Pages

Sunday, September 29, 2013

အမေရိကန်နှင့် အီရန်သမ္မတတို့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖုန်းဆက်ဆွေးနွေး

Photo: အမေရိကန်နှင့် အီရန်သမ္မတတို့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖုန်းဆက်ဆွေးနွေး
Sunday, September 29, 2013

အမေရိကန် သမ္မတဘားရက် အိုဘားမားနှင့် အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီတို့ သောကြာနေ့တွင် ဖုန်းဆက် စကားပြောခဲ့ကြပြီး ယင်းကဲ့သို့ နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်နှစ်ဦး တိုက်ရိုက် စကားပြောဆိုမှုသည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အီရန်နှင့် အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပြောင်းလဲလာခြင်းကြောင့် ယခုကဲ့သို့သော တိုက်ရိုက် ဖုန်းခေါ်စကားပြောမှုများ ပေါ်ပေါက် လာခြင်း ဖြစ်ပြီး နှစ်နိုင်ငံကြား သံတမန် အဆက်အသွယ် မရှိသည်မှာ ၁၉၇၉ ခုနစ် အီရန်တော်လှန်ရေးအပြီး ကတည်းက ဖြစ်သည်။

အမေရိကန် သမ္မတအိုဘားမားက အီရန်နှင့် တိုက်ရိုက်ထိတွေ့ဆက်သွယ် လိုကြောင်း အစဉ်တစိုက် ပြောကြားခဲ့ပြီး အီရန် နျူကလီးယား အစီအစဉ် ရပ်ဆိုင်းနိုင်ရေးအတွက် သံတမန်ရေး နည်းလမ်းများ အပြင် စစ်ရေးအရအရေး ယူတိုက်ခိုက်ရေး နည်းလမ်းများကိုလည်း ပစ်ပယ်မည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း အသိပေးထားသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ပြီး အီရန်နိုင်ငံသို့ ပြန်လည် ထွက်ခွာရန် လေဆိပ်သို့ ဦးတည် ထွက်ခွာလာချိန်တွင် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ ကြောင်း သမ္မတရိုဟာနီ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

အီရန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် သဘောတူစာချုပ် ချုပ်ဆိုင် နိုင်ရေး လျင်မြန်စွာအကောင်အထည် ဖော်ရန် သမ္မတရိုဟာနီက ၎င်းင်း၏အဖွဲ့ ကို ညွှန်ကြားခဲ့ကြောင်း အမေရိကန်သမ္မတ အိုဘားမားက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ရှေ့ဆက်တိုးနိုင်ရေးမှာ အခက်အခဲတွေ ရှိနေမှာ သေချာနေပါတယ်။ အောင်မြင်မှု ရရှိဖို့အတွက် အာမခံချက် မရှိပေမယ့်လည်း သဘောတူညီချက်တွေ ရရှိနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု အိုဘားမားက ပြောကြားသည်။

အမေရိကန်နှင့် အီရန် ခေါင်းဆောင်နှစ်ဦး လူချင်းတွေ့ရန် သမ္မတအိုဘားမားက မျှော်လင့်ခဲ့သော်လည်း တိုက်ရိုက် တွေ့ဆုံခြင်းဖြင့် အီရန်နိုင်ငံတွင်းရှိ သဘောထား တင်းမာသူများ၏ ဖိအားပေးမှုများ ရင်ဆိုင်နိုင်ခြင်းကြောင့် လူချင်းတိုက်ရိုက် မတွေ့ရန် အီရန်အစိုးရ အရာရှိများက ဆုံးဖြတ်ခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးလုံးက နျူကလီးယားအရေး တင်းမာမှုများကို လျင်မြန်စွာ ဖြေရှင်း လိုနေကြကြောင်း သမ္မတရိုဟာနီက တယ်လီဖုန်း ပြောကြားပြီးနောက် ထုတ်ပြန်လိုက်သည်။

ယင်းကဲ့သို့သော သမိုင်းဝင်တိုက်ရိုက် ဆက်သွယ်ပြောကြားမှုများ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် အီရန်နှင့် အမေရိကန် ပြည်ထောင်စုကြား တင်းမာမှုများ လျော့ပါးလာပြီး ကမ္ဘာ့ရေနံ ဈေးနှုန်းများ သောကြာ နေ့မှစ၍ ကျဆင်းသွားခဲ့သည်။

သို့သော်လည်း ယင်းကဲ့သို့သော သမိုင်းဝင် တယ်လီဖုန်း ဆက်သွယ် ပြောကြားမှုကို အီရန်ရှိ သဘောထား တင်းမာသူများ၏ Rajanews ကဲ့သို့သော ဝက်ဘ်ဆိုက်များက ထူးဆန်းပြီး အသုံးမဝင်သည့် လုပ်ရပ်များ ဖြစ်သည်ဟု ဝေဖန်လိုက်သည်။

ထို့အပြင် အီရန်သမ္မတ ရိုဟာနီမှာ အာဏာအနည်းငယ်သာရှိသည့် အစိုးရအဖွဲ့ အကြီးအကဲဖြစ်ပြီး အီရန် ပြည်တွင်းရေးနှင့် နိုင်ငံခြားရေး မူဝါဒများကို ထိပ်တန်း ခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီကသာ အဆုံးအဖြတ်ပေးခြင်း ဖြစ်သော်လည်း နျူကလီးယားအရေး စေ့စပ်ဆွေးနွေးရာတွင်မှု သမ္မတရိုဟာနီကို အာဏာ အပြည့်အဝ ပေးထားကြောင်း အီရန်ခေါင်း ဆောင်ခါမေနီက ပြောကြားထားသည်။

အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားခြင်းကြောင့် နိုင်ငံတွင်း စီးပွားရေး ကျပ်တည်းမှုများ ဖြစ်ပေါ်ပြီး ပြည်သူများကြား မကျေနပ်ချက်များ တိုးပွားလျက် ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေစဉ်အတွင်း အီရန်သမ္မတ ရိုဟာနီက နှစ်လိုဖွယ်ကောင်းသော သံတမန်ရေးရာ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အနောက်နိုင်ငံများနှင့် ပုံမုန်ဆက်ဆံရေး ထူထောင်လိုကြောင်း၊ နျူကလီးယား လက်နက်များကို အလိုမရှိကြောင်း ရှင်းလင်းပြောကြားပြီး အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးပါဟု တိုက်တွန်းခဲ့သည်။

The Voice Weekly

RangonNewsDaily:: September 29, 2013

အမေရိကန် သမ္မတဘားရက် အိုဘားမားနှင့် အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီတို့ သောကြာနေ့တွင် ဖုန်းဆက် စကားပြောခဲ့ကြပြီး ယင်းကဲ့သို့ နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်နှစ်ဦး တိုက်ရိုက် စကားပြောဆိုမှုသည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ အီရန်နှင့် အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပြောင်းလဲလာခြင်းကြောင့် ယခုကဲ့သို့သော တိုက်ရိုက် ဖုန်းခေါ်စကားပြောမှုများ ပေါ်ပေါက် လာခြင်း ဖြစ်ပြီး နှစ်နိုင်ငံကြား သံတမန် အဆက်အသွယ် မရှိသည်မှာ ၁၉၇၉ ခုနစ် အီရန်တော်လှန်ရေးအပြီး ကတည်းက ဖြစ်သည်။

အမေရိကန် သမ္မတအိုဘားမားက အီရန်နှင့် တိုက်ရိုက်ထိတွေ့ဆက်သွယ် လိုကြောင်း အစဉ်တစိုက် ပြောကြားခဲ့ပြီး အီရန် နျူကလီးယား အစီအစဉ် ရပ်ဆိုင်းနိုင်ရေးအတွက် သံတမန်ရေး နည်းလမ်းများ အပြင် စစ်ရေးအရအရေး ယူတိုက်ခိုက်ရေး နည်းလမ်းများကိုလည်း ပစ်ပယ်မည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း အသိပေးထားသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ပြီး အီရန်နိုင်ငံသို့ ပြန်လည် ထွက်ခွာရန် လေဆိပ်သို့ ဦးတည် ထွက်ခွာလာချိန်တွင် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ ကြောင်း သမ္မတရိုဟာနီ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

