Pages

Tuesday, October 1, 2013

တရားမ၀င်ကုန်နှင့်ယာဉ်ဝင်ရောက်မှု မွန်ပြည်နယ်၌ Mobile Team ဖွဲ့စည်း၍ ဖမ်းဆီးအရေးယူနေ

RangonNewsDaily:: October. 1.2013
မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ထိုင်းနိုင်ငံမှတရားမ၀င်ကုန်ပစ္စည်းများ၊ မော်တော်ယာဉ်များ တင်သွင်းခြင်း တင်ပို့ခြင်းများကိုမွန်ပြည်နယ်အတွင်းMobile Team ဖွဲ့စည်း၍ ၂၄နာရီ စစ်ဆေးကာ ဖမ်းဆီးအရေးယူဆောင်

ရွက်လျက်ရှိသည်။
မွန်ပြည်နယ် ရဲတပ်ဖွဲ့၏ ကွပ်ကဲမှုနယ်မြေအတွင်းသို့ တရားမ၀င်ယာဉ်/ကုန်ပစ္စည်းနှင့် ကုန်ပစ္စည်းအတုများ မ၀င်ရောက်စေရန် ရည်ရွယ်၍ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှ ဦးစီးပြီး ယာဉ်ထိန်းရဲများ ၊ခရိုင်အထွေထွေအုပ်ချုပ်
ရေး အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်
ရှိသူများပူးပေါင်း၍ စုစုပေါင်း အင်အား(၂၅)ဦးဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ Mobile Team ဖွဲ့စည်းပေးကာ စစ်
ဆေးမှုပြုလုပ်နေခြင်းဖြစ်သည်။

ထို့သို့ စစ်ဆေးရာတွင် မွန်ပြည်နယ် အ၀င်အထွက်လမ်းများကို၂၄နာရီ စစ်ဆေး ဖမ်းဆီးအရေးယူ
ဆောင်

ရွက်နေကြောင်း တစ်စုံတစ်ရာညွှန့်ကြားချက်မရမချင်း အကန့်အသတ်မရှိ ဆက်လက် လုပ်ဆောင်နေမည်ဟု အဆိုပါအဖွဲ့မှသိရှိရသည်။

“ကုန်ပစ္စည်းတွေ ယာဉ်တွေကိုသေချာစစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပြုတာ တွေ့ရတယ်။ အချို့လိုင်စင်မဲ့
ကုန်

တွေ၊ ယာဉ်တွေကို ဖမ်းဆီးတာတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော် မျက်မြင်တစ်ခုပေါ့။ လူနှစ်ယောက် လိုင်စင်
မဲ့ဆိုင်ကယ် တစ်စီးကိုဖမ်းထားတယ်။ 

အဲ့ဒီလူနှစ်ယောက်က ဖုန်းဆက်နေတာ တွေ့ရတယ်။ ခဏနေတော့ သံဃာတော် တစ်ပါးက လာထုတ်သွား
တယ်။ ဘာသာရေးအရဆိုတော့ တာဝန်ရှိသူတွေ ဆောင်ရွက်ရတာ ခက်ကုန်တာကို တွေ့ရတာပါ။ ဒါမျိုးလေး
တွေကိုတော့ ပြည်သူတွေဘက် ကလည်း အသိတရားရှိရှိ ဥပဒေကို လိုက်နာဖို့လိုပါတယ်။ အသေးအဖွဲ့ကိစ္စ
လေးဆိုပေမယ့် ဒီလိုကတော့ မကောင်းပါဘူး။”ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုမင်းမောင်က ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ ကောင်းမွန်သော်လည်း တခြားတစ်ဖက်မှကြည့်လျှင် ထိုသို့စစ်ဆေးဆောင်

ရွက်ရာ၌ တပ်မတော်မှ ကားများဝင်ရောက်လာလျှင် စစ်ဆေးခြင်းမရှိဘဲ လွှတ်ပေးလိုက်သည်များလည်း ရှိ
နေကြောင်း ပြည်သူများအတွက် အမြင် မကြည်လင်စရာဖြစ်နေကြောင်း ပြည်သူများအနေဖြင့်လည်း တာ
ဝန်ဆိုသည်ကို နားလည်ပေးသင့်ကြောင်း ဒေသခံတို့ထံက သိရှိရသည်။

“လက်ရှိအနေအထားအရ အခက်အခဲတော့သိပ်မရှိဘူး။ ဒါပေမဲ့ပြည်သူတွေ အမြင်မှာကသူတို့ကို
နှောင့်နှေး

အာင် လုပ်တယ်ပဲ ထင်နေတယ်။ ဥပဒေအတိုင်း ဆောင်ရွက်နေတာဆိုတော့ ဒါလေးတော့ နားလည်မှု ရှိပေး
စေချင်တယ်။ 

အခု စက်တင်ဘာ ၂၇ရက်ကစပြီး ဆောင်ရွက်နေတာ လိုင်စင်မဲ့ကား(၃)စီးတော့ ဖမ်းဆီးထားပြီ။ ကုန်ပစ္စည်း
တွေတော့ မမိသေးဘူး။ အဓိက ထိုင်းဘက်က ၀င်တာ တွေပေါ့။ တရားမ၀င်တာတွေ အပါအ၀င် ပြည်သူလူ
ထုအတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ အစားအသောက် တွေရော အားလုံးကို စစ်ဆေးဆောင်ရွက်နေပါတယ်။”
ဟု မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူရုံးမှ ရဲအုပ် တင်မျိုးဇော်က ပြောသည်။

မွန်ပြည်နယ်သည် ထိုင်းနိုင်ငံနှင့် နီးကပ်နေသောပြည်နယ်တစ်ခုဖြစ်သကဲ့သို့ ထိုင်းနိုင်ငံမှ တရားမ၀င် ကုန်

ပစ္စည်းများ မော်တော် ယာဉ်များအများဆုံးဝင်ရောက်ရာ ပြည်နယ်တစ်ခုဖြစ်ပြီး ယခုကဲ့သို့ Mobile အဖွဲ့ထားရှိ စစ်ဆေးခြင်းသည်မွန်ပြည်နယ် အတွက်ပထမဦးဆုံးဖြစ်ပြီး တရားမ၀င်ကုန်စည်အတွက် အဟန့်အတား ဖြစ်
သွားနိုင်သလို တရားမ၀င်ကုန်ပစ္စည်းဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု ဒေသခံတို့က သုံးသပ်ပြောဆိုလျက်ရှိသည်။

Myit Ma Kha Media , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment