Pages

Sunday, September 29, 2013

သံတွဲမြို့တွင် အကြမ်းဖက်သမားများမှ မွတ်စလင်မ်အိမ်များနှင့် ဗလီအားမီးရှိုဖျက်ဆီး

RangonNewsDaily:: September 29, 2013

မနေ့က ဖြစ်ပွားခဲ့သော သံတွဲမြို့ အခြေအနေတွင် ကမန်တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌအိမ်အား မီးရှို့ရန်လုပ်ဆောင်နေပြီး မအောင်မြင်မှုအပေါ် ယနေ့တွင် အကြမ်းဖက်သမားများမှ လူစုကာ ညနေ ၆း၄၅-နာရီခန့်က စတင်၍ အကြမ်းဖက် မီးရှို့မှုကို သံတွဲမြို့ပေါ်တွင် စတင် လုပ်ဆောင်နေပါတယ်။

ညနေ ၆း၄၅-နာရီခန့်က အမှတ်(၁)၊ မဟာဗန္ဓုလမ်း (၃)ရပ်ကွက်ရှိ ဦးလှမြင့်၏နေအိမ်အား စတင်ရှို့ခဲ့ပြီး တောင်ပေါ်ဗလီကိုလည်း မီးစတင်ရှို့ရန်လုပ်နေပြီဖြစ်ကြောင်းသိရသည်။

ညနေ ၆း၃၀-နာရီခန့်က ကာဖျူးထုတ်ထားသော်လည်း အကြမ်းဖက် လူအုပ်ကြီးမှာ အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်ဆဲဖြစ်သည်။
::
ယခုအခါ မီးလောင်နေမှုကြောင့် မီးသတ်ကား ရောက်ရှိသော်လည်း မီးမငြိမ်းသတ်နိုင်သေးပေ။
အစောပိုင်းတွင် ရဲနှင့် စစ်တပ်ရှိနေသော်လည်း မည်သို့မှ လုပ်ဆောင်ခြင်းမရှိပဲ ယခု ၇း၁၅-နာရီခန့် မိုးပေါ်သို့ သေနတ် ၄-ချက် ပစ်ဖောက်လိုက်သော်လည်း ထောင်နဲ့ချီသော လူအုပ်ကြီးကို လူစုမခွဲနိုင်သေးပဲ ရှိနေပြီး အကြမ်းဖက်သမားများမှ မီးရှို့နေပါတယ်။
::
ယခု လက်ရှိအချိန်တွင် ဂန္ဓမာလမ်း (၃)ရပ်ကွက်ရှိ ရခိုင်အိမ် ၂-အိမ်ကြားရှိ ဦးယာစင်း၏ ၀င်းမျက်မှန်ဆိုင် ဖြိုဖျက်နေကြောင်း နောက်ဆုံး သတင်းရရှိပါတယ်။

နောက်ဆက်တွဲသတင်းများ ထပ်မံ ဖော်ပြပါမည်။

RB News::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment