Pages

Tuesday, October 1, 2013

သံတွဲ မရောက်ဖြစ်သော်လည်း စစ်တွေ၌ ရခိုင်အရေး ဆွေးနွေးနေသည့် သမ္မတဦးသိန်းစိန်

RangonNewsDaily:: October. 1.2013
နိုင်ငံတော်သမ္မတဦးသိန်းစိန်မှာ ရခိုင်ပြည်နယ်မှ ရခိုင်လူထုနှင့်တွေ့ဆုံရန်ယနေ့နံနက် ၉နာရီ ၁၅မိနစ် အချိန်က အစိုးရ ပိုင်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ရောက်လာသည်။ သမ္မတဦးသိန်းစိန်မှာ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့်တွေ့ဆုံပြီးနောက် ရဟတ်ယာဉ်ဖြင့် မြောက်ဦး မင်းပြား၊ ကျောက်တော်သို့ သွားရောက်နေသည်ဟု သိရသည်။ မြောက်ဦးမြို့ရှိ ရခိုင်ရှေးဟောင်းပထိုးစေတီများနှင့် မဟာမုနိဘုရားသို့လည်း သွားရောက်ဖူးမြော်နေသည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ခရီးစဉ်တွင် လိုက်ပါနေသူတစ်ဦးက ပြောသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ပဋိပက္ခဖြစ်ပွားခဲ့သည် ရခိုင်ပြည်နယ် အတွင်းရှိမြို့နယ်များသို့ အဓိကထားသွားရောက်မည် ဖြစ်သလို ရပ်မိရပ်ဖများနှင့် လည်း တွေ့ဆုံမည်ဟု သိရသည်။

နံနက်ပိုင်းတွင် ကျောက်တော် ၊ မြောက်ဦး၊ မင်းပြားသို့ သွားရောက်နေပြီး နေ့လည်ပိုင်း၌ ဘူးသီးတောင်၊ မောင်တောသို့လည်း သွားရောက်မည်ဟု သိရသည်။

ညနေပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ်အရေးကိစ္စအား ဆွေးနွေးမည်ဟု သိရသည်။

သံတွဲမြို့သို့သွားရောက်ရန်ရှိသော်လည်း မကြာမီက ပဋိပက္ခဖြစ်ပွားခဲ့သည့်အတွက် သံတွဲခရီးစဉ်အား ဖျက်
သိမ်းလိုက် ရသည်ဟုဆိုသည်။

မြစ်မခ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment