Pages

Saturday, February 9, 2013

အာကာသပေါ်မှာ သီဆိုအသံသွင်းထားတဲ့ ပထမဆုံး သီချင်းတစ်ပုဒ်

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ အာကာသယာဉ်မှုး Chris Hadfield နဲ့ ကနေဒါဂီတအဖွဲ့ Barenaked Ladies (BNL) ရဲ့ ပင်တိုင်အဆိုရှင် Ed Robertson တို့ ပူးပေါင်းစီစဉ်မှုနဲ့ I.S.S (Is Somebody Singing) သီချင်းကို မြေပြင်နဲ့အာကာသပေါ်မှ တပြိုင်နဲ့ သီဆိုအသံသွင်းခဲ့ကြောင်း သိရပါတယ်။ I.S.S သီချင်းကို ISS ( International Space Station) နဲ့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှ CBC သီချင်းစတူရီယိုတို့ တိုက်ရိုက်ချိတ်ဆက်ပြီး Wexford Gleeks ကွိုင်ယာအဖွဲ့က အားဖြည့်သီဆိုထားပြီး အလွန်နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ 
သီချင်းက အာကာသဆီကို ခရီးနှင်သွားပြီး ကမ္ဘာပြင်ပပေါ်ကနေ အပြာရောင်အစက်လေး အဖြစ်သာတွေ့ရတဲ့ လူသားတွေရဲ့နေအိမ်ကမ္ဘာကို မြင်တွေ့ရတဲ့ ခံစားချက်ကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ I.S.S သီချင်းကို Chris Hadfield နဲ့ Ed Robertson တို့နှစ်ဦး ပေါင်းစပ်ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

(ဗီဒီယိုမှာ အာကာသယာဉ်ပေါ်မှာ ဂီတာတီးတဲ့ ပလပ်စတစ်ပြား နဲ့ သီချင်းပြီးတဲ့အခါ ဂီတာလေးက ဆွဲငင်အားမဲ့တဲ့နေရာမှာ လွင့်မြောနေတာက အလွန်ကြည့်ကောင်းပါတယ်။ တစ်နာရီမှာ ၁၇၅၀၀ မိုင်နှုန်း သို့မဟုတ် တစ်စက္ကန့်ကို ၅ မိုင်နှုန်းနဲ့ ရွေ့လျားနေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသယာဉ်ပေါ်ကနေ အသံသွင်းခဲ့တာကလည်း အံ့သြဖွယ်ရာ ဖြစ်ပါတယ်။)
(မူရင်း။ ။ http://gizmodo.com/5982968/the-first-song-composed-and-recorded-in-space-actually-rocks)
 
 

0 comments:

Post a Comment