Pages

Monday, December 9, 2013

ဘတ်စကက်ဘော ပြိုင်ပွဲတွင် မြန်မာအမျိုးသား၊ အမျိုးသမီး နှစ်သင်းလုံးရှုံးနိမ့်

RangonNewsDaily:: December . 9 .2013
၂၇ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အမျိုးသားနှင့် အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲများကို ဒီဇင်ဘာ ၈ ရက်နေ့က ပရိသတ် သုံးထောင်ဆံ့ ဇေယျာသီရိ အားကစားရုံ (အေ) တွင် စတင်ကျင်းပရာ မြန်မာအမျိုးသား ဘတ်စကက်ဘော အသင်းနှင့် မြန်မာအမျိုးသမီး ဘတ်စကက်ဘော နှစ်သင်းစလုံး အဖွင့်ပွဲတွင် ရှုံးနိမ့်ခဲ့

သည်။
အမျိုးသားအသင်းသည် ကမ္ဘောဒီးယား အသင်းကို ပထမပွဲငယ်တွင် ၄၂ မှတ် ၁၁မှတ်ဖြင့် အမှတ်ပြတ် ရှုံးနိမ့်
ခဲ့ပြီးဒုတိယပွဲငယ်တွင် ၁၈ မှတ် ၁၂ မှတ်၊ တတိယ ပွဲငယ်တွင် ၁၈ မှတ် ၁၂ မှတ် စတုတ္ထပွဲငယ်တွင် ၁၃ မှတ်
၉ မှတ်တို့ဖြင့် ဆက်တိုက် အနိုင်ရခဲ့ကြောင်း၊ သို့သော်လည်း ပြိုင်ပွဲ ပြီးဆုံးချိန်၌ ကမ္ဘောဒီးယား အသင်းက ရ
မှတ်စုစုပေါင်း ၇၅ မှတ် ရရှိခဲ့ပြီး မြန်မာအသင်းက ရမှတ် ၆၀ သာ ရရှိခဲ့သောကြောင့် ရှုံးခဲ့ရခြင်း ဖြစ်သည်။

အမျိုးသမီးအသင်းသည် အင်ဒိုနီးရှား အသင်းကို ပထမပွဲငယ်တွင် ၂၆ မှတ် ၉ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၅ မှတ် ၆ မှတ်၊ တတိယ ပွဲငယ်တွင် ၂၆ မှတ် ၁၁ မှတ်၊ စတုတ္ထပွဲငယ်တွင် ၂၇ မှတ် ၁၃ မှတ်ဖြင့် ပွဲငယ်လေး

ပွဲလုံး ရှုံးခဲ့သောကြောင့် ပြိုင်ပွဲ ပြီးဆုံးချိန်၌ အင်ဒိုနီးရှား အသင်းက ရမှတ်စုစုပေါင်း ၁၀၄ မှတ် ရရှိခဲ့ပြီး မြန်
မာအသင်းက ၃၉ မှတ်ဖြင့် ရှုံးခဲ့ရခြင်း ဖြစ်သည်။

အမျိုးသားအသင်းသည် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အင်ဒိုနီးရှားအသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်

သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment