Pages

Sunday, December 8, 2013

မိကျောင်းကန် သပိတ်စခန်း ရုန်းရင်းဆန်ခတ် ဖြစ်ရာမှ အမျိုးသမီး ၁၀ ဦးဒဏ်ရာရ

Photo: မိကျောင်းကန် သပိတ်စခန်း ရုန်းရင်းဆန်ခတ် ဖြစ်ရာမှ အမျိုးသမီး ၁၀ ဦးဒဏ်ရာရ
Sunday, December 8,2013

မိကျောင်းကန် သပိတ်စခန်း ၁၂ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေနေရာ အငြင်းပွားမှုဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများနှင့် အနက်ရောင် ဂျာကင်အင်္ကျီ ဝတ်ဆင်ထားသော လူအုပ်စု ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာ ဆန္ဒထုတ်ဖော်သူ အမျိုးသမီး ၁၀ ဦး ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ကုသ ခဲ့ရကြောင်း အဆိုပါ သပိတ်စခန်းရှိ ဆန္ဒထုတ်ဖော် နေသူများက ပြောကြားသည်။

အဆိုပါ အငြင်းပွား မြေနေရာရှိ ဝင်ထွက်ပေါက် လေးခုကို တပ်စည်ပင် တံဆိပ်ပါ အနက်ရောင် ဂျာကင်အင်္ကျီများ ဝတ်ဆင်ထားသော အဖွဲ့က လာရောက်ကာ ရှစ်ပေအမြင့်ခန့် ရှိသော သွပ်ပြားများဖြင့် ပိတ်စဉ် ဆန္ဒထုတ်ဖော်သူများက ဝင်းတံခါးများ မပိတ်နိုင်ရန် လူတံတိုင်းဖြင့် ကာရံ ထားရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မိကျောင်းကန် ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။

“ဒီမြေက တပ်မတော်နဲ့ ပြည်သူ ဘယ်သူ ပိုင်တယ်ဆိုပြီး အငြင်းပွားနေတဲ့ အချိန်၊ ကျွန်တော်တို့ လူထုဘက်က။ ဒီမြေပေါ်မှာ သစ်သား တစ်ချောင်းတောင် မစိုက်ခဲ့ဘူး။ သူတို့ဘက်က ပိုင်ဆိုင်ကြောင်း ဘာအထောက်အထားမှ မပြဘဲ လက်နက်ကိုင် အဖွဲ့အစည်းက အင်အားသုံးပြီး လက်နက်မဲ့ ပြည်သူတွေကို အနိုင်ကျင့် စော်ကားပြီး ဝင်းတံခါးတွေ လာပိတ်တာ” ဟု အဆိုပါ သပိတ်စခန်းမှ အဖွဲ့ခေါင်းဆောင် ကိုဇော်ထွန်းက ဆိုသည်။

မိကျောင်းကန် သပိတ်စခန်းသို့ ယင်းနေ့ နံနက် ၇ နာရီခန့်က ရန်ကုန်တိုင်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း ရောက်ရှိခဲ့ပြီး ဆန္ဒထုတ်ဖော်သူများနှင့် တွေ့ဆုံကာ အုတ်တံတိုင်းများ ကာရံထားသော အငြင်းပွား မြေနေရာရှိ ဝင်ထွက်ပေါက် လေးခုကို အုတ်တံတိုင်း ပိတ်ရန် လာရောက် ဆွေးနွေးခဲ့ကြောင်း၊ ယင်းနောက် နံနက် ၁၁ နာရီခန့်တွင် တပ်စည်ပင် တံဆိပ်ပါ ဒိုင်နာယာဉ် သုံးစီးဖြင့် အနက်ရောင် ဂျာကင်အင်္ကျီ ဝတ်ဆင်ထားသော လူအင်အား တစ်ရာကျော်ခန့် ရောက်ရှိလာပြီး သွပ်ပြားများဖြင့် ဝင်းတံခါးများ ပိတ်ရာမှ ဆန္ဒထုတ်ဖော်သူများ လူတံတိုင်းဖြင့် ကာရံစဉ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“သွပ်ပြားထောင်ပြီး တံခါးရိုက်လို့ မရအောင် သွပ်ပြားချပ်တွေကို ကိုယ်လုံးနဲ့ တောင့်ခံထားတဲ့ လူတွေက သွပ်ပြားကို တူတွေနဲ့ ရိုက်တဲ့ အရှိန်ကြောင့် ပွန်းပဲ့ ဒဏ်ရာတွေ ရကုန်တယ်” ဟု ရုန်းရင်း ဆန်ခတ် ဖြစ်ပြီး လဲကျရာမှ ဘယ်ဘက်လက် ကျိုးခဲ့သူ အသက် ၆၄ နှစ်အရွယ် ဒေါ်သောင်းခင်က ပြောကြားသည်။

အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးခိုင်မောင်ရည်တို့ သပိတ်စခန်းသို့ ရောက်ရှိလာပြီး မြေယာ အငြင်းပွားနေသည့် ပြဿနာကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြ ဆွေးနွေးပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မိကျောင်းကန် ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည်တို့ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်က တွေ့ဆုံခဲ့ရာ မိကျောင်းကန် မြေသည် တပ်မတော်က လုပ်ထုံးလုပ်နည်းအရ သိမ်းဆည်းခဲ့ခြင်း ဖြစ်ပြီး ယင်းမြေကို တပ်ကပြန်ပေးရန် အစီအစဉ် ရှိမည် မဟုတ်ကြောင်းနှင့် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ခိုင်လုံသည့် အထောက်အထား ရှိပါက ပြန်ပေးမည်ဟု ဝန်ကြီးချုပ်က ပြောကြောင်း ဦးခိုင်မောင်ရည်က The Voice သို့ ပြောကြားသည်။

“လုပ်ထုံးလုပ်နည်းနဲ့ အညီ သိမ်းထားတာလို့ ပြောရုံနဲ့ ပြဿနာက ပြီးမသွားဘူး။ အခု ဆန္ဒထုတ်ဖော်သူတွေ ဒီမိကျောင်းကန်မြေနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းတွေ လာပေးထားတာ ပလတ်စတစ် ပုံးကြီး နှစ်ပုံးစာလောက် ရှိတယ်။ တပ်က စီမံကိန်း မလုပ်တဲ့ မြေတွေကို ပြန်ပေးမယ်လို့ ပြောထားတာ ရှိတယ်။ သမ္မတကလည်း ပြန်ပေးခိုင်းတယ်။ အဲတော့ အမှန်တကယ် နစ်နာသူတွေကို သေသေချာချာ စိစစ်ပြီး ပြန်ပေးရမယ်” ဟု ၎င်းကမှတ်ချက်ပြု ပြောဆိုသည်။

အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး စံပြဆေးရုံသို့ တင်ပို့ ကုသခဲ့ရာမှ အမျိုးသမီး သုံးဦးမှာ အတွင်းဒဏ်ရာ များကြောင့် ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရကြောင်း၊ မိကျောင်းကန် ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ ရှိ ဘိုးဘွားပိုင် မြေနေရာ ပြန်လည် ရရှိရေးအတွက် အသက်ပေးပြီး ဆက်လက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သပိတ်စခန်း အဖွဲ့ခေါင်းဆောင် ကိုဇော်ထွန်းက ဆိုသည်။

The Voice Weekly

RangonNewsDaily:: December . 8 .2013
မိကျောင်းကန် သပိတ်စခန်း ၁၂ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေနေရာအငြင်းပွားမှုဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများနှင့်အနက်ရောင်ဂျာကင်အင်္ကျီ ဝတ်ဆင်
ထားသော လူအုပ်စု ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာ ဆန္ဒထုတ်ဖော်သူ အမျိုးသမီး ၁၀ ဦး ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ကုသ ခဲ့ရကြောင်း အဆိုပါ သပိတ်စခန်းရှိ ဆန္ဒထုတ်ဖော် နေသူများ
က ပြောကြားသည်။ အဆိုပါ အငြင်းပွား မြေနေရာရှိဝင်ထွက်ပေါက် လေးခုကို တပ်စည်ပင် တံဆိပ်ပါ အနက်ရောင် ဂျာကင်အင်္ကျီ
များဝတ်ဆင်ထားသောအဖွဲ့ကလာရောက်ကာ ရှစ်ပေအမြင့်ခန့် ရှိသော သွပ်ပြားများဖြင့် ပိတ်စဉ် ဆန္ဒထုတ်
ဖော်သူများက ဝင်းတံခါးများ မပိတ်နိုင်ရန် လူတံတိုင်းဖြင့် ကာရံ ထားရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း
ဖြစ်ကြောင်း မိကျောင်းကန် ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။

“ဒီမြေက တပ်မတော်နဲ့ ပြည်သူ ဘယ်သူ ပိုင်တယ်ဆိုပြီး အငြင်းပွားနေတဲ့ အချိန်၊ ကျွန်တော်တို့ လူထုဘက်
က။ ဒီမြေပေါ်မှာ သစ်သား တစ်ချောင်းတောင် မစိုက်ခဲ့ဘူး။ သူတို့ဘက်က ပိုင်ဆိုင်ကြောင်း ဘာအထောက်
အထားမှ မပြဘဲ လက်နက်ကိုင် အဖွဲ့အစည်းက အင်အားသုံးပြီး လက်နက်မဲ့ ပြည်သူတွေကို အနိုင်ကျင့် စော်
ကားပြီး ဝင်းတံခါးတွေ လာပိတ်တာ” ဟု အဆိုပါသပိတ်စခန်းမှအဖွဲ့ခေါင်းဆောင်ကိုဇော်ထွန်းက ဆိုသည်။

မိကျောင်းကန် သပိတ်စခန်းသို့ ယင်းနေ့ နံနက် ၇ နာရီခန့်က ရန်ကုန်တိုင်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း ရောက်ရှိခဲ့ပြီး ဆန္ဒထုတ်ဖော်သူများနှင့် တွေ့ဆုံကာ အုတ်တံတိုင်းများ ကာရံထားသော အငြင်းပွား မြေနေရာရှိ ဝင်ထွက်ပေါက် လေးခုကို အုတ်တံတိုင်း ပိတ်ရန် လာရောက် ဆွေးနွေးခဲ့ကြောင်း၊ ယင်းနောက် နံနက် ၁၁ နာရီခန့်တွင် တပ်စည်ပင် တံဆိပ်ပါ ဒိုင်နာယာဉ် သုံးစီးဖြင့် အနက်ရောင် ဂျာကင်အ
င်္ကျီ ဝတ်ဆင်ထားသော လူအင်အား တစ်ရာကျော်ခန့် ရောက်ရှိလာပြီး သွပ်ပြားများဖြင့် ဝင်းတံခါးများ ပိတ်ရာ
မှ ဆန္ဒထုတ်ဖော်သူများ လူတံတိုင်းဖြင့် ကာရံစဉ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြ
သည်။

“သွပ်ပြားထောင်ပြီး တံခါးရိုက်လို့ မရအောင် သွပ်ပြားချပ်တွေကို ကိုယ်လုံးနဲ့ တောင့်ခံထားတဲ့ လူတွေက သွပ်ပြားကို တူတွေနဲ့ ရိုက်တဲ့ အရှိန်ကြောင့် ပွန်းပဲ့ ဒဏ်ရာတွေ ရကုန်တယ်” ဟု ရုန်းရင်း ဆန်ခတ် ဖြစ်ပြီး လဲကျရာမှ ဘယ်ဘက်လက် ကျိုးခဲ့သူ အသက် ၆၄ နှစ်အရွယ် ဒေါ်သောင်းခင်က ပြောကြားသည်။

အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်
တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးခိုင်မောင်
ရည်တို့ သပိတ်စခန်းသို့ ရောက်ရှိလာပြီး မြေယာ အငြင်းပွားနေသည့် ပြဿနာကို တိုင်းဒေသကြီး အစိုးရအဖွဲ
့နှင့် လွှတ်တော်သို့ တင်ပြ ဆွေးနွေးပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မိကျောင်းကန် ဆန္ဒထုတ်ဖော်
သူများထံမှ သိရှိရသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ်ဦးအောင်သိန်းလင်းနှင့်ဦးခိုင်မောင်ရည်တို့ ယင်းနေ့မွန်းလွဲ ၁ နာရီခန့်က တွေ့ဆုံခဲ့ရာမိကျောင်းကန်
မြေသည် တပ်မတော်က လုပ်ထုံးလုပ်နည်းအရ သိမ်းဆည်းခဲ့ခြင်း ဖြစ်ပြီး ယင်းမြေကို တပ်ကပြန်ပေးရန် အ
စီအစဉ် ရှိမည် မဟုတ်ကြောင်းနှင့် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ခိုင်လုံသည့် အထောက်အထား ရှိပါက ပြန်
ပေးမည်ဟု ဝန်ကြီးချုပ်က ပြောကြောင်း ဦးခိုင်မောင်ရည်က The Voice သို့ ပြောကြားသည်။

“လုပ်ထုံးလုပ်နည်းနဲ့ အညီ သိမ်းထားတာလို့ ပြောရုံနဲ့ ပြဿနာက ပြီးမသွားဘူး။ အခု ဆန္ဒထုတ်ဖော်သူတွေ ဒီမိ
ကျောင်းကန်မြေနဲ့ပတ်သက်ပြီးစာရွက်စာတမ်းတွေလာပေးထားတာပလတ်စတစ် ပုံးကြီး နှစ်ပုံးစာလောက်ရှိ
တယ်။ တပ်က စီမံကိန်းမလုပ်တဲ့ မြေတွေကို ပြန်ပေးမယ်လို့ ပြောထားတာရှိတယ်။သမ္မတကလည်း ပြန်ပေး
ခိုင်းတယ်။ အဲတော့ အမှန်တကယ် နစ်နာသူတွေကို သေသေချာချာ စိစစ်ပြီး ပြန်ပေးရမယ်” ဟု ၎င်းကမှတ်ချက်ပြု ပြောဆိုသည်။

အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး စံပြဆေးရုံသို့ တင်ပို့ ကုသခဲ့ရာမှ အမျိုးသမီး သုံးဦးမှာ အတွင်း
ဒဏ်ရာ များကြောင့် ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရကြောင်း၊ မိကျောင်းကန် ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ ရှိဘိုးဘွားပိုင် မြေနေရာ ပြန်လည်ရရှိရေးအတွက်အသက်ပေးပြီးဆက်လက် ဆန္ဒထုတ်ဖော်သွားမည်
 ဖြစ်ကြောင်း သပိတ်စခန်း အဖွဲ့ခေါင်းဆောင် ကိုဇော်ထွန်းက ဆိုသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment