Pages

Sunday, December 8, 2013

လမ်းပြောင်းပြန်မောင်းသည့် ကားတိုက်မှုတွင် မိုးဟေကို၏မောင်ဖြစ်သူသေဆုံး

Photo: လင်းယံရဲ့ ညီ၊မိုးဟေကိုရဲ့ မောင်လေးလင်းအိမ်သစ် (ခ) ဖုန်းမြင့်ကျော် အတွက်အလွမ်းစာ
Sunday, December 8,2013

“ကျွန်တော်တို့ရဲ့ အချစ်ဆုံးညီလေး၊ မိုးဟေကို ၏ အချစ်ဆုံးမောင်လေး ဖုန်းမြင့်ကျော် သည် ( ၆-၁၂-၂၀၁၃ )ရက်နေ့ နံက် ၃း၃၀ အချိန်တွင် 
၎င်း မောင်းနှင်သောကား အတိုက်ခံရပြီး ရန်ကုန်ဆေးရုံကြီးတွင်တင်
ထားစဉ် ( ၇-၁၂-၂၀၁၃ ) ရက်နေ့ နံက်၃း၄၀ အချိန် ကျွန်တော်မျက်စိ
ရှေ့တွင်ကွယ်လွန်သွားခဲ့ပြီး ( ၉-၁၂-၂၀၁၃ ) ရက်နေ့တွင် ရေဝေး
သုသာန်၌ သဂြိုလ်မည်ဖြစ်ပါသည်။ ”ဟုအဆိုတော်လင်းယံရဲ့ 
ဖေ့ဘုတ်စာမျက်နှာမှာဖေါ်ပြလာပါသည်။

“ကိုဖုန်း သည် `လင်းအိမ်သစ် ´အမည်ဖြင့် ကျွန်တော့် DVD တွင်
သီချင်း ၂ပုဒ် .. ဥာဏ်လင်းအောင် ၏VCDနှင့် သူငယ်ချင်း သော်ဒီ 
၏ `မလွမ်းတော့ဘူး ´ DVD တွင် ၁ ပုဒ်သရုပ်ဆောင်ပေးခဲ့ပါသည်။
ညီလေး ကိုဆုံးရှုံးသွားရတာဟာ ကျွန်တော်တို့မိသားစုအတွက် ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ပါသည်။

”ဟုလည်းကောင်း“အကို့ရဲ့ နှလုံးသားတွေကြေမွသွားသလိုများစွာခံစားရပါတယ် ညီလေးရယ် ..
ညီလေး ထွက်ခွာသွားတာအရမ်းစောလွန်းပါတယ် .. နောက်ဘဝ ဆက်တိုင်းလဲ အခုလိုအဖြစ်ဆိုးမျိုးနဲ့ ဘယ်တော့မှ မကြုံတွေ့ပါစေနဲ့ ညီလေးရေ ..ညီလေး အကိုတို့ကို အပြီးပိုင် နှုတ်ဆက်သွားပေမဲ့ အကိုတို့တစ်မိသားစုလုံးကတော့ တစ်သက်လုံး အမြဲသတိရနေမှာပါ ..အကိုအခု အရမ်းစိတ်ထိခိုက်ခံစားနေရတယ် အရမ်းလဲငိုနေရတယ် တရားသဘောကိုနားလည်ပေမဲ့ဘယ်လိုမှ ဖြေလို့မရဘူး ညီလေးရယ်.. ညီလေးအသက်ရှင်ဘို့အတွက် အကိုတို့အားလုံးအစွမ်းကုန်ကြိုးစားခဲ့တာ ညီလေးသိပါစေ ..စိတ်ထားအရမ်းကောင်းတဲ့ငါ့ညီလေး ကောင်းရာမွန်ရာရောက်ပါစေလို့ အကိုတို့အမြဲဆုတောင်းပေးနေပါတယ် ”“ညီလေးက ကျတော်ကို တက်တူးထိုးမှာလုံးဝမကြိုက်ဘူးလေ အမြဲတားနေတာ အခုတော့ ညီလေးခွင့်ပြုပေးပါ အကိုညီလေးရဲ့ နာမည်နဲ့ ညီလေးလူ့လောက ကနေထွက်သွားတဲ့နေ့လေးကို အကိုလက်မှာတက်တူး ထိုးပါရစေ ညီလေးရယ်နော် ..သူ သတိမမေ့ခင်နောက်ဆုံးပြောသွားခဲ့တယ် ဖေဖေ ,မေမေ , ကိုကို နဲ့ မမ သူကို့ခွင့်လွှတ်ပါတဲ့ .. ခွင့်လွှတ်ပါတယ် ညီလေးရေ အမြဲခွင့်လွှတ်ပါတယ် .. ထာဝရချစ်ဆုံး ညီလေး ”ဟုကြေကွဲဖွယ်ရေသားထားပါသည်။

credit-အဆိုတော်လင်းယံ၏ဖေ့ဘုတ်မှ
Popular Journal

RangonNewsDaily:: December . 8 .2013
ရန်ကုန်- ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအနီးရှိ မီးပွိုင့်တွင် လမ်းပြောင်းပြန်မောင်းလာသည့် ကားတစ်
စီးနှင့် ၀က်သားတင်ဒိုင်နာတိုက်မိ၍ သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ သရုပ်ဆောင်မိုးဟေကို မောင်ဖြစ်
ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ၆ ရက်နံနက် ၃ နာရီခွဲကဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်းလသာအမှတ်(၂)အထက်တန်းကျောင်း
ဘက်မှ လမ်းပြောင်းပြန်မောင်းလာသည့် မတ်ခ်တူးအမျိုးအစားကားတစ်စီးသည် လမ်းမတော်လမ်းနှင့် မြို့မ
ကျောင်းလမ်းမီးပွိုင့်အရောက်၌ မြို့မကျောင်းလမ်းဘက်မှလမ်းမတော်ဘက်သို့မောင်းလာသည့်ဝက်သားခြမ်း
များတင်လာသည့် ဒိုင်နာတစ်စီးနှင့်တိုက်မိခဲ့ခြင်းဖြစ်သည်။

“လမ်းပြောင်းပြန်မောင်းလာတဲ့ မတ်ခ်တူးကားပေါ်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့အစ်ကိုနဲ့ သူငယ်
ချင်းတွေပါတယ်ပြောတယ်။ ဒဏ်ရာရထားတဲ့သူတွေကို အရေးပေါ်က လက်တွန်းလှည်းတွေနဲ့ လာသယ်ကြ
တယ်။ဝက်သားခြမ်းတွေသံဈေးလာပို့တဲ့ကားပေါ်ကဒရိုင်ဘာနဲ့ နောက်တစ်ယောက်တော့ပွဲချင်းပြီးသေသွား
တယ်”ဟုယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူအမျိုးသားကြီးတစ်ဦးကပြောသည်။မိုးဟေကို
တွင် မောင်နှမသုံးဦးရှိပြီး အဆိုတော်လင်းယံနှင့် ယခုသေဆုံးသွားသည့် ကိုဖုန်းတို့ဖြစ်သည်။

မတ်ခ်တူးကားပေါ်မှ ဒဏ်ရာရသူသုံးဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသနေပြီး ၀က်တင်ဒိုင်နာပေါ်ပါ ၀က်ဒိုင်လုပ်သားနှစ်ဦး၊ ရေစက်မောင်းသူတို့မှာ ဒဏ်ရာအနည်းငယ်စီသာ ရရှိခဲ့ကြောင်းသိရသည်။ယာဉ်
တိုက်မှုနှင့်ပတ်သက်၍ မတ်ခ်တူးယာဉ်မောင်းအား ယာဉ်ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) /၃၃၈/၃၃၇/၂၇၄
တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
 
Popular Journal
 
Photo: လမ်းပြောင်းပြန်မောင်းသည့် ကားတိုက်မှုတွင် မိုးဟေကို၏မောင်ဖြစ်သူသေဆုံး
Sunday, December 8,2013

ရန်ကုန်- ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအနီးရှိ မီးပွိုင့်တွင် လမ်းပြောင်းပြန်မောင်းလာသည့် ကားတစ်စီးနှင့် ၀က်သားတင်ဒိုင်နာတိုက်မိ၍ သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ သရုပ်ဆောင်မိုးဟေကို၏ မောင်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၆ ရက် နံနက် ၃ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လသာအမှတ် (၂)အထက်တန်းကျောင်းဘက်မှ လမ်းပြောင်းပြန်မောင်းလာသည့် မတ်ခ်တူးအမျိုးအစားကားတစ်စီးသည် လမ်းမတော်လမ်းနှင့် မြို့မကျောင်းလမ်းမီးပွိုင့်အရောက်၌ မြို့မကျောင်းလမ်းဘက်မှ လမ်းမတော်ဘက်သို့မောင်းလာသည့် ၀က်သားခြမ်းများတင်လာသည့် ဒိုင်နာတစ်စီးနှင့်တိုက်မိခဲ့ခြင်းဖြစ်သည်။

“လမ်းပြောင်းပြန်မောင်းလာတဲ့ မတ်ခ်တူးကားပေါ်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့အစ်ကိုနဲ့ သူငယ်ချင်းတွေပါတယ်ပြောတယ်။ ဒဏ်ရာရထားတဲ့သူတွေကို အရေးပေါ်က လက်တွန်းလှည်းတွေနဲ့ လာသယ်ကြတယ်။ ၀က်သားခြမ်းတွေ သံဈေးလာပို့တဲ့ကားပေါ်က ဒရိုင်ဘာနဲ့ နောက်တစ်ယောက်တော့ ပွဲချင်းပြီးသေသွားတယ်”ဟု ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူအမျိုးသားကြီးတစ်ဦးကပြောသည်။
မိုးဟေကိုတွင် မောင်နှမသုံးဦးရှိပြီး အဆိုတော်လင်းယံနှင့် ယခုသေဆုံးသွားသည့် ကိုဖုန်းတို့ဖြစ်သည်။

မတ်ခ်တူးကားပေါ်မှ ဒဏ်ရာရသူသုံးဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသနေပြီး ၀က်တင်ဒိုင်နာပေါ်ပါ ၀က်ဒိုင်လုပ်သားနှစ်ဦး၊ ရေစက်မောင်းသူတို့မှာ ဒဏ်ရာအနည်းငယ်စီသာ ရရှိခဲ့ကြောင်းသိရသည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်၍ မတ်ခ်တူးယာဉ်မောင်းအား ယာဉ်ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) /၃၃၈/၃၃၇/၂၇၄တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Photo- fb.com/linneain.thit
7Day News Journal

 
Photo- fb.com/linneain.thit
7Day News  ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment