Pages

Tuesday, June 11, 2013

"လူသတ်မှု ၃ ခုအတွက် သံသယရှိသူ ၃ ဦးအား မလေးရှားရဲ အလိုရှိနေ"

ဆီလန်ဂေါ၊ ဇွန် ၁၁
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မှုခင်း ၃ ခုနှင့်ပတ်သက်၍ သံသယရှိသူ ၃ ဦးအား အလိုရှိကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။
သံသယရှိသဖြင့် အလိုရှိကြောင်းကြေညာချက်ထုတ်ခံရသူ ၃ ဦးမှ မြန်မာ ၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ် တစ်ဦးဖြစ်
သည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ကမလေးရှားနိုင်ငံဆူဘန်းဂျာယာမြို့နယ်မှအခန်းတစ်ခုအတွင်းဝယ်အသက်

၂၀ အရွယ်ရှိ မြန်မာတစ်ဦးအသတ်ခံရခြင်းအတွက် အသက် ၃၆ နှစ်အရွယ် မြန်မာလူမျိုး တင်မောင်သန်း၊ ဆွန်ဂိုင်းဘူလိုး မြို့နယ်ရှိအခန်းတစ်ခန်းအတွင်းဝယ် မြန်မာတစ်ဦးသေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာလူမျိုး
မျိုးထွန်း၊ ဆရီ ကမ်ဘန်ဂန်မြို့နယ်တွင်မိမိ၏ဇနီးသည်အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးအားသတ်မှုနှင့်ပတ်သက်
၍ ခင်ပွန်းဖြစ်သူ ဘင်္ဂလားဒေ့ရှ်လူမျိုး အသက် ၃၀ အရွယ် ပါမန် တို့ကို ရဲတပ်ဖွဲ့က အလိုရှိခြင်းဖြစ်ကြောင်းသိ
ရသည်။

ထို သံသယရှိသူ ၃ ဦးအား တွေ့ရှိပါက နီးရာ ရဲစခန်းသို့ဆက်သွယ်အကြောင်းကြာပါရန် ဆီလန်ဂေါပြည်နယ် ရဲတပ်ဖွဲ့မှ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းဆီလန်ဂေါပြည်နယ်မှုခင်းစုံစမ်းရေးအဖွဲ့မှူးမိုဟာမက်

အက်ဒ်နန်း ဘင် အဗ္ဗဒူလာကပြောသည်။

PN-002
ref: Polis Selangor , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၁.၆.၂၀၁၃

0 comments:

Post a Comment