမ်းနှင့် အဝေရာ လမ်းထောင့်တွင် ရုတ်တရက် လမ်းဘေးသို့ ထိုးကျ၍ ဝဲဘက်သို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသမီး ၂၉ ဦးနှင့် အမျိုးသား တစ်ဦးတို့ ဒဏ်ရာရရှိပြီး အင်းစိန် ဆေးရုံနှင့် ရွှေပြည်သာ ဆေးရုံတို့သို့ အသီးသီး တင်ပို့၍ ဆေးဝါး ကုသမှုများ ခံယူလျက် ရှိကာ အသေအပျောက် မရှိကြောင်း သိရသည်။

တိမ်းမှောက် ယာဉ်သည် ရွှေပြည်သာ မြို့နယ်မှ အောင်မင်္ဂလာ အဝေးပြေးသို့ မောင်းနှင်နေသော ခရီးသည် တင်ယာဉ် ဖြစ်ပြီး လိုင်းဆွဲပြီး ချိန်တွင် ဝန်ထမ်းကြို/ ပို့ယာဉ်အဖြစ် ပြေးဆွဲခြင်း ဖြစ် သည်။ အခင်းဖြစ်ပွား ပြီးနောက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့မှာ ထွက်ပြေး တိမ်းရှောင် သွားကြောင်း သိရသည်။

http://bit.ly/12bZ61B


အေးချမ်းမွန်မှ  မြ၀တီ တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

ရန်ကုန် ဖေဖော်ဝါရီ ၈

ရွှေပြည်သာ မြို့နယ် အမှတ်(၇) ရပ်ကွက် ဘုရင့်နောင် လမ်းနှင့် အဝေရာ လမ်းထောင့်တွင် ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်က ယာဉ်အမှတ် ၆က/.... ဒိုင်နာယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ၎င်းယာဉ်သည် ကမ္ဘာ (၁) အထည်ချုပ် စက်ရုံမှ ဝန်ထမ်းများအား ကြိုရန် အင်းစိန်မြို့နယ် ဒညင်းကုန်း ဘက်မှ ရွှေပြည်သာ မြို့နယ် အမှတ်(၉) ရပ်ကွက်သို့ အခြားယာဉ် တစ်စီးနှင့် အတူ ယှဉ်မောင်း လာစဉ် အမှတ်(၇) ရပ်ကွက် ဘုရင့်နောင် လမ်းနှင့် အဝေရာ လမ်းထောင့်တွင် ရုတ်တရက် လမ်းဘေးသို့ ထိုးကျ၍ ဝဲဘက်သို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသမီး ၂၉ ဦးနှင့် အမျိုးသား တစ်ဦးတို့ ဒဏ်ရာရရှိပြီး အင်းစိန် ဆေးရုံနှင့် ရွှေပြည်သာ ဆေးရုံတို့သို့ အသီးသီး တင်ပို့၍ ဆေးဝါး ကုသမှုများ ခံယူလျက် ရှိကာ အသေအပျောက် မရှိကြောင်း သိရသည်။

တိမ်းမှောက် ယာဉ်သည် ရွှေပြည်သာ မြို့နယ်မှ အောင်မင်္ဂလာ အဝေးပြေးသို့ မောင်းနှင်နေသော ခရီးသည် တင်ယာဉ် ဖြစ်ပြီး လိုင်းဆွဲပြီး ချိန်တွင် ဝန်ထမ်းကြို/ ပို့ယာဉ်အဖြစ် ပြေးဆွဲခြင်း ဖြစ် သည်။ အခင်းဖြစ်ပွား ပြီးနောက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့မှာ ထွက်ပြေး တိမ်းရှောင် သွားကြောင်း သိရသည်။


http://bit.ly/12bZ61B


 မြ၀တီ

0 comments:

Post a Comment