Pages

Tuesday, June 11, 2013

AGD ဘဏ်ရှယ်ယာများ ယခုနှစ်အတွင်း စရောင်းမည်

Photo: AGD ဘဏ်ရှယ်ယာများ ယခုနှစ်အတွင်း စရောင်းမည်
Tuesday, June 11, 2013

အများပိုင်ဘဏ် အဖြစ်ပြောင်းလဲ လုပ်ကိုင်မည့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)က ဘဏ်၏ ပိုင်ဆိုင်မှုများ တန်ဖိုး တွက်ချက်ခြင်း ပြီးစီးတော့မည် ဖြစ်သဖြင့် ရှယ်ယာများကို အများပြည်သူသို့ ယခုနှစ်အတွင်း ထုတ်ရောင်းမည် ဖြစ်ကြောင်း အဆိုပါဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက The Voice သို့ ပြောကြားသည်။

ထိုင်းနိုင်ငံမှ တန်ဖိုး တွက်ချက်သည့် ကုမ္ပဏီတစ်ခုဖြင့် တွက်ချက်ပြီး ဖြစ်သော်လည်း စင်ကာပူနိုင်ငံမှ နောက်ထပ် တန်ဖိုး တွက်ချက်သည့် ကုမ္ပဏီတစ်ခုဖြင့် ယခုလအတွင်း ထပ်မံတန်ဖိုး တွက်ချက်ရန် စီစဉ်လျက် ရှိကြောင်း ၎င်းကရှင်းပြသည်။
...

မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံက အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲခွင့်နှင့် ရှယ်ယာ ရောင်းချခွင့် များကိုမူ ရရှိထားပြီး ဖြစ်ကြောင်း ဦးရဲမင်းဦးက ပြောကြားသည်။

“တန်ဖိုး မတွက်ဘဲ ရှယ်ယာ ထုတ်ရောင်းလည်း ရောင်းလို့ရပါတယ်။ ဒါပေမဲ့ဘဏ်ရဲ့ ပိုင်ဆိုင်မှု ဘယ်လောက် ခိုင်မာတယ်ဆိုတာကို တရားဝင် ပြချင်လို့ပါ”ဟု ၎င်းက ဆိုသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို တန်ဖိုး တွက်ချက်ရာတွင် ဘဏ်၏ ပိုင်ဆိုင်မှု အားလုံးကို ထည့်သွင်း တွက်ချက်မည် ဖြစ်ပြီး အဆိုပါ တန်ဖိုးတွက်ချက်ပြီးမှသာ ထုတ်ဝေ ရောင်းချမည့် ရှယ်ယာ အရေအတွက်နှင့် ဈေးနှုန်းကို သိရှိနိုင်မည်ဟု ၎င်းကပြောဆိုသည်။

ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင်၍ အများပိုင် ကုမ္ပဏီအဖြစ် တရားဝင် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

The Voice Weekly

Tuesday, June 11, 2013

အများပိုင်ဘဏ် အဖြစ်ပြောင်းလဲ လုပ်ကိုင်မည့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)က ဘဏ်၏ ပိုင်ဆိုင်
မှုများတန်ဖိုးတွက်ချက်ခြင်း ပြီးစီးတော့မည် ဖြစ်သဖြင့်ရှယ်ယာများကိုအများပြည်သူသို့ ယခုနှစ်အတွင်းထုတ်
ရောင်းမည် ဖြစ်ကြောင်း အဆိုပါဘဏ်အုပ်ချုပ်မှုဒါရိုက်တာဦးရဲမင်းဦးကThe Voiceသို့ ပြောကြားသည်။ ထိုင်းနိုင်ငံမှတန်ဖိုးတွက်ချက်သည့်ကုမ္ပဏီတစ်ခုဖြင့် တွက်ချက်ပြီး ဖြစ်သော်လည်း စင်ကာပူနိုင်ငံမှ နောက်
ထပ်တန်ဖိုးတွက်ချက်သည့်ကုမ္ပဏီတစ်ခုဖြင့်ယခုလအတွင်းထပ်မံတန်ဖိုး တွက်ချက်ရန်စီစဉ်လျက်ရှိကြောင်း
၎င်းကရှင်းပြသည်။
...
မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံက အာ
ရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲခွင့်နှင့် ရှယ်ယာ ရောင်းချခွင့် များကိုမူ ရရှိ
ထားပြီး ဖြစ်ကြောင်း ဦးရဲမင်းဦးက ပြောကြားသည်။

“တန်ဖိုးမတွက်ဘဲရှယ်ယာ ထုတ်ရောင်းလည်း ရောင်းလို့ရပါတယ်။ ဒါပေမဲ့ဘဏ်ရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်
 ခိုင်မာတယ်ဆိုတာကို တရားဝင် ပြချင်လို့ပါ”ဟု ၎င်းက ဆိုသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကိုတန်ဖိုးတွက်ချက်ရာတွင်ဘဏ်၏ ပိုင်ဆိုင်မှုအားလုံးကိုထည့်သွင်းတွက်
ချက်မည် ဖြစ်ပြီး အဆိုပါ တန်ဖိုးတွက်ချက်ပြီးမှသာ ထုတ်ဝေ ရောင်းချမည့် ရှယ်ယာ အရေအတွက်နှင့် ဈေး
နှုန်းကို သိရှိနိုင်မည်ဟု ၎င်းကပြောဆိုသည်။

ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက်ကို ဖေဖော်
ဝါရီလ ၁၈ ရက်နေ့မှ စတင်၍ အများပိုင် ကုမ္ပဏီအဖြစ် တရားဝင် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

The Voice Weekly ,ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၁.၆.၂၀၁၃

0 comments:

Post a Comment