Pages

Monday, December 9, 2013

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း MADI မြန်မာနိုင်ငံဘက်သို့ ဦးတည်လာနိုင်သည့်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ဌာနမှ စောင့်ကြည့်နေ

RangonNewsDaily:: December . 9 .2013
ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဒီ (MADI) မြန်မာနိုင်ငံဘက်သို့ ဦးတည်လာနိုင်ကြောင်းနှင့် ဦးတည်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်နေဆဲ ဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဒီဇင်ဘာ ၈ ရက် ည ၁၁ နာရီက ပြောကြားသည်။

ဆိုင်ကလုန်း မဒီသည် ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် တိုင်းတာချက်များအရ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနေပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် (၂၅၀) ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၅၂၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊

အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်ဘက်သို့ ဖြေညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ကြောင်း ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီက မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယကို လာနိုင်တယ်။ ဘင်္ဂလားဒေ့ရှ်ကို လာနိုင်တယ်။ ကျွန်တော်တို့ဘက်ကို လာနိုင်တယ်။ ကျွန်တော်တို့ဘက်ကို လာမယ်ဆိုရင်တောင် မိုင် ၆၀၀ လောက် ကွာသေးတယ်။ မုန်တိုင်းတစ်လုံးက မိုင် ၆၀၀ ခရီးဆိုရင် သုံးရက်လောက်နေမှ ကျွန်တော်တို့ဆီကို ရောက်လာမှာ . . . . .

ဆိုင်ကလုန်း မဒီနှင့် ပတ်သက်ပြီး ဦးချစ်ကျော်က "ကျွန်တော်တို့ရဲ့ မော်ဒယ်အရ ကျွန်တော်တို့ဘက်ကို လာမယ်လို့ ထင်တယ်။ အိန္ဒိယကျတော့ မြောက်ဘက်ကို ရွေ့မယ်။ ရွေ့ပြီးတော့ နောက်ထပ် ၄၈ နာရီကြာရင် ပိုမိုအားကောင်းပြီး မြန်မာနိုင်ငံဘက်ကို သွားမယ်တဲ့။ နောက်နှစ်ရက်အတွင်း မြောက်ဘက်ကို ရွေ့နေဦးမယ်လို့ သူကပြောတယ်။ 


ကျွန်တော်တို့ကတော့ ၁၁ ရက် ၁၂ ရက်လောက်ဆိုရင် မြန်မာပြည်ဘက်ကို ကွေ့လာမယ်လို့ မှတ်ယူတယ်။ ဒါပေမဲ့ ဒါကဒီနေ့ အချက်အလက်ပေါ် မူတည်ပြီး ခန့်မှန်းချက်ထုတ်တာ" ဟု ဦးချစ်ကျော်က ဒီဇင်ဘာ ၈ ရက် ည ၁၁ နာရီက Eleven Media Group သို့ ပြောကြားသည်။

"အခု ကျွန်တော်တို့ မော်ဒယ်နဲ့ ကျွန်တော်တို့ ကြည့်တဲ့အခါ ကျွန်တော်တို့ဘက်ကို လာမယ်လို့ အဖြေထွက်တယ်။ ဒါပေမဲ့ မနက်ဖြန်ကို မြန်မာပြည်လာမယ်လို့ ကြေညာမလားလို့မေးရင် ကျွန်တော် မကြေညာဘူး။ ဘာဖြစ်လို့လည်းဆိုရင် အခုဖြစ်နေတဲ့ ဖြစ်စဉ်က ဘယ်ဘက်ကို ဒီကောင်သွားရမှန်း မသိအောင် မျှခြေတစ်ရပ်ကို ရောက်နေတယ်။ 


အဲဒါကြောင့် အိန္ဒိယကို လာနိုင်တယ်။ ဘင်္ဂလားဒေ့ရှ်ကို လာနိုင်တယ်။ ကျွန်တော်တို့ဘက်ကို လာနိုင်တယ်။ ကျွန်တော်တို့ဘက်ကို လာမယ်ဆိုရင်တောင် မိုင် ၆၀၀ လောက် ကွာသေးတယ်။ မုန်တိုင်းတစ်လုံးက မိုင် ၆၀၀ ခရီးဆိုရင် သုံးရက်လောက်နေမှ ကျွန်တော်တို့ဆီကို ရောက်လာမှာ။ 

ကျွန်တော်တို့ ယူဆချက်က အခု ကျွန်တော်တို့ဆီမှာ ညဘက်ပို အေးလေမုန်တိုင်းက ပင်လယ်ထဲမှာ ပျက်သွားဖို့ များလေပဲ။ အေးလားမအေးလား ပရိတ်သတ်တွေကိုယ်တိုင် စောင့်ကြည့်လို့ရတယ်" ဟု ဦးချစ်ကျော်က ပြောကြားသည်။

အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရန် လိုအပ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။

Eleven Media  ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment