Pages

Sunday, December 8, 2013

ကိန်းကြီးခန်းကြီး နိုင်လွန်းလှသည့် Lamborghini ကားသစ်မိတ်ဆက်ပွဲ

Photo: ကိန်းကြီးခန်းကြီး နိုင်လွန်းလှသည့် Lamborghini ကားသစ်မိတ်ဆက်ပွဲ
Sunday, December 8,2013

Lamborghini အနေဖြင့် ရေနံကြောင့် ကြွယ်ဝချမ်းသာပြီး စူပါကား အမြောက်အမြား ရောင်းချနေရသည့် UAEနိုင်ငံကို Veneno Roadster၏ ပွဲဦးထွက်ရန် ဘူမိနက်သန်အဖြစ် ရွေးချယ်ခဲ့သည်။

အီတလီ နာမည်ကျော် ပြိုင်ကားကုမ္ပဏီ Lamborghiniသည် ၎င်းတို့၏ နောက်ဆုံးပေါ် အဆန်းတကျယ် ဖန်တီးမှု လက်ရာကို ထူးထူးခြားခြား အစီအစဉ်ဖြင့် မိတ်ဆက်ပြသခဲ့သည်။ ဒီဇင်ဘာလ (၁)ရက်နေ့က Lamborghiniသည် UAEနိုင်ငံ၊ အဘူဒါဘီရှိ ဆိပ်ကမ်းတစ်ခုတွင် Veneno Roadstar အမျိုးအစား စူပါကားကို စတင်ပွဲထုတ် ပြသခဲ့သည်။ သို့သော်လည်း လူအများရှေ့ ခန်းမတစ်ခု၊ ရင်ပြင်ကျယ်တစ်ခုတွင် မိတ်ဆက်ခြင်း မဟုတ်ဘဲ အီတလီရေတပ်မှ လေယာဉ်တင် သင်္ဘောကြီး Cavourပေါ်တွင် ခမ်းနားစွာ ပြသလာခြင်း ဖြစ်သည်။ Lamborghini အနေဖြင့် ရေနံကြောင့် ကြွယ်ဝချမ်းသာပြီး စူပါကား အမြောက်အမြား ရောင်းချနေရသည့် UAEနိုင်ငံကို Veneno Roadster၏ ပွဲဦးထွက်ရန် ဘူမိနက်သန်အဖြစ် ရွေးချယ်ခဲ့သည်။

Lamborghini၏ ကားသစ်မိတ်ဆက်ပွဲကို ကျိကျိတက် ချမ်းသာသည့် လူ့မလိုင် အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး အကျွေးအမွေးအတွက် အီတလီဟိုတယ် Splendidoမှ စားဖိုမှူးကို ငှားရမ်းခဲ့သည်။ ထို့အပြင် နာမည်ကြီး ဒီဇိုင်နာ ဂီယာဒါကာတီ၏ ဖက်ရှင်လက်ရာများကို ဝတ်ဆင်ထားသည့် မော်ဒယ်လ်များက ဧည့်ခံကြိုဆိုရေး တာဝန်ကို ယူထားခဲ့သည်။ UAEနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး ဂျော်ဂျီအို စတာရေ့စ်၊ အီတလီရေတပ် သေနာပတိ ပါအိုလိုထရီယူနှင့် အီတလီ လက်ရွေးစင် ဘောလုံး အသင်းခေါင်းဆောင်ဟောင်း ဖေဘီယို ကင်နဗာရိုးတို့သည်လည်း အဆိုပါ အခမ်းအနားတွင် ဂုဏ်ထူးဆောင် ဧည့်သည်တော်များအဖြစ် တက်ရောက်လာကြသည်။

Lamborghiniသည် Veneno Roadsterကို စုစုပေါင်း (၉)စင်းသာ ထုတ်လုပ်မည်ဟု ကြေညာထားသည်။ အဆိုပါ မော်တော်ကားတွင် 6.5-litre V12 အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ (၇၃၉)ကောင်အား စွမ်းအင်ကို ထုတ်ပေးနိုင်မည် ဖြစ်သည်။ အလေးချိန် (၃၂၇၈)ပေါင်သာရှိသည့် မော်တော်ကားသည် ရပ်နားထားရာမှ တစ်နာရီ မိုင်(၆၀)မြန်နှုန်းထိကို (၂.၉)စက္ကန့်အတွင်း အရှိန်တင်နိုင်သည်။ ထို့အပြင် အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် (၂၂၁)မိုင်ထိ အရှိန်မြှင့်နိုင်မည် ဖြစ်သည်။ အဆိုပါ မော်တော်ကားကို ဝယ်သူဘက်မှ အခွန်အခ မပေးဆောင်ရသေးသည့် အချိန်တွင်ပင် တန်ကြေး ဒေါ်လာ (၄.၅)သန်း သတ်မှတ်ထားသည်။ Lamborghiniသည် ယခုနှစ်အတွင်း Veneno Roadsterအပြင် Egoista အမျိုးအစား မော်ဒယ်လ်ကိုလည်း ထုတ်လုပ်ထားကြောင်း သိရသည်။

