Pages

Saturday, February 9, 2013

နေ့စဉ်ကိုလာ ၆ လီတာမှ ၈ လီတာ သောက်သုံးသူ အသက်၂၅ နှစ်တွင် သွားများ တစ်ချောင်းမျှ မရှိ တော့

နေ့စဉ်ကိုလာ ၆ လီတာမှ ၈ လီတာ သောက်သုံးသူ အသက်၂၅ နှစ်တွင် သွားများ တစ်ချောင်းမျှ မရှိ တော့

သြစတြေးလျ နိုင်ငံမှ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးသည် တစ်နေ့လျှင် ကိုလာ အချိုရည် ခြောက်လီတာမှ ရှစ်လီတာအထိ သောက်သုံးမှုကြောင့် ၎င်း၏သွားများမှာ တစ်ချောင်းမျှ မရှိေ တာ့ကြောင်း သိရသည်။ ဝီလီယံ ကင်နီဝဲလ် အမည်ရှိ အဆိုပါ အမျိုးသားငယ်သည် အသက် ၂ဝ အရွယ် ကတည်းက

ကိုလာ သောက်သုံးရသည်ကို စွဲလမ်း နှစ်သက်နေသူ ဖြစ်သည်။ ဟိုတယ် ဧည့်ကြို အလုပ်သမား တစ်ဦး ဖြစ်သူ ကင်နီဝဲလ်သည် ၎င်း၏ အချိုရည် သောက်သုံးမှုနှင့် ပတ်သက်၍ သွားဆရာဝန်များ၏ အကြိမ်ကြိမ် သတိပေးမှု များကိုလည်း မသိကျိုးကျွံ ပြုနေခဲ့သည်။ ကင်နီဝဲလ် သည် လက်ရှိ အသက် ၂၅ နှစ်သို့ ရောက် ချိန်တွင် ၎င်း၏သွားများ တစ်ချောင်းမျှ မရှိတော့ဘဲ အံကပ် တစ်ခုကို ထည့်ထား ရသလို သကြားဓာတ် များ သော အချိုရည်အား စွဲလမ်းမှု ၏ နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် သွေးတွင်း သကြားဓာတ် လွန်ကဲ မှုလည်း ဖြစ်ပေါ်လျက်ရှိသည်။ မိမိသည် နေ့စဉ်နှင့် အမျှ အချိုရည် (အများစုကိုလာ) ခြောက်လီတာနှင့် ရှစ်လီတာ အကြား သောက်သုံးခဲ့ကြောင်း၊ မိမိတွင်ရှိသည့် သွားများကိုလည်း ဖယ်ရှား ပစ်လိုက်ရပြီ ဖြစ်ကြောင်း ကင်နီဝဲလ်က ကြော်ငြာ သတင်း စာ တစ်စောင်ကို ပြောကြားထားသည်။ ကင်နီဝဲလ်သည် ဆာလစ်ဘယ်ရီမြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ဟိုတယ် ဝန်ထမ်းတစ်ဦး ဖြစ်သောကြောင့် ကုတ်နှင့် အချိုရည် ဘူးများကိုလည်း အလွယ်တကူ ရရှိသောက်သုံး နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားထားသည်။ လူငယ်များ အနေဖြင့် အမြှုပ်များသော အချိုရည်များကို အလွန်အကျွံ သောက်သုံးမှုအား မည်သည့် အတွက်ေ ကြာင့် ရှောင်ရှား သင့်သည်ကို ပြသရန် အတွက် ကင်နီဝဲလ်၏ ကိုလာ စွဲလမ်းနေ မှုအား ယခုအခါ လေ့လာ စမ်းစစ်ရမည့် ကိစ္စရပ် တစ်ခုအဖြစ် သြစတြေးလျ ကျန်းမာရေး ဆိုင်ရာ သုတေသီများက ယူဆ ထားကြောင်း သိရသည်။ အချိုရည် အမျိုးမျိုးအား လွန်ကဲစွာ သောက်သုံးခြင်းသည် သွားများကို ဆွေးမြည့် စေခြင်း အပါအဝင် အခြားသော ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ေ ပ်ါစေသည် ဟုလည်း သြစ တြေးလျ လူထု ကျန်းမာရေး ဆိုင်ရာ သုတေသန ဌာန၏ တွဲဖက် အဆင့်မြင့် သုတေသီ ဒေါက်တာ ဂျက်ဆင်အမ်းဖီးလ်က သတိပေး ပြောကြား ထား သည်။ ဒေါက်တာ အမ်းဖီးလ်သည် သြစတြေးလျ နိုင်ငံမှ ကလေးငယ် ၁၆၈ဝဝ အား စမ်းသပ် သုတေသန ပြုလုပ်ထားပြီး ဖြစ်ရာ အသက် ငါးနှစ်နှင့် ၁၆ နှစ် ကြားရှိ နေ့စဉ် အချိုရည် တစ်ခွက်ထက် မနည်း သောက် သုံးသူများတွင် ဖော်ပြပါ ဆိုးကျိုးများကို တွေ့ရှိ ခဲ့ရသည်။ ကိုလာ အချိုရည် ၃၃၅ မီလီ လီတာတွင် ပျမ်းမျှအားဖြင့် သကြားဓာတ်သည် အံ့သြဖွယ်ရာ ၃၉ ဂရမ်ခန့် ပါဝင် နေသောေ ကြာင့် ကင်နီဝဲလ်၏ သွားများ ဆွေးမြည့်သွားသည်ကို သတိပြု ဆင်ခြင်ရန် လိုအပ်ကြောင်း သိမှတ် ဖွယ်ရာအဖြစ် တင်ပြလိုက်ရ ပါသည်။ ။


http://bit.ly/Z1AAnM


အေးချမ်းမွန်မှ  မြ၀တီ တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

သြစတြေးလျ နိုင်ငံမှ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးသည် တစ်နေ့လျှင် ကိုလာ အချိုရည် ခြောက်လီတာမှ ရှစ်လီတာအထိ သောက်သုံးမှုကြောင့် ၎င်း၏သွားများမှာ တစ်ချောင်းမျှ မရှိေ တာ့ကြောင်း သိရသည်။ ဝီလီယံ ကင်နီဝဲလ် အမည်ရှိ အဆိုပါ အမျိုးသားငယ်သည် အသက် ၂ဝ အရွယ် ကတည်းက ကိုလာ သောက်သုံးရသည်ကို စွဲလမ်း နှစ်သက်နေသူ ဖြစ်သည်။ ဟိုတယ် ဧည့်ကြို အလုပ်သမား တစ်ဦး ဖြစ်သူ ကင်နီဝဲလ်သည် ၎င်း၏ အချိုရည် သောက်သုံးမှုနှင့် ပတ်သက်၍ သွားဆရာဝန်များ၏ အကြိမ်ကြိမ် သတိပေးမှု များကိုလည်း မသိကျိုးကျွံ ပြုနေခဲ့သည်။ ကင်နီဝဲလ် သည် လက်ရှိ အသက် ၂၅ နှစ်သို့ ရောက် ချိန်တွင် ၎င်း၏သွားများ တစ်ချောင်းမျှ မရှိတော့ဘဲ အံကပ် တစ်ခုကို ထည့်ထား ရသလို သကြားဓာတ် များ သော အချိုရည်အား စွဲလမ်းမှု ၏ နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် သွေးတွင်း သကြားဓာတ် လွန်ကဲ မှုလည်း ဖြစ်ပေါ်လျက်ရှိသည်။ 
 
မိမိသည် နေ့စဉ်နှင့် အမျှ အချိုရည် (အများစုကိုလာ) ခြောက်လီတာနှင့် ရှစ်လီတာ အကြား သောက်သုံးခဲ့ကြောင်း၊ မိမိတွင်ရှိသည့် သွားများကိုလည်း ဖယ်ရှား ပစ်လိုက်ရပြီ ဖြစ်ကြောင်း ကင်နီဝဲလ်က ကြော်ငြာ သတင်း စာ တစ်စောင်ကို ပြောကြားထားသည်။ ကင်နီဝဲလ်သည် ဆာလစ်ဘယ်ရီမြို့တွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ဟိုတယ် ဝန်ထမ်းတစ်ဦး ဖြစ်သောကြောင့် ကုတ်နှင့် အချိုရည် ဘူးများကိုလည်း အလွယ်တကူ ရရှိသောက်သုံး နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားထားသည်။
 
လူငယ်များ အနေဖြင့် အမြှုပ်များသော အချိုရည်များကို အလွန်အကျွံ သောက်သုံးမှုအား မည်သည့် အတွက်ေ ကြာင့် ရှောင်ရှား သင့်သည်ကို ပြသရန် အတွက် ကင်နီဝဲလ်၏ ကိုလာ စွဲလမ်းနေ မှုအား ယခုအခါ လေ့လာ စမ်းစစ်ရမည့် ကိစ္စရပ် တစ်ခုအဖြစ် သြစတြေးလျ ကျန်းမာရေး ဆိုင်ရာ သုတေသီများက ယူဆ ထားကြောင်း သိရသည်။
 
အချိုရည် အမျိုးမျိုးအား လွန်ကဲစွာ သောက်သုံးခြင်းသည် သွားများကို ဆွေးမြည့် စေခြင်း အပါအဝင် အခြားသော ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ေ ပ်ါစေသည် ဟုလည်း သြစ တြေးလျ လူထု ကျန်းမာရေး ဆိုင်ရာ သုတေသန ဌာန၏ တွဲဖက် အဆင့်မြင့် သုတေသီ ဒေါက်တာ ဂျက်ဆင်အမ်းဖီးလ်က သတိပေး ပြောကြား ထား သည်။ ဒေါက်တာ အမ်းဖီးလ်သည် သြစတြေးလျ နိုင်ငံမှ ကလေးငယ် ၁၆၈ဝဝ အား စမ်းသပ် သုတေသန ပြုလုပ်ထားပြီး ဖြစ်ရာ အသက် ငါးနှစ်နှင့် ၁၆ နှစ် ကြားရှိ နေ့စဉ် အချိုရည် တစ်ခွက်ထက် မနည်း သောက် သုံးသူများတွင် ဖော်ပြပါ ဆိုးကျိုးများကို တွေ့ရှိ ခဲ့ရသည်။ 
 
ကိုလာ အချိုရည် ၃၃၅ မီလီ လီတာတွင် ပျမ်းမျှအားဖြင့် သကြားဓာတ်သည် အံ့သြဖွယ်ရာ ၃၉ ဂရမ်ခန့် ပါဝင် နေသောေ ကြာင့် ကင်နီဝဲလ်၏ သွားများ ဆွေးမြည့်သွားသည်ကို သတိပြု ဆင်ခြင်ရန် လိုအပ်ကြောင်း သိမှတ် ဖွယ်ရာအဖြစ် တင်ပြလိုက်ရ ပါသည်။ ။


 မြ၀တီ

0 comments:

Post a Comment