Saturday, February 09, 2013
အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် နှင်းများထူထပ်စွာ ကျရောက်ပြီး
လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ်၊ ရုံးခန်းပေါင်း ၆၅၀,၀၀၀ ခန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ရသည်။ မက်ဆာချူးဆက် အရှေ့တောင်းပိုင်းဒေသများ၊ ရို့ဟ်ဒီကျွန်းနှင့် နယူးဟမ့်ပ်ရှိုင်းယားတို့တွင် နှင်းထုမှာ ၂ ပေကျော်အထိ ကျဆင်းခဲ့သည်။
နှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် လေကြောင်းခရီးစဉ် ၅,၃၀၀ ကျော်ကို ယနေ့ ဖျက်သိမ်းခဲ့ရသည်။
နယူးယောက်မြို့ရှိ အဓိက လေဆိပ် ၃ ခုနှင့် ဘော်စတွန်မြို့ရှိ လိုဂန်လေဆိပ်တို့ကို ပိတ်ထားရကြောင်း AP သတင်းက ပြောကြားသည်။
Planet Myanmar Network
![]() |

0 comments:
Post a Comment