Planet Myanmar Network

RangonNewsDaily:: December . 8 .2013
Lamborghini အနေဖြင့် ရေနံကြောင့် ကြွယ်ဝချမ်းသာပြီး စူပါကား အမြောက်အမြား ရောင်းချနေရသည့် UAEနိုင်ငံကို Veneno Roadster၏ ပွဲဦးထွက်ရန် ဘူမိနက်သန်အဖြစ် ရွေးချယ်ခဲ့သည်။ အီတလီ နာမည်ကျော် ပြိုင်ကားကုမ္ပဏီ Lamborghiniသည် ၎င်းတို့၏ နောက်ဆုံးပေါ် အဆန်းတကျယ် ဖန်တီး
မှု လက်ရာကို ထူးထူးခြားခြား အစီအစဉ်ဖြင့် မိတ်ဆက်ပြသခဲ့သည်။ ဒီဇင်ဘာလ (၁)ရက်နေ့က Lamborgh
iniသည် UAEနိုင်ငံ၊အဘူဒါဘီရှိဆိပ်ကမ်းတစ်ခုတွင် Veneno Roadstar အမျိုးအစား စူပါကားကို စတင်ပွဲထုတ်
 ပြသခဲ့သည်။ 
 
သို့သော်လည်းလူအများရှေ့ ခန်းမတစ်ခု၊ ရင်ပြင်ကျယ်တစ်ခုတွင် မိတ်ဆက်ခြင်း မဟုတ်ဘဲ အီတလီရေတပ်
မှ လေယာဉ်တင် သင်္ဘောကြီး Cavourပေါ်တွင် ခမ်းနားစွာ ပြသလာခြင်း ဖြစ်သည်။ Lamborghini အနေဖြင့်
ရေနံကြောင့် ကြွယ်ဝချမ်းသာပြီးစူပါကားအမြောက်အမြား ရောင်းချနေရသည့်UAEနိုင်ငံကို VenenoRoadster
၏ ပွဲဦးထွက်ရန် ဘူမိနက်သန်အဖြစ် ရွေးချယ်ခဲ့သည်။

Lamborghini၏ကားသစ်မိတ်ဆက်ပွဲကိုကျိကျိတက်ချမ်းသာသည့် လူ့မလိုင် အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ တက်
ရောက်ခဲ့ပြီး အကျွေးအမွေးအတွက် အီတလီဟိုတယ် Splendidoမှ စားဖိုမှူးကို ငှားရမ်းခဲ့သည်။ ထို့အပြင် နာ
မည်ကြီး ဒီဇိုင်နာ ဂီယာဒါကာတီ၏ ဖက်ရှင်လက်ရာများကို ဝတ်ဆင်ထားသည့် မော်ဒယ်လ်များက ဧည့်ခံကြို
ဆိုရေး တာဝန်ကို ယူထားခဲ့သည်။ 
 
UAEနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး ဂျော်ဂျီအို စတာရေ့စ်၊ အီတလီရေတပ် သေနာပတိ ပါအိုလိုထရီယူ
နှင့် အီတလီလက်ရွေးစင် ဘောလုံး အသင်းခေါင်းဆောင်ဟောင်း ဖေဘီယို ကင်နဗာရိုးတို့သည်လည်း အဆို
ပါ အခမ်းအနားတွင် ဂုဏ်ထူးဆောင် ဧည့်သည်တော်များအဖြစ် တက်ရောက်လာကြသည်။

Lamborghiniသည် Veneno Roadsterကို စုစုပေါင်း (၉)စင်းသာ ထုတ်လုပ်မည်ဟု ကြေညာထားသည်။ အဆို
ပါ မော်တော်ကားတွင်6.5-litre V12အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ (၇၃၉)ကောင်အား စွမ်းအင်
ကို ထုတ်ပေးနိုင်မည် ဖြစ်သည်။ အလေးချိန် (၃၂၇၈)ပေါင်သာရှိသည့် မော်တော်ကားသည် ရပ်နားထားရာ
မှ တစ်နာရီ မိုင်(၆၀)မြန်နှုန်းထိကို (၂.၉)စက္ကန့်အတွင်း အရှိန်တင်နိုင်သည်။ 
 
ထို့အပြင်အမြင့်ဆုံးမြန်နှုန်းတစ်နာရီလျှင် (၂၂၁)မိုင်ထိ အရှိန်မြှင့်နိုင်မည် ဖြစ်သည်။ အဆိုပါ မော်တော်ကား
ကို ဝယ်သူဘက်မှ အခွန်အခ မပေးဆောင်ရသေးသည့် အချိန်တွင်ပင် တန်ကြေး ဒေါ်လာ (၄.၅)သန်း သတ်
မှတ်ထားသည်။ 
 
Lamborghiniသည် ယခုနှစ်အတွင်း Veneno Roadsterအပြင် Egoista အမျိုးအစား မော်ဒယ်လ်ကိုလည်း ထုတ်
လုပ်ထားကြောင်း သိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment