Pages

Saturday, February 9, 2013

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းအား ဆန္ဒဖော်ထုတ်သူ လာတောင်းပန်

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းအား 
ဆန္ဒဖော်ထုတ်သူ လာတောင်းပန်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၉
	မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်မှု မပါဘဲ ကျိုက်ထိုမြို့ ပေါ် စီတန်းလှည့်လည်ပွဲနှင့် ပတ်သက်၍ ကျိုက်ထီး ရိုးတောင်တက် မော်တော်ယာဉ် အသင်းအား လာ ရောက် တောင်းပန်ခြင်းဖြစ်သည် ဟု ဆန္ဒဖော်ထုတ်ရေးအဖွဲ့ ခေါင်း ဆောင်ဦးဇော်ဝင်းက ပြောသည်။ 
	အခုလိုလာရောက်တောင်းပန် ရတာဟာ ဘယ်သူတစ်ဦးတစ် ယောက်ရဲ့ ခြိမ်းခြောက်မှု၊ ဖိအား ပေးမှု၊ ငွေကြေးပေးပြီး ရုပ်သိမ်း ခိုင်းစေမှု တစ်ခုမှမပါပဲ ကိုယ့်အသိ စိတ်နဲ့ ကိုယ် မှားယွင်းမှုကို လာ ရောက်တောင်းပန်တာပါ။ နောင်ကို ဘယ်တော့မှ အခုလို ဆန္ဒဖော် ထုတ်ပွဲတွေ မလုပ်တော့ပါဘူး'' ဟု ဦးဇော်ဝင်းက မွန်ပြည်နယ် မီဒီယာများ၏ မေးမြန်းချက်ကို ဖြေဆိုခဲ့သည်။
	ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့က ကျိုက်ထိုမြို့ပေါ်တွင် စီတန်းလှည့်လည်ဆန္ဒ ပြခြင်းမှာ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်း၏ လုပ်ရပ် များအပေါ် မကျေနပ်သဖြင့် ရသေ့တောင်ဂိတ်စခန်းမှ စိုးစံ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဆောင်ပြီး ဈေးသူ၊ ဈေးသားများ၊ အထမ်းသမားများ စုစုပေါင်း ၁၅၃ ဦး ပါဝင်သော အဖွဲ့သည် စီတန်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရ သည်။
 ဆန္ဒပြသူများက ကင်ပွန်း စခန်းမှ ရသေ့တောင်စခန်းအထိ သာ မော်တော်ယာဉ်များ ပြေးဆွဲ စေပြီး ရသေ့တောင်စခန်းတွင် ဂိတ် ဆုံးသတ်မှတ်ပေးရန်၊ ယာဉ်စီးခ လျှော့ချပေးရန်၊ မော်တော်ယာဉ် များကို နံနက် ၆ နာရီတွင် ဂိတ် ဖွင့်၍ ညနေ ၆ နာရီတွင် ဂိတ် ပိတ်ပေးရန်၊ သတ်မှတ်ချိန်အတွင်း တွင်သာ ပြေးဆွဲစေရန်၊ မော်တော် ယာဉ်စီးရေ တိုးချဲ့ပြေးဆွဲပေးရန်၊ ဈေးသူဈေးသားများနှင့် အထမ်း သမားများ၏ နေ့စဉ်ဘဝဆန္ဒကို အာမခံချက် ပေးရေးစသည့် စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒ ဖော်ထုတ်ကြကြောင်း သိရသည်။
	အဆိုပါဆန္ဒဖော်ထုတ်ခဲ့ခြင်း နှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ရေး အဖွဲ့ခေါင်းဆောင် ဦးဇော်ဝင်းက ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ် အသင်း ရုံးခန်းရှိရာ ကင်ပွန်းစခန်း တွင်လာရောက် တောင်းပန်ရာ အသင်းဥက္ကဋ္ဌ ဦးဝိတင်နှင့် အလုပ်  အမှုဆောင်များက လက်ခံကျေအေး ခဲ့ကြောင်း သိရသည်။
	''တောင်တက် မော်တော် ယာဉ် အသင်းရဲ့ လုပ်ဆောင်ချက် တွေကို နားယောင်ပြီး လုပ်ဆောင် ခဲ့ပါတယ်။ တောင်တက်ကားလမ်း အခြေအနေ၊ တောင်ကြောပေါ်မှာ လုပ်ထားတဲ့ ဂိတ်များရဲ့ အကျယ် အဝန်း၊ အကန့်အသတ်၊ ကျွမ်းကျင် ယာဉ်မောင်းရှားပါးမှု၊ ဘုရားဖူးများ ဘေးအန္တရာယ် ကင်းရှင်းမှုတွေကို မျက်ကွယ်ပြုခဲ့မိပါတယ်။ ငွေရှင် ကြေးရှင် အချို့ရဲ့ မြေ¶ှာက်ပင့်ပေးမှု ကြောင့် ယာဉ်အစီးရေ တိုးမြ¶ှင့်ပေး  ဖို့ တောင်းဆိုမိပါတယ်။ တောင် တက်မော်တော်ယာဉ်အသင်းဟာ ရသေ့တောင်လမ်း တစ်လျှောက် မှာ ရှိတဲ့ ကျောင်းသူ၊ ကျောင်း သားတွေကို အခမဲ့တင်ဆောင်ပေး ခြင်း၊ ကျန်းမာရေးအရေးပေါ် ကိစ္စ များမှာလည်း နေ့၊ ညအချိန်မရွေး အကူအညီပေးလျက် ရှိပါတယ်။
 တောင်တက် မော်တော်ယာဉ် အသင်းနဲ့ ဈေးသူဈေးသားများ၊ အထမ်းသမားများဟာ ကျွန်းကိုင်း မီ ကိုင်းကျွန်းမီ ဆိုသလို အပြန် အလှန် အကူအညီပေးနေကြတာ ကို သိမြင်လာတဲ့အတွက် အခု လို လာရောက်တောင်းပန်ခြင်း ဖြစ်ပါ တယ်ဟု ဆန္ဒဖော်ထုတ်ရေး အဖွဲ့ ခေါင်းဆောင် ဦးဇော်ဝင်းက ပြော သည်။   
ထူးထူး (မော်လမြိုင်)

Popular Myanmar News:

0 comments:

Post a Comment