Pages

Saturday, March 30, 2013

မွေးမွေးချင်း ၁၅ ပေါင်ခွဲ ရှိတဲ့ ယူကေနိုင်ငံက လူထွားလေး

ယူကေနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်း ခြောက်ပတ်က မွေးဖွားခဲ့တဲ့ ဂျော့ ကင်း ဆိုတဲ့ ကလေးလေးဟာ မွေးမွေးချင်း ၁၅ ပေါင်ခွဲ ရှိတဲ့ လူထွားကလေး ဖြစ်ပါတယ်။

ဘာကြောင့် ဒီလောက် ထွားပြီး မွေးဖွားလာရသလဲ ဆိုတာကိုတော့ ဆရာဝန်တွေက အကြောင်း ရှာတုန်း ဖြစ်ပါတယ်။ ဂျော့ရဲ့ ဖခင် ရိုင်ယန်က မွေးတုန်းက ကိုးပေါင်သာသာ၊ မိခင် ဂျိတ်က မွေးတုန်းက ခြောက်ပေါင်သာသာပဲ ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလောက်တောင် ထွားကျိုင်းလွန်းလှတာမို့ ကလေးကို တော်တော် ခက်ခက်ခဲခဲ မွေးဖွားခဲ့ရပြီး ဂျော့ကလေးကိုယ်တိုင် ငါးမိနစ်လောက် အောက်စီဂျင်မဲ့ပြီး နေခဲ့ရပါသေးတယ်။ ဒါကြောင့် အသက် ရှင်လမ်းက ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တဲ့အထိ ဖြစ်သွားပါသေးတယ်။

ဒါပေမဲ့ လူကံကောင်းလေး လူထွားကလေးဟာ အခုတော့ ရှင်သန်ခဲ့ပါပြီ၊ မိခင်ဖြစ်သူက သားလေးကို ၀တ်ဆင်ပေးဖို့ မမွေးခင် ကြိုတင်ဝယ်ထားတဲ့ အ၀တ်အစားလေးတွေက ဘယ်လိုမှ မတော်တဲ့အတွက် နှစ်ဆကြီးတဲ့ အ၀တ်အစားတွေ ထပ်မံဝယ်ယူပြီး ၀တ်ဆင်ပေးခဲ့ရပါတယ်။

BBC (Burmese), Rangonnewsdaily
Kolatt(PBDN):30.3.2013 

0 comments:

Post a Comment