Pages

Saturday, March 30, 2013

ပဲခူးတိုင်းတွင်း ဆူပူအကြမ်းဖက်အပေါ် ရဲပစ်ခတ်နှိမ်နှင်း

ပဲခူးတိုင်းတွင်း ဆူပူအကြမ်းဖက်အပေါ် ရဲပစ်ခတ်နှိမ်နှင်း 

29 March 2013 | By Popular News

ပဲခူးတိုင်းတွင်း ဆူပူအကြမ်းဖက်အပေါ် ရဲပစ်ခတ်နှိမ်နှင်းယခုရက် ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်း ဒေသကြီးတွင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု များအပေါ် ရဲ၏ ပစ်ခတ် နှိမ်နှင်း မှုကြောင့် စုစုပေါင်း ၂၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးက အတည်ပြုပြောကြားသည်။ အုပ်စုဖွဲ့၍ ဆူပူ အကြမ်းဖက်မှု ပြုလုပ်ခဲ့သည့် အတွက် ရဲက ရာဘာ ကျည်ဖြင့် ပစ်ခတ် နှိမ်နင်း ခြင်းကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပြီး အသက် အန္တရာယ် စိုးရိမ်စရာ မရှိဟု တိုင်းဒေသကြီး ရဲမှူးကြီးက ပြောသည်။ ထိခိုက် ဒဏ်ရာ ရရှိသူ များမှာ မင်းလှမှ ၅ ဦး ၊ အုတ်ဖိုမှ ၆ ဦး ၊ နတ်တလင်းတွင် ၆ ဦး ၊ ဇီးကုန်းတွင် ၃ ဦး ၊ ပုတီးကုန်း တွင် ၆ ဦး ဖြစ်သည်ဟု ၄င်းကဆိုသည်။ လက်ရှိတွင် ပဲခူးတိုင်း ဒေသကြီး အခြေအနေမှာ တည်ငြိမ်အေး ချမ်းမှုရှိအောင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားနိုင်ပြီ ဖြစ်ကြောင်း ရဲမှူးကြီး ဦးမြ၀င်းက ထပ်လောင်း ဆိုသည်။ မတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွား ခဲ့သည့် ပဲခူးဆူပူ အကြမ်းဖက် မှုကြောင့် သာယာဝတီ ခရိုင်အတွင်းက မင်းလှ ၊အုတ်ဖို၊ ဇီးကုန်း ၊ကြို့ပင်ကောက် ၊နတ်တလင်းမြို့များအား ပုဒ်မ ၁၄၄ ၊ သာယာဝတီ ၊လက်ပံတန်းနှင့် မိုးညိုတို့ကို ပုဒ်မ ၁၈၈ အား အသီးသီး ထုတ်ပြန် ခဲ့သည်။

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>ဂျာနယ်စုံ<< Thank

ပဲခူးတိုင်းတွင်းဆူပူအကြမ်းဖက်အပေါ်ရဲပစ်ခတ်နှိမ်နှင်းယခုရက်ပိုင်းအတွင်းဖစ်ပွားခဲ့သည့် ပဲခူးတိုင်း ဒေသ
ကြီးတွင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု များအပေါ် ရဲ၏ ပစ်ခတ် နှိမ်နှင်း မှုကြောင့် စုစုပေါင်း ၂၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးက အတည်ပြုပြောကြားသည်။
အုပ်စုဖွဲ့၍ ဆူပူ အကြမ်းဖက်မှု ပြုလုပ်ခဲ့သည့် အတွက် ရဲက ရာဘာ ကျည်ဖြင့် ပစ်ခတ် နှိမ်နင်း ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး အသက် အန္တရာယ် စိုးရိမ်စရာ မရှိဟု တိုင်းဒေသကြီး ရဲမှူးကြီးက ပြောသည်။ ထိခိုက် ဒဏ်ရာ ရရှိသူ များမှာ မင်းလှမှ ၅ ဦး ၊ အုတ်ဖိုမှ ၆ ဦး ၊ နတ်တလင်းတွင် ၆ ဦး ၊ ဇီးကုန်းတွင် ၃ ဦး ၊ ပုတီးကုန်း တွင် ၆ ဦး ဖြစ်သည်ဟု ၄င်းကဆိုသည်။ 
 
လက်ရှိတွင် ပဲခူးတိုင်း ဒေသကြီး အခြေအနေမှာ တည်ငြိမ်အေး ချမ်းမှုရှိအောင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားနိုင်ပြီ ဖြစ်ကြောင်း ရဲမှူးကြီး ဦးမြ၀င်းက ထပ်လောင်း ဆိုသည်။ 
 
မတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွား ခဲ့သည့် ပဲခူးဆူပူ အကြမ်းဖက် မှုကြောင့် သာယာဝတီ ခရိုင်အတွင်းက မင်းလှ၊အုတ်ဖို၊ဇီးကုန်း ၊ကြို့ပင်ကောက် ၊နတ်တလင်းမြို့များအား ပုဒ်မ ၁၄၄ ၊ သာယာဝတီ ၊လက်ပံတန်းနှင့် မိုးညိုတို့ကို ပုဒ်မ ၁၈၈ အား အသီးသီး ထုတ်ပြန် ခဲ့သည်။
 
Rangonnewsdaily
Kolatt(PBDN):30.3.2013

0 comments:

Post a Comment