Pages

Tuesday, October 1, 2013

သံတွဲမြို့ သဗြုချိုင်တွင် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ဓါးဒဏ်ရာဖြင့် ဒေသခံ ရွာသား မွတ်စလင်မ် တစ်ဦးသေဆုံး

RangonNewsDaily:: October. 1.2013
သဗြုချိုင်မှာ ရခိုင်လူမျိုး အကြမ်းဖက်သူတွေ ဓါးနဲ့ခုတ်လို့ မွတ်စလင်မ် ၁-ယောက်သေဆုံးကြောင်း
သိရှိရပါသည်။ သဗြုချိုင်ရွာကို ယနေ့ မနက် လင်းအားကြီးတွင်ရခိုင်လူမျိုးအကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ရာတွင် ဒေသခံရွာသားများ ပြန်လည်ခုခံမှု့ကြောင့် ဆုတ်ခွာသွားပြီး နေလည်တွင် အင်အားအများအပြားဖြင့် ထပ်မံအကြမ်းဖက် မီးရှို့တိုက်ခိုက်မှုများ ထပ်မံပြုလုပ်တာဖြစ်ကြောင်း သတင်းရ
ရှိပါသည်။မနက်ပိုင်းတိုက်ခိုက်မှုတွေ ပါဝင်သော အကြမ်းဖက်သမား (၃) ဦးကို ဖမ်းမိ၍ ရဲတပ်ဖွဲ့ကို အပ်နှံ့
ခဲ့သော်လည်း အကြမ်းဖက် သမားများ ခြိမ်းခြောက်မှုကြောင့် ရဲစခန်းမှ အဆိုပါ အကြမ်းဖက်သမား (၃) ယောက်ကို ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက် ရခိုင်လူအုပ်စုဘက်မှ အသေအပျောက်စာရင်း မရှိဟု သိရပြီး နှစ်ဘက် ဒဏ်ရာရမှု
စာရင်းကိုတော့ အတည်မပြုနိုင်သေးကြောင်း သတင်းရရှိပါသည်။
::
သံတွဲမြို့ဟာ ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကတည်းက ဒေသခံ မွတ်စလင်မ် တို့၏ နေအိမ်များကို အကြမ်းဖက်မီးရှို့မှုများ ဖြစ်ပေါ်မှုကြောင့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပေမယ့် ယခုလို လူစုလူဝေးနဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပါ
သည်။

M-Media::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment