Pages

Tuesday, June 11, 2013

အချုပ်ယာဉ် ဘရိတ်ပေါက်၍ ယာဉ်တိုက်မှုဖြစ်

၁၁.၆.၂၀၁၃ ရက်နေ့ ၁၅;၀၅ အချိန် မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးမှ အချုပ်တရားခံ ကျား(၅)ဦး၊ မ(၅)ဦး၊ပေါင်း (၁၀)ဦးအား တပ်ဖွဲ့ဝင်များဖြင့်အင်းစိန်အကျဉ်းထောင်သို့ပို့ရန် ယာဉ်မောင်း ရဲတပ်သား စည်သူဝင်းနိုင် မောင်းနှင်သည့်ယာဉ်အမှတ် ၁ခ/၇၇၈၇ အချုပ်ယာဉ်သည်မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်မန္တလေးလမ်းအတိုင်း မြို့နယ်တရားရုံးဘက်မှ ဒေါ်သိန်းတင်လမ်း ဘက်သို့မောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။မင်္ဂလာတောင်ညွှန့်မြို့နယ်၊ကန်မြောက်ရပ်ကွက်၊ အထက်မန္တလေးလမ်း၊ လမ်းသွယ်(၂) အရောက်တွင် အချုပ်ယာဉ်ဘရိတ်ပေါက်ပြီး လမ်းထောင့်၌ဖုန်းရပ်ပြောနေသော မင်္ဂလာတောင်ညွှန့် မြို့နယ်နေသူ အောင်နိုင်ဝင်း (၂၇)နှစ်၊ (ဘ)ဦးအောင်ဆန်းအား ယာဉ်၏ ယာဘက်ရှေ့ခေါင်းဘေးထောင့်နှင့် တိုက်မိပြီး ဆက်လက်၍လမ်းဘေးတွင် ရပ်ထားသောအခြားယာဉ်(၄)စီးအား ထပ်မံတိုက်မိသဖြင့် ယာဉ်များ အနည်းငယ်ပျက်စီးသွားကြောင်းသိရသည်။
ယာဉ်တိုက်ခံရသူ အောင်နိုင်ဝင်းတွင် ခါးနာကျင်ဒဏ်ရာရရှိသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ပို့အပ်ကုသလျက်ရှိကြောင်းနှင့်အချုပ်ယာဉ်မောင်း တပ်သားစည်သူဝင်းနိုင် အားရဲစည်းကမ်းထန်းသိမ်းရေးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Yangon Police ,ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၁.၆.၂၀၁၃

0 comments:

Post a Comment