Tuesday, June 11, 2013
တစ်နာရီ မိုင် ၃၁၀ တောင် ခရီးသွားတဲ့ ရထားမို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံ ရထား ဖြစ်လာအုံးမှာပါ။လက်ရှိက
တော့ တရုတ်ပြည်က တစ်နာရီ ၂၆၈ မိုင်ပြေးတဲ့ ရထားက ကမ္ဘာ့အမြန်ဆုံး
ကျည်ဆံရထား အဖြစ် စံချိန်တင်
ထားပါတယ်။ဂျပန်ကလည်းစံချိန်သစ်နဲ့နည်းပညာသစ်ကို ရထားကို စမ်းသပ်အောင်မြင်သွားပါပြီ။ ရိုးရိုးသွားတဲ့ရထားတောင်မဟုတ်တော့ပဲရေပေါ်ပေါ်သလိုရှပ်ပြေးလေးသွားမယ့်ရထားဖြစ်ပါတယ်။ သံလမ်း
နဲ့ မထိသထိအနေအထားရှိပြီးAir Resistanceကိုခုခုလို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား ဖြစ်လာမှာပါ။
လုံခြုံရေးအတွက်လည်းအပြည့်အဝ ပြုလုပ်ပေးထားပါတယ်။ လောလောဆယ် ၁၅ မီတာ အရှည်သာ ပြုလုပ်
ရသေးပြီး ဒီထက်ပိုရှည်ပြီး ခရီသည် ပိုတင်နိုင်မယ့် အမျိုးအစားကို ကြိုးစားဖန်တီးသွားမယ်လို့ဆို ပါတယ်။
တိုကျိုနဲ့အိုဆာကာ မြို့နှစ်ခုကိုဆက်သွယ်ပို့ဆောင်ပေးမယ့်ရထားလို့ဆိုပါတယ်။ ဒီအတွက် ရထားလမ်း စနစ်
ကိုလည်း ပြန်လည် ပြုပြင်ရမှာပါ။ ဒါကြောင့် ခရီးသည် ပို့ဆောင်ရေးအတွက် လက်တွေ့အသုံပြုမှုကျတော့
နောက်ထပ် ၇ နှစ်လောက်ထိ အချိန်ယူ ဖန်တီးရမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team) , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၁.၆.၂၀၁၃

0 comments:
Post a Comment