Pages

Tuesday, October 1, 2013

တပ်မတော်သားသုံးဦးမှ ချစ်သူစုံတွဲနှစ်ဦးကို ပစ္စည်းလုကာလူသတ် ရိုက်နှက်မှု လူသတ်တရားခံကိုအရေးယူခြင်းမ၇ှိသေး

RangonNewsDaily:: October. 1.2013
ဧပြီလ၂၃ ရက်က ပြည်မြို့ န၀ဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင် တပ်မတော်သားသုံးဦးမှ ကိုဇော်မင်းဦးအား သတ်ဖြတ်ပြီး အတူပါလာသော အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ် ရိုက်နှက်ကာ သတိ လစ်နေစဉ် လက်စွပ်ချွတ်ယူ ခဲ့သည့် ပစ္စည်းလုကာလူသတ် ရိုက်နှက်မှုတွင် စွပ်စွဲခံထားရသော တပ်မတော်သား သုံးဦးအား အရေးယူနိုင်ခြင်း မရှိသေး၍ ဒေသခံများ က လက်မှတ်ရေး ထိုးကာ အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များထံ ပန်ကြားလွှာပို့မည်ဟု သိရသည်။
ကာယကံရှင်များ၏ တောင်းဆိုမှုဖြင့် မြို့ခံလူမှုရေးအဖွဲ့များက ဦးဆောင်ကာ လက်မှတ်ကောက်ခံခဲ့ရာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူအပါအ၀င် စုစုပေါင်း လက်မှတ်ရေးထိုးသူ နှစ်သောင်း ၀န်းကျင်ခန့် အထိ ရရှိပြီဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတစ်ဦးက ပြောသည်။

“ကာယကံရှင်က တောင်းဆိုတဲ့အတွက် မြို့ခံလူထုက နည်းလမ်းရှာပြီး လုပ်ဆောင်ပေးတာပါ။ သူတို့ကို လူတွေ ပစ်မထားဘူးဆိုပြီး စိတ်ဓာတ်တက်ကြွလာမယ်။ ဦးကျော်သူရဲ့လက်မှတ်ကို ရတဲ့ရက်က မိသားစု အားလုံး ၀မ်းသာခဲ့ ရတယ်”ဟု အထက်ပါပုဂ်္ဂိုလ်က ပြောသည်။

ထို့အပြင် ပြည်မြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ လက်မှတ်များကိုလည်း ရယူရန် ကြိုးပမ်းမည်ပြီး ရရှိ သည့် လက်မှတ်များကို အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များနှင့် သမ္မတဦးသိန်းစိန်ထံ ပန်ကြား လွှာများ ပို့မည်ဟု ပြည်မြို့ လူမှုရေးအဖွဲ့တစ်ခုမှ ဥက္ကဋ္ဌက ပြောသည်။ သမ္မတထံကိုမူ ပန်ကြားလွှာအား အောက်တိုဘာ ၅ ရက်တွင် ပို့မည်ဖြစ်သည်။

ထိုပန်ကြားလွှာတွင် ပြစ်မှုကျူးလွန်သူများကို အမှန်အတိုင်း ဖော်ထုတ်ပေးရန်၊ ပြစ်မှု ကျူးလွန်သူများကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန်၊ နစ်နာသူများကို ကုစားခွင့်ပေးရန်နှင့် အလားတူအဖြစ် နောက်တစ် ကြိမ် မဖြစ်ပေါ်စေရေး အတွက် အာမခံပေးရန် အချက်များ တောင်းဆိုထားသည်။



Mizzima - News, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment