Pages

Saturday, February 9, 2013

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို ယွမ်နှစ်သောင်း ပေးဝယ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ် တွင် တရုတ် အမျိုးသားများ က အရွယ်ကောင်း အမျိုးသမီး တစ်ယောက် ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြား သည်။ တရုတ်
နိုင်ငံ၏ လူဦးရေ ထိန်းချုပ်မှု မူဝါဒ အရ တရုတ် အမျိုးသား များသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပ
လောင် တိုင်းရင်းသူ များကို မြန်မာငွေ ၂၆သိန်းခန့် ဖြင့် ဝယ်ယူ လျက်ရှိရာ ပလောင် တိုင်းရင်းသူ များမှာ
တရုတ် အမျိုးသား များ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။

စီးပွားရေး ကျပ်တည်းမှုကြောင့် လူကုန်ကူးမှုများ ဖြစ်ပေါ်ပြီး၊ လက်ဖက်စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန် မ
ထုတ်လုပ် နိုင်သဖြင့် စီးပွားရေး ကျပ်တည်းကာ နမ့်ဆမ်မှ တိုင်းရင်းသူ အမျိုးသမီး များသည် တရုတ် နိုင်ငံ
သို့ ဝင်ရောက်၍ ဘိန်းခြစ်ခြင်း၊ ဘိန်းစိုက်ခြင်း၊ ကြံခုတ်ခြင်း နှင့် နေ့စား အလုပ်များ လုပ်ကိုင် နေရကြောင်း နမ့်ဆမ် ဒေသခံ လက်ဖက် လုပ်ငန်းရှင် ဦးစိုးမောင်က ပြောကြား သည်။ 

“နမ့်ဆမ်မှာ ရှိတဲ့ တိုင်းရင်းသူ ကလေးမတွေ တရုတ်နဲ့ ညားတာ အယောက် ၁၀၀ လောက် ရှိတယ်။ ဒါတွေ

က စီးပွားရေး မဖွံ့ဖြိုးခြင်းရဲ့ အကျိုးဆက် တွေပါ” ဟု ၎င်းက ရှင်းပြသည်။

လက်ဖက် စိုက်ပျိုး ထုတ်လုပ်သူများ ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှသာ ယခု ကိစ္စများကို ထိန်းချုပ်နိုင် မည်

 ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ လူကုန်ကူးမှု အများဆုံး လမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်း ဖြစ်ပြီး ကျန်လမ်းကြောင်း များမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ် လိုင်ဇာ လမ်းမကြီး၊ လားရှိုး-ကုံလုံ-ချင်းရွှေဟော် လမ်းကြောင်းများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့ထံမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်ဖြစ်သော ရွှေလီ-မူဆယ် နှင့် လွယ်ဂျယ်-ကျန်းဖုန်း တို့တွင် လူကုန်ကူးမှု တားဆီး နှိမ်

နင်းရေး အတွက် Hotline များ တပ်ဆင် ထားသည့် နှစ်နိုင်ငံ ဆက်ဆံရေး ရုံးခန်း များ ဖွင့်လှစ်ထားကြောင်း
လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့၊ ဒုတိယရဲမှူးကြီး ညွှန့်လှိုင် က The Voice Weekly သို့ ပြောကြား
သည်။

မြန်မာနိုင်ငံမှ လူကုန်ကူးမှု အမျိုးအစား များတွင် အဓမ္မ ထိမ်းမြား လက်ထပ်ခြင်းသည် ၆၀ ရာခိုင်နှုန်း ရှိပြီး

 မြန်မာ အမျိုးသမီးများကို အများဆုံး လူကုန်ကူးသည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာ့ လူကုန်ကူး
မှု စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင် နေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး
 နှိမ်နင်းရေး အဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရသည်။

The Voice Daily Newsletter

0 comments:

Post a Comment