Pages

Tuesday, June 11, 2013

သီရိလင်္ကာ နိုင်ငံတွင် မုန်တိုင်း တိုက်ခတ်ရာ ငါးဖမ်းသမား ၁၄ ဦး သေဆုံး

သီရိလင်္ကာ နိုင်ငံတွင် မုန်တိုင်း တိုက်ခတ်ရာ ငါးဖမ်းသမား ၁၄ ဦး သေဆုံး
Tuesday, June 11, 2013

သီရိလင်္ကာ နိုင်ငံ ၊ ပင်လယ် ကမ်းရိုးတန်း ဒေသများတွင် နှစ်ရက်ကြာ မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ငါးဖမ်းသမား ၁၄ ဦး သေဆုံးခဲ့ပြီး
၃၆ ဦး ပျောက်ဆုံးလျက် ရှိကြောင်း အာဏာပိုင်များက ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ မုန်တိုင်းသည် တစ်နာရီမိုင် ၁၀၀ နှုန်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည့်အတွက် ပင်လယ်ပြင်တွင် လှိုင်းကြီးပြီး ငါးဖမ်းလှေများ မှောက်ကာ ငါးဖမ်းသမားများ သေဆုံး ၊ ပျောက်ဆုံးနေရခြင်း ဖြစ်သည်။ 

ထို့အပြင်ဇွန် ၇ ရက်နှင့် ၈ ရက် နံနက် အစောပိုင်းကလည်း ရေစီးကြမ်းမှုကြောင့် ငါးဖမ်း သင်္ဘောများ တိမ်းမှောက်ခဲ့ရာ ငါးဖမ်းသမား ၂ဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ ရာသီဥတု ဆိုးရွားမှုကြောင့် သီရိလင်္ကာ မြို့တော် ကိုလံဘိုမြို့ တစ်ဝှန်းတွင် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်၍ လဲကျခဲ့ခြင်းကြောင့် ကားလမ်းများ ပိတ်ခဲ့ပြီး သွားလာရေး နှောင့်နှေးခဲ့ရသည်။ ဇွန်လ ၈ ရက်နေ့မှစ၍ လေပြင်း တိုက်ခတ်မှုကြောင့် ပင်လယ်ပြင်တွင် လှိုင်းထန်မှုများ ဖြစ်ပေါ်နိုင်၍ ပင်လယ်ပြင်သို့ ငါးဖမ်း မထွက်ရန် ငါးဖမ်းသမားများအား ရာသီဥတုဆိုင်ရာ သတိပေးချက်များ သီရိလင်္ကာ မိုးလေဝသ ဌာနက ထုတ်ပြန် ထားခဲ့သည်။

MRTV-4

Tuesday, June 11, 2013
သီရိလင်္ကာ နိုင်ငံ ၊ ပင်လယ် ကမ်းရိုးတန်း ဒေသများတွင် နှစ်ရက်ကြာ မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ငါး
ဖမ်းသမား ၁၄ ဦး သေဆုံးခဲ့ပြီး၃၆ ဦး ပျောက်ဆုံးလျက် ရှိကြောင်း အာဏာပိုင်များက ဇွန် ၉ ရက်တွင် ပြော
ကြားခဲ့သည်။ အဆိုပါ မုန်တိုင်းသည် တစ်နာရီမိုင်၁၀၀ နှုန်းဖြင့်တိုက်ခိုက်ခြင်း ဖြစ်သည့်အတွက်ပင်လယ်ပြင်တွင်လှိုင်းကြီး
ပြီး ငါးဖမ်းလှေများ မှောက်ကာ ငါးဖမ်းသမားများ သေဆုံး ၊ ပျောက်ဆုံးနေရခြင်း ဖြစ်သည်။

ထို့အပြင်ဇွန် ၇ ရက်နှင့် ၈ ရက် နံနက် အစောပိုင်းကလည်း ရေစီးကြမ်းမှုကြောင့် ငါးဖမ်း သင်္ဘောများ တိမ်း
မှောက်ခဲ့ရာ ငါးဖမ်းသမား ၂ဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ ရာသီဥတု ဆိုးရွားမှုကြောင့် သီရိလင်္ကာ မြို့တော် ကိုလံဘိုမြို့ တစ်ဝှန်းတွင် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်၍ လဲကျခဲ့ခြင်းကြောင့် ကားလမ်းများ ပိတ်ခဲ့ပြီး သွားလာရေး နှောင့်နှေးခဲ့ရသည်။ဇွန်လ၈ရက်နေ့မှစ၍ လေပြင်း တိုက်ခတ်မှုကြောင့် ပင်လယ်ပြင်တွင် လှိုင်း
ထန်မှုများ ဖြစ်ပေါ်နိုင်၍ပင်လယ်ပြင်သို့ငါးဖမ်း မထွက်ရန် ငါးဖမ်းသမားများအား ရာသီဥတုဆိုင်ရာ သတိပေး
ချက်များ သီရိလင်္ကာ မိုးလေဝသ ဌာနက ထုတ်ပြန် ထားခဲ့သည်။

MRTV-4 ,ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၁.၆.၂၀၁၃

0 comments:

Post a Comment