အီရန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် သဘောတူစာချုပ် ချုပ်ဆိုင် နိုင်ရေး လျင်မြန်စွာအကောင်အထည် ဖော်ရန် သမ္မတရိုဟာနီက ၎င်းင်း၏အဖွဲ့ ကို ညွှန်ကြားခဲ့ကြောင်း အမေရိကန်သမ္မတ အိုဘားမားက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ရှေ့ဆက်တိုးနိုင်ရေးမှာ အခက်အခဲတွေ ရှိနေမှာ သေချာနေပါတယ်။ အောင်မြင်မှု ရရှိဖို့အတွက် အာမခံချက် မရှိပေမယ့်လည်း သဘောတူညီချက်တွေ ရရှိနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု အိုဘားမားက ပြောကြားသည်။

အမေရိကန်နှင့် အီရန် ခေါင်းဆောင်နှစ်ဦး လူချင်းတွေ့ရန် သမ္မတအိုဘားမားက မျှော်လင့်ခဲ့သော်လည်း တိုက်ရိုက် တွေ့ဆုံခြင်းဖြင့် အီရန်နိုင်ငံတွင်းရှိ သဘောထား တင်းမာသူများ၏ ဖိအားပေးမှုများ ရင်ဆိုင်နိုင်ခြင်းကြောင့် လူချင်းတိုက်ရိုက် မတွေ့ရန် အီရန်အစိုးရ အရာရှိများက ဆုံးဖြတ်ခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးလုံးက နျူကလီးယားအရေး တင်းမာမှုများကို လျင်မြန်စွာ ဖြေရှင်း လိုနေကြကြောင်း သမ္မတရိုဟာနီက တယ်လီဖုန်း ပြောကြားပြီးနောက် ထုတ်ပြန်လိုက်သည်။

ယင်းကဲ့သို့သော သမိုင်းဝင်တိုက်ရိုက် ဆက်သွယ်ပြောကြားမှုများ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် အီရန်နှင့် အမေရိကန် ပြည်ထောင်စုကြား တင်းမာမှုများ လျော့ပါးလာပြီး ကမ္ဘာ့ရေနံ ဈေးနှုန်းများ သောကြာ နေ့မှစ၍ ကျဆင်းသွားခဲ့သည်။

သို့သော်လည်း ယင်းကဲ့သို့သော သမိုင်းဝင် တယ်လီဖုန်း ဆက်သွယ် ပြောကြားမှုကို အီရန်ရှိ သဘောထား တင်းမာသူများ၏ Rajanews ကဲ့သို့သော ဝက်ဘ်ဆိုက်များက ထူးဆန်းပြီး အသုံးမဝင်သည့် လုပ်ရပ်များ ဖြစ်သည်ဟု ဝေဖန်လိုက်သည်။

ထို့အပြင် အီရန်သမ္မတ ရိုဟာနီမှာ အာဏာအနည်းငယ်သာရှိသည့် အစိုးရအဖွဲ့ အကြီးအကဲဖြစ်ပြီး အီရန် ပြည်တွင်းရေးနှင့် နိုင်ငံခြားရေး မူဝါဒများကို ထိပ်တန်း ခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီကသာ အဆုံးအဖြတ်ပေးခြင်း ဖြစ်သော်လည်း နျူကလီးယားအရေး စေ့စပ်ဆွေးနွေးရာတွင်မှု သမ္မတရိုဟာနီကို အာဏာ အပြည့်အဝ ပေးထားကြောင်း အီရန်ခေါင်း ဆောင်ခါမေနီက ပြောကြားထားသည်။

အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားခြင်းကြောင့် နိုင်ငံတွင်း စီးပွားရေး ကျပ်တည်းမှုများ ဖြစ်ပေါ်ပြီး ပြည်သူများကြား မကျေနပ်ချက်များ တိုးပွားလျက် ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေစဉ်အတွင်း အီရန်သမ္မတ ရိုဟာနီက နှစ်လိုဖွယ်ကောင်းသော သံတမန်ရေးရာ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အနောက်နိုင်ငံများနှင့် ပုံမုန်ဆက်ဆံရေး ထူထောင်လိုကြောင်း၊ နျူကလီးယား လက်နက်များကို အလိုမရှိကြောင်း ရှင်းလင်းပြောကြားပြီး အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးပါဟု တိုက်တွန်းခဲ့သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment