ကမ္ဘာ့အသေးငယ်ဆုံးသေနတ်ဟာ ၂ လက်မသာရှည်ပေမဲ့ တစ်နာရီ မိုင်သုံးရာနှုန်းနဲ့
ပစ်ခတ်နိုင်တဲ့ကျည်ဆံကြောင့် သေစေနိုင်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်...
ဒီပစ္စတိုလေးကို အိတ်ကပ်ထဲထည့်သွားနိုင်ပြီး လက်ထဲဆုပ်ပြီးလည်း
သယ်ဆောင်သွားနိုင်ပါတယ်။ဆွစ်ဇာလန်ထုတ် ဒီပစ္စတိုအသေးစားလေးဟာ
အိတ်ဆောင်နာရီအရွယ်လောက်ပဲရှိပေမဲ့ အနည်းဆုံး တစ်နာရီ ၂၇၀ မိုင်နှုန်းအားနဲ့ ပစ်ခတ်နိုင်တာကြောင့် အနီးကပ်ပစ်ခံရရင်သေစေနိုင်ပါတယ်။
ကမ္ဘာ့အသေးဆုံးဆုံလည်ပါတဲ့သေနတ်ဖြစ်ပြီး အထူးအဆန်းပစ္စည်းစုဆောင်းသူများအတွက်
ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ကာ အရှည် ၂.၁၆ လက်မ (၅.၅ စင်တီမီတာ) ရှိပါတယ်...
၎.၅၃ ကျည်ဆန်ကို ထည့်သွင်းပစ်ခတ်နိုင်ပြီး အကွာအဝေး ၃၆၇ ပေ (၁၁၂ မီတာ) အထိ
ပစ်ခတ်နိုင်ပါတယ်။
Myawady News
![]() |

0 comments:
Post a Comment