Pages

Tuesday, June 11, 2013

မန်းတိုင်းအတွင်း တက္ကသိုလ်ဝင်တန်း ၄ ဘာသာနှင့်အထက်ဂုဏ်ထူးရှင် (၅)ထောင်ကျော်ထွက်ရှိ

Tuesday, June 11, 2013
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၂-၂၀၁၃စာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများ
ထဲမှဂုဏ်ထူးရှင်ပေါင်းငါးထောင်ကျော်ထွက်ရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်းလည်းတိုးလာကြောင်းသိရှိရသည်။
၂၀၁၂-၁၃စာသင်နှစ်အတွက်မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူပေါင်း၇၅၂၈၂ဦးဖြေဆိုခဲ့ရာ အောင်မြင်
သူ ၂၉၇၁၅ဦးအောင်မြင်ခဲ့ပြီး၆ဘာသာဂုဏ်ထူးရှင်၁၅၆ဦးနှင့်ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၅၀၅၈၀ဦး
ရှိခဲ့ကြောင်းသိရသည်။
ယမန်နှစ်တွင်မန္တလေးတိုင်းဒေသကြီးတွင်ဖြေဆိုသူ၇၀၉၉၈ဦးရှိခဲ့ပြီး အောင်မြင်သူမှာ၂၃၅၂၉ဦးရှိခဲ့ကြောင်း
၊ ရာနှုန်းအားဖြင့် ၃၃.၁၄ရာနှုန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ဖြေဆိုသူ ၇၅၂၈၂ဦးဖြေဆိုခဲ့ရာ ရာနှုန်းအားဖြင့်
၃၉.၄၇ရာနှုန်း အောင်မြင်ခဲ့သဖြင့်ယမန်နှစ်ထက်စာလျှင်အောင်ချက်ရာနှုန်းတိုး မြင့်လာခဲ့ကြောင်းသိရသည်။

မန္တလေးမြို့နယ် (၅)မြို့နယ်အတွင်းတွင် ချမ်းအေးသာစံမြို့နယ်မှာအောင်ချက်ရာနှုန်းအကောင်း
ဆုံး ဖြစ်ပြီး

 အောင်ချက်ရာနှုန်း အနည်းဆုံးမှာ ပြည်ကြီးတံခွန်မြို့နယ်ဖြစ်သည်။အောင်ချက်ရာနှုန်းများ အဖြစ် ချမ်းအေး သာစံမြို့နယ်တွင် ၅၉.၈၃ရာနှုန်း၊မဟာအောင်မြေမြို့နယ်တွင် ၅၁.၅၃ရာနှုန်း၊ ချမ်းမြသာစည်မြို့နယ်တွင် ၄၂.၆၃ရာနှုန်း၊အောင်မြေသာစံမြို့နယ်တွင် ၄၀.၂၄ရာနှုန်းနှင့် ပြည်ကြီး တံခွန် မြို့နယ်တွင် ၃၄.၀၀ ရာနှုန်း
အောင်မြင်ခဲ့ကြောင်းသိရသည်။

‘အခုလို ကိုယ့်တိုင်းအတွင်းမှာ ဆယ်တန်းဂုဏ်ထူးရှင် ဒီလောက်ထွက်တော့ တိုင်းဂုဏ်တက်တာပေါ့” ဟု မန္တလေးမြို့ခံ ကိုနန္ဒကျော်ကပြောသည်။

မန္တလေးမြို့တွင်းရှိပုဂ္ဂလိကစာသင်ကျောင်းများ၏ အောင်ချက်ရာနှုန်းများတွင်ချမ်းအေးသာစံမြို့နယ်အတွင်း

ရှိCAE ဘော်ဒါဆောင်မှ အောင်ချက်ရာနှုန်း၉၇.၄၄ရာနှုန်းဖြင့်အများဆုံး အောင်မြင်ခဲ့ပြီးELC ဘော်ဒါဆောင်
မှအောင်ချက်ရာနှုန်း ၈၉.၂၉ ရာနှုန်း အောင်မြင်ခဲ့သည်ဟု သိရသည်။

Myit Ma Kha Media , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၁.၆.၂၀၁၃

0 comments:

Post a Comment