Pages

Tuesday, June 11, 2013

ဘ၀အာမခံချက်မရှိ၍ မလေးရောက်မြန်မာအများစု ပြည်တွင်းသို့ ပြန်မလာလို

Tuesday, June 11, 2013

မလေးရှားရောက်မြန်မာလုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် အစိုးရ

နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက စီစဉ်ပေးနေသော်လည်း လုပ်သားအများစုမှာ လတ်တလောအခြေနေအရ
မြန်မာနိုင်ငံသို့ ပြန်လာမည့် အစီစဉ်မရှိသေးကြောင်း မလေးရှား ရောက် မြန်မာလုပ်သားအများစုက ပြောကြ
သည်။
မလေးရှားနိုင်ငံအတွင်း လတ်တလောဖြစ်ပျက်နေသည့် အခြေနေများအရ ယင်းနိုင်ငံအတွင်း၌ ရောက်ရှိနေ
သည့် မြန်­မာလူမျိုးများ ပြည်တွင်းသို့ ပြန်လာနိုင်ရန်MAI လေကြောင်းလိုင်းက လေယာဉ်လက်မှတ်ဈေးနှုန်း
များကို 50 ရာခိုင်နှုန်းအထိ လျှော့ချပေးထားခြင်း၊ ဧရာဝတီ ဖောင် ဒေးရှင်းမှ လုပ်သားဦးရေ တစ်ထောင်အ
တွက် လေယာဉ်လက်မှတ် အခမဲ့စီစဉ်ပေးထားခြင်း အပါအ၀င် သက်ဆိုင်ရာအစိုးရအနေဖြင့်လည်း နှစ်နိုင်ငံ
အစိုးရချင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကာ မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်ရေးနှင့် ပြန်လာနိုင်ရေးအ
တွက်ကို အစီအစဉ်များ ချမှတ်ဆောင်ရွက်နေသော်လည်းယင်းနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာလုပ်သားအ
များစုမှာ ပြည်တွင်း၌ ၎င်းတို့၏ ဘ၀အာမခံချက်မရှိသေးသည့်အခြေနေများကြောင့်လတ်တလောအခြေနေ
တွင် ပြည်တွင်းသို့ ပြန်လာမည့် အစီစဉ် မရှိကြောင်း ၎င်းတို့က ပြောကြသည်။

ကျွန်တော်တို့က ပြန်မလာချင်လို့တော့ မဟုတ်ဘူး တကယ်ကို ပြန်လာချင်ပါတယ်။ ဒါပေမယ့် အဲဒီလိုပြန်
လာ

ပြီး မြန်မာပြည်ကို ပြန်ရောက်ရင်ကျွန်တော်တို့ကဘာလုပ်ရမှာလဲ။ ကျွန်တော်တို့ရဲ့ ဝင်ငွေတွေကကော ဘယ်
လောက်ရမှာလဲ။ ဒါတွေကမေး စရာဖြစ်လာပြီ။ ဘာဖြစ်လို့ လည်းဆိုရင်ကျွန်တော်တို့ကမိသားစုအတွက် ငွေ
ရှာမယ်ဆိုပြီး ဒီနိုင်ငံထက်ပိုက်ဆံပိုရတဲ့ နိုင်ငံကိုသွားပြီး အလုပ်လုပ်နေရာကနေ ဒီကို ချက်ချင်းပြန်လာရင် ကျွန်တော်တို့ရဲ့ဝင်ငွေလည်း လျှော့သွားမှာ ဖြစ်သလို ကျွန်တော်တို့ရဲ့ မိသားစုတွေလည်း အခက်ခဲ ဖြစ်သွား
နိုင်တာ ကြောင့် လတ်တလောမှာ ပြန်မလာချင်သေးတာပါ ဟုမလေးရှားနိုင်ငံဆူးဘန်းမြို့၌အလုပ်လုပ်ကိုင်
နေသူ မြန်မာနိုင်ငံသားတစ်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ထိုသို့သောအခြေနေများကြောင့် ၎င်းတို့အနေဖြင့် လတ်တလောတွင် မိသားစုများစိုးရိမ်ပူပန်နေသည့်အခြေ

အနေများ ဖြစ်နေသည့်တိုင် အောင် မြန်မာပြည်သို့မပြန်သေးခြင်းဖြစ်ကြောင်း သိရသည်။

အခုအခြေနေတွေဆိုးနေတယ်ဆိုပေမယ့် နေလို့ရသလောက်နေရအုန်းမှာဘဲ။နောက်ပြီးအခုဖြစ်နေတာက ကျွန်တော်တို့ နိုင်ငံသား အမည်ခံ ထားတဲ့ ဘင်္ဂါံလီလူမျိုးသက်သက်ပဲ ရှိသေးတာဆိုတော့ ကိုယ့်အန္တရာယ်ကို ကြည့်ရှောင်ပြီး နေလို့ရသေးတယ်။ မလေးနိုင်ငံသားတွေပါအကုန်လုံးပါလာပြီး ကျွန်တော်တို့ နိုင်ငံသားေ
တွ

ကို ဆက်လုပ်မယ်ဆိုရင်တော့ ကျွန်တော်လည်း မနေတော့ဘဲ ပြန်တော့မှာဖြစ်ပါတယ် ဟု ကွာလာ လမ်ပူ၌ အလုပ်လုပ်ကိုင်နေသူတစ်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

လက်ရှိအနေထားတွင် မလေးရှားနိုင်ငံအတွင်းဖြစ်ပျက်နေ သည့် ပြသနာများအမြန်ဆုံးပြေလည်စေနိုင်ရေး

အတွက်ကိုလည်း မြန်မာ အစိုးရမှ အဆင့်မြင့် အထူးကိုယ်စားလှယ်တစ်ဖွဲ့ကို မလေးရှားနိုင်ငံသို့ စေလွှတ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာ့ခေတ် ,ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၁.၆.၂၀၁၃

0 comments:

Post a Comment