Pages

Tuesday, October 1, 2013

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှု ငါးဆကျော်အထိ တိုးတက်လာမည်ဟု တယ်လီနောခန့်မှန်း

RangonNewsDaily:: October. 1.2013
တယ်လီနောကုမ္ပဏီ အတွက် ဈေးကွက် သစ်တစ်ခုဖြစ် သော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ငှားရမ်းသုံးစွဲမှုမှာ ၂၀၁ရ အကုန် ၌ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်အ ထိ ငါးဆကျော်မြင့်တက်လာမည် Telenor ASA ၏ အမှုဆောင် အရာရှိချုပ်ဂျွန်ဖရက်ဒရစ်ဘက်ခ် ဆတ်စ်က ပြောကြားခဲ့သည်။ ယခုနှစ်ကုန်တွင် လိုင်စင် တရားဝင်ချပေးလိမ့်မည်ဟု နော့ ဒစ်ဒေသ၏ အကြီးဆုံးဖုန်းကုမ္ပဏီ နှင့် မြန်မာ့ဆက်သွယ်ရေးကွန် ရက်တည်ဆောက်ရေး အတွက် ရွေးချယ် ခံရသော အော်ပရေတာ နှစ်ဦးအနက်တစ်ဦးဖြစ်သော တယ် လီနောက မျှော်လင့်ထားသည်ဟု မစ္စတာ ဘက်ခ်ဆတ်စ်က ပြော ကြားခဲ့သည်။ 
 
ယင်းသို့ချထားပေး ပြီးနောက် ခုနစ်လမှ ရှစ်လအတွင်း ဝန်ဆောင်မှုများစတင်မည်ဖြစ် ကြောင်းလည်း စက်တင်ဘာ ၂၈ ရက်က စင်ကာပူတွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

''အခုအချိန်မှာ မြန်မာနိုင်ငံ ရဲ့မိုဘိုင်း ဖုန်းသုံးစွဲမှုဟာ ၁ဝရာခိုင်နှုန်း အောက် သာရှိပေ မယ့် အချိန်တို အတွင်း သိသိသာသာမြင့်တက် လာလိမ့်မယ်''ဟု မစ္စတာဘက်ခ် ဆက်စ်ကပြောကြားခဲ့သည်။ လာ မည့်သုံးနှစ်အတွင်း မိုဘိုင်းဖုန်းသုံး စွဲမှုမှာ ရာခိုင်နှုန်း ၅ဝရှိလာနိုင် သည်ဟု ၎င်းကပြောကြား ခဲ့သည်။

မဖော်ထုတ်ရသေးသည့် ကမ္ဘာ့နောက်ဆုံးဈေးကွက်များထဲ မှတစ်ခုကို ဖွင့်လှစ်ပေးသည့်အ နေဖြင့် မြန်မာသည် ဇွန်လက တယ်လီနောနှင့် အူရီဒူး ကို ရွေး ချယ်ခဲ့သည်။ မြန်မာနိုင်ငံတွင် မို ဘိုင်းဖုန်းသုံးစွဲမှု ကျယ်ပြန့် လာခြင်း က တယ်လီနော၏ ရောင်းချရမှု ကို ၂၀၂ဝပြည့်နှစ်တွင် ခုနစ်ရာ ခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ မြင့် တက်လာနိုင်ကြောင်း Swedbank AB ၏ ဩဂုတ်လခန့်မှန်းချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု အတွက် ဘဏ္ဍာရေးဆိုင်ရာရည် မှန်းချက် များပြောကြားခြင်း ကိုမူ မစ္စတာဘက်ခ်ဆက်စ်က ငြင်းပယ် ခဲ့သည်။ လိုင်စင်များအရ တယ်လီ နောနှင့် အူရီဒူးသည် မြန်မာနိုင်ငံ ၏ လူဦးရေ၅၉သန်းခန့်အတွက် ဝန်ဆောင် မှုပေးမည့် နိုင်ငံတစ်ဝန်း ကြိုးမဲ့ကွန်ရက်လုပ်ငန်းကို ၁၅နှစ် ကြာ လုပ်ကိုင်ခွင့်ရရှိ မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားလိုင်းများထက် နိုင်ငံတွင်းရှိ ကွန်ရက်လုပ်ငန်းများအတွက် နေ ရောင်ခြည်စွမ်းအင်ကိုသာ ပိုမို အားထား ရမည်ဟု အသက် ၅၈ နှစ်အရွယ်ရှိ မစ္စတာဘက်ခ်ဆက်စ် က ပြောကြားခဲ့ သည်။ အခြေစိုက်စခန်းတိုင်းအ တွက် စွမ်းအင်လိုအပ်သော် လည်း ကျေး လက်ဒေသ များတွင် လျှပ် စစ်ဓာတ်အားလိုင်းမရှိသည့်အ တွက် စွမ်းအင်ကဏ္ဍကို မိမိတို့ကိုယ် တိုင် ထူထောင် ထုတ်လုပ်သွား မည်ဟု ဘက်ခ်ဆက်စ်က ပြော ကြားခဲ့သည်။

Yangon Media , